iPhone သုံးပြီး Manga ဆွဲသူတွေအတွက် သတင်းကောင်း

Clip Studio Paint ဆိုတာ Professional Manga Artist တွေသုံးတဲ့ Software တစ်ခုပါ။အရင်တုန်းက ဒီ Software ကို Desktop နဲ့ iPad တွေမှာပဲ သုံးလို့ရခဲ့ပေမယ့် ခုတော့ iPhone အတွက်ပါ ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။iPad အတွက်ထုတ်ခဲ့တုန်းက အဆင်မပြေမှုတွေ ရှိခဲ့ပေမယ့် iPhone မှာတော့ သုံးလို့ပိုကောင်းအောင် ပြုလုပ်ထားပါတယ်။ခုအသစ်ထွက်လာတဲ့ Software မှာ Cloud Integration လို့ခေါ်တဲ့ နည်းပညာကိုအသစ်ထည့်သွင်းလိုက်တာကြောင့် Software ထဲမှာ ကိုယ်လုပ်လိုက်သမျှကို Cloud ပေါ်မှာ Auto Save သွားမှာပါ။ဝမ်းနည်းစရာတစ်ခုက Android သမားတွေအတွက်တော့ မရနိုင်သေးပါဘူး။

Pros(အားသာချက်)

Clip Studio Paint Software ကိုတီထွင်သူ Celsys က “အရင်ထုတ်ထားတဲ့ Desktop Version Software တွေအတွက်ထည့်ပေးထားတဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို iPhone Version မှာသုံးလို့ရအောင် လုပ်ပေးထားပါတယ်။ဖုန်းနဲ့မို့လို့ လုပ်ဆောင်ချက် လျော့သွားတယ် မရှိပါဘူး” လို့ပြောကြားခဲ့ပါတယ်။

Cons(အားနည်းချက်)

Clip Studio Paint ခုလိုထွက်လာတာဟာ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Photoshop iPad Version အတွက် အဓိကပြိုင်ဖက် ဖြစ်လာမှာပါ။ဒါ့အပြင် Desktop လို Screen Size အကြီးကြီးနဲ့စာရင် ခုလို iPhone လို Screen အသေးလေးပေါ်မှာ သုံးရတာ သိပ်အဆင်မပြေဘူးလို့ အသုံးပြုသူတစ်ချို့က မှတ်ချက်ပေးနေကြပါတယ်။တစ်ချို့ Feature တွေအနေနဲ့လည်း Develop လုပ်ဖို့ လိုနေသေးတယ်လို့ မှတ်ချက်ပေးတာတွေ ရှိနေပါတယ်။သတိမူရမယ့်တစ်ချက်က ပုံတွေအသေးစိတ်ဆွဲဖို့ဆိုရင် Apple Pencil က iPhone ပေါ်မှာအလုပ်မလုပ်ပါဘူး။ဒီတော့ iPhone မှာ ဒီ Software ကိုသုံးပြီး Manga ဆွဲမယ်ဆိုရင် လက်သုံးရင်သုံး မဟုတ်ရင် iPhone နဲ့တွဲသုံးနိုင်မယ့် Pen တစ်ခုလိုမှာပါ။

Price(ဈေးနှုန်း)

ဒီ Software ကိုအခမဲ့ Download ရယူနိုင်မှာဖြစ်ပြီး Pro Version အတွက် (၁)လကို  $0.99 ၊ Ex Version အတွက် (၁)လကို $2.49 ကျသင့်မှာဖြစ်ပါတယ်။Free Version ကိုသုံးမယ်ဆိုရင် နေ့စဉ်တစ်ရက်ကို (၁)နာရီသာ သုံးနိုင်မှာပါ။

လောလောဆယ်မှာတော့ Adobe Photoshop သုံးရတာအဆင်မပြေဖြစ်နေတဲ့ သူတွေအတွက် Clip Studio Paint ကရွေးချယ်စရာတစ်ခု ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : www.theverge.com

Previous
Previous

၂၀၂၀ နှစ်ကုန်မှာ လူတိုင်း 5G ဖုန်းတွေသုံးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ OPPO ရဲ့ ဒုဥက္ကဌ ပြော

Next
Next

5G နဲ့ 25W Fast Charging ပါဝင်လာပြီး Curved Screen နဲ့ မြင်ရဖို့ရှိတဲ့ Galaxy S11e