၂၀၂၀ နှစ်လယ်ပိုင်းမှာ မြင်ရတော့မယ့် 7nm RTX 3000 စီးရီး Graphics Card များ
Nvidia အနေနဲ့ Graphics Card အသစ် မိတ်ဆက်တာ မဆန်းပေမယ့် (၂၀၁၉ နှစ်လယ်ပိုင်းကတည်းက) AMD နဲ့ အကြိတ်နယ် ဖိုက်လာတဲ့ ဖိအားကြီးက 7nm မျိုးဆက်ကို Unlock လုပ်ဖို့ အုန်းမောင်းခေါက်လိုက်သလိုပါပဲ။
အတည်ပြုချက်အရ ၂၀၂၀ မတ်လထဲမှာ ပြုလုပ်သွားမယ့် Nvidia ဂရပ်ဖစ်နည်းပညာ ပြပွဲကြီး GTC 2020 (Nvidia’s GPU Technology Conference) မှာ Ampere မျိုးဆက်ကို ကြေညာသွားတော့မှာ ဖြစ်ပါတယ်။

အစဥ်လာအရ GTC Conference မှာ GTX နဲ့ Quadro စီးရီးလို Consumer Graphics ကတ်တွေကို မိတ်ဆက်မှာ မဟုတ်ပါဘူး။ Ampere ဟာ 7nm ပေါ် အခြေခံထားမှာဖြစ်ပြီး AI ၊ HPC နဲ့ Data Centre တွေမှာ အသုံးပြုလာမယ့် GPU နည်းပညာကိုသာ ချပြမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း Radeon 5700XT ကတ်မျိုးက RTX 2070 လောက်ကို Performance ကောင်းနေတဲ့အတွက် Price to Performance စဥ်းစားရင် Radeon ကိုပဲ ရွေးကြမှာပါ။

ပိုပြီးတော့ Powerful ဖြစ်တဲ့ Super ကတ်တွေ Nvidia ထုတ်ရသလို AMD နဲ့ကစားရတဲ့ပွဲမှာ Turing မျိုးဆက်နဲ့ ဘောင်ကျဥ်းလာတယ် ထင်ပါတယ်။
Ray Tracing ဆိုတာကလည်း အခုချိန်မှာ 3rd Party Developer တွေတောင် ချပြထားပါပြီ။ Nvidia အနေနဲ့ နည်းပညာ Pioneer လုပ်ခဲ့ပေမယ့် CryTek ပြသခဲ့တဲ့ Neon Noir Demo မှာ Radeon ကတ်တွေနဲ့ Ray Trace Effect တွေကို ဖော်ပြနိုင်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် Software Based နဲ့ Hardware Based စကားပြောတဲ့အတွက် RTX ကတ်တွေလာက်တော့ Advantage ရမှာ မဟုတ်ပါဘူး။ AMD ကိုယ်တိုင်ကလည်း RDNA 2.0 GPU မှာ Ray Tracing ထည့်လာတော့မယ်ဆိုတော့ Super ကတ်တွေလည်း အလုပ်မဖြစ်တော့ပါဘူး။
အဲ့ဒါကြောင့် Nvidia ကြီးစိုးတဲ့ ပွဲတစ်ပွဲဖြစ်တဲ့ Computex 2020 မှာ RTX 3000 စီးရီးတွေ မိတ်ဆက်လာမယ်လို့ ကျွမ်းကျင်သူ Chris Caso of Raymond James ပြောဆိုလိုက်ပါတယ်။
RTX 3070 - 12GB
RTX 3080 - 12GB
RTX 3080 Ti - 16GB
ဒါကတော့ ပေါက်ကြားလာတဲ့ အချက်လက်ပဲဖြစ်ပြီး RTX 3000 စီးရီးကတ်တွေဟာ VRAM ပိုများလာပြီးတော့ Ray Tracing Tech 2.0 နည်းပညာပါလာမယ်လို့ သိရပါတယ်။

RTX 2000 စီးရီးမိတ်ဆက်တဲ့အချိန်တုန်းက ရောင်းစျေးများခဲ့သလို AMD ရဲ့ Radeon 5000 စီးရီးတွေ ထွက်လာတဲ့အချိန်မှသာ Super ကတ်တွေ ကမန်းကတန်းထုတ်ပြီး စျေးကွက်လုခဲ့ရတာပါ။ ဒီတစ်ခါမှာတော့ ကံကောင်းထောက်မစွာနဲ့ RTX 3000 စီးရီးကတ်တွေကို ပိုသက်သာတဲ့ စျေးနဲ့ရောင်းချသွားနိုင်ပါတယ်။
ဘာလို့လဲဆိုတော့ RDNA နည်းပညာ အသုံးပြုထားတဲ့ Radeon 5700XT မှာ Performance အရမ်းကောင်းလာတာကို ကြည့်တာနဲ့ ခန့်မှန်းနိုင်ပါတယ်။ လက်ရှိအချိန်မှာလည်း RDNA 2.0 GPU ကို Nvidia Killer ကတ်လို့ ရည်ညွန်းထားလို့ ၂၀၂၀ မှာ AMD နဲ့ Nvidia ဘယ်သူ့ကို ရွေးမလဲ?
အကောင်းဆုံး အကြံပေးလိုတာကတော့ အခုချိန်မှာ ဘာ Graphics Card မှ မဝယ်သေးဘဲ သိသိသာသာကို Performance ခုန်တက်လာမယ့် မျိုးဆက်သစ် GPU ထွက်တဲ့အချိန်ထိ စောင့်ဆိုင်းစေချင်ပါတယ်။