Pixel 3 နဲ့ 3a မှာ Recorder App နဲ့ Live Caption သုံးလို့ရပြီ
လွန်ခဲ့တဲ့ နှစ်လလောက်က ကြေညာထားခဲ့ဖူးတဲ့ Pixel 3 ဆီရောက်လာတော့မယ့် Pixel 4 ရဲ့ Features များထဲကမှ တစ်ခုဖြစ်တဲ့ Google ရဲ့ Recorder App ကို Pixel 3 နဲ့ Pixel 3a တွေမှာ စသုံးလို့ရပြီဖြစ်ပါတယ်။
Google ရဲ့ Recorder App ဟာ တခြား Recorder App တွေနဲ့ ဘာများကွာလို့ ဒီလောက်ပြောနေရတာလဲဆိုရင် Google Recorder App မှာ ကိုယ်ပြောတဲ့အသံတွေ စကားတွေကို စကားလုံးအနေနဲ့ ပြန်ဆိုပေးနိုင်လို့ဖြစ်ပါတယ်။ ဒါကို Live Transcribe လို့ခေါ်ပါတယ်။ တခြား App တွေမှာရော ဒီလိုလုပ်လို့ရတာပဲလို့ပြောစရာရှိပါတယ်။ တစ်ခုမတူတာက အဲ့လို Audio Transcribe App တွေက ပိုက်ဆံပေးရတတ်ပါတယ်။ ပြီးရင် အင်တာနက် လိုပါတယ်။ Google Recorder App ကတော့ ပိုက်ဆံလည်းပေးစရာမလိုသလို အင်တာနက် ရှိစရာလည်း မလိုပါဘူး။

နောက် Feature တစ်ခုကတော့ Live Caption ပဲဖြစ်ပါတယ်။ ဒီ Feature ဆိုရင်လည်း ကိုယ်ကြည့်နေတဲ့ Video၊ နားထောင်နေတဲ့ Podcast ကနေ အသံကိုနားထောင်ပြီး ချက်ချင်း စာတန်းထိုးအနေနဲ့ ဖော်ပြနိုင်မှာဖြစ်ပါတယ်။ ဒီ Feature ဟာလည်း အင်တာနက်ရှိစရာမလိုတဲ့အတွက်ကြောင့် အသုံးဝင်တယ်လို့ ဆိုနိုင်ပါတယ်။ Live Caption Feature ကိုစတင် ဖြန့်ချိနေပြီဖြစ်တယ်လို့ Google ကဆိုထားပြီး မကြာခင် အသုံးပြုနိုင်ဖို့ မျှော်လင့်ပါတယ်။
ဒီ Feature တွေဟာ Pixel Exclusive ဖြစ်တဲ့အပြင် ခုချိန်မှာတော့ တရားဝင်ကြေညာထားတာဟာ Pixel 3 Series အထိပဲ ရသေးတယ်လို့ဆိုပါတယ်။ ဒီ Update ကိုရဖို့အတွက် Android ရဲ့ December Patch ကနေတစ်ဆင့် ပါဝင်လာမယ်လို့လည်း ဆိုထားပါတယ်။
Pixel 3 ဖုန်းတွေအနေနဲ့ Google ရဲ့ Recorder App ကို ဒီ Link ကနေဒေါင်းလုတ်ဆွဲနိုင်ပါတယ်။
Ref: Engadget၊ Droid-Life