5G နဲ့ 25W Fast Charging ပါဝင်လာပြီး Curved Screen နဲ့ မြင်ရဖို့ရှိတဲ့ Galaxy S11e
Samsung အနေနဲ့ ၂၀၂၀ ဖေဖော်ဝါရီလထဲမှာ Galaxy S11 စီးရီး မိတ်ဆက်သွားဖို့ရှိပါတယ်။ ကုမ္ပဏီရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ထွက်မလာခင်မှာလည်း ရှေ့ပြေးမော်ဒယ်လို့ ပြောနိုင်တဲ့ Galaxy A51 ၊ A71 တို့ မြင်ရဦးမှာ ဖြစ်ပါတယ်။
ဒီ A စီးရီး မော်ဒယ်အသစ်တွေဟာ Galaxy Note10 လို Infinity-O Display နဲ့ ကြွရွလှပစွာ ထွက်ရှိလာမှာဖြစ်တဲ့အတွက် ဒီဇိုင်အားဖြင့် ပိုဆွဲဆောင်မှု ရှိလာမှာ ဖြစ်ပါတယ်။ ဒုတိယ ပြောင်းလဲသွားမှာကတော့ ကင်မရာပိုင်းပဲ ဖြစ်ပြီး အသေးစိတ်ကိုတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့ကျရင် သိရမှာပါ။
အခု S11e မှာဆိုရင်လည်း Note10 တုန်းကလို Infinity-O Display နဲ့ မြင်ရဦးမှာ ဖြစ်ပါတယ်။ ကွာခြားသွားမယ့်အချက်ကတော့ S10e တုန်းကလို Flat Display မဟုတ်တော့ဘဲ Curved Edge Display နဲ့ မြင်ရဦးမှာပါ။
ဒါကြောင့် S11e မှာတောင် Premium Feature သုံးလာပြီလို့ သုံးသပ်ရပြီး ပေါက်ကြားလာတဲ့ သတင်းအရ 5G လည်း ပါလာဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၉ ဧပြီလထဲမှာ ထွက်ရှိခဲ့တဲ့ Galaxy S10 5G ကြောင်ပျောက်သွားသလိုတောင် ဖြစ်သွားပြီလားလို့ မေးခွန်းထုတ်မိမယ် ထင်ပါတယ်။

ဒါပေမယ့် S11e နည်းပညာဟာ S10 5G နဲ့ မတူပါဘူး။ တဆက်ထဲ သိလိုက်ရတာက 25W Fast Charging လည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် 5G လည်း ထောက်ပံ့ထားမယ်ဆိုရင် Battery ပမာဏလည်း S10e ထက် ပိုများလာမယ်လို့ သုံးသပ်ရပါတယ်။
3C Certification မှာ ပေါက်ကြားလာတဲ့သတင်းအရ S11e Code Name ဟာ SM-G9810 ဖြစ်ပြီးတော့ Affordable “e” စီးရီးမှာတော့ ဒေါင်လိုက်ပုံစံ Triple Camera နဲ့ ပွဲထွက်လာမယ်လို့ သတင်းထွက်နေပါတယ်။
Source: Indiashopps