Camera Bump ကြီးထဲက 108MP Sensor အပြင် ပိုကြီးတဲ့ Battery Capacity ပါဖို့သေချာလာတဲ့ Samsung Galaxy S11

Samsung Galaxy S11 ထွက်ဖို့နီးလာလေလေ သူနဲ့ ပတ်သက်တဲ့ ပေါက်ကြားမှုတွေ ကောလဟာလတွေဟာ တစ်နေ့တစ်ခြား များလာပါပြီ။ စစချင်းတုန်းကတော့ Galaxy S11 မှာ ကင်မရာကောင်းလာမယ်ဆိုတဲ့ ပေါက်ကြားချက်၊ ပြီးတော့ သုံးရတာပိုချောမွေ့တဲ့ Display ကိုသုံးလာမယ် ဆိုတဲ့ ပေါက်ကြားချက်၊ နောက်ဆုံး ဒီဇိုင်းနဲ့ပတ်သက်တဲ့ပေါက်ကြားချက် စသဖြင့် အမျိုးမျိုးကိုဖော်ပြခဲ့ပြီးပါပြီ။

ဒီတစ်ခေါက်တော့ ပထမဆုံးပေါက်ကြားချက်ဖြစ်တဲ့ ကင်မရာပိုင်းမှာ 108MP ရှိ Camera Sensor သုံးမယ်ဆိုတာကို ပိုသေချာအောင်အတည်ပြုပေးတဲ့ ပေါက်ကြားချက်နောက်တစ်ခုဖြစ်ပြီး ကြီးလှစွာတဲ့ Camera Bump ကြီးထဲမှာ တခြား ဘာ Sensor တွေရှိလာမလဲ ဆိုတဲ့ ပေါက်ကြားချက်ဖြစ်ပါတယ်။

Samsung ဟာ ၂၀၂၀ မှာ Camera ပိုင်းကို အသားပေးပြီး iPhone ရဲ့ တိုးတက်သွားမှုကို ပြန်လည် ယှဥ်ပြိုင်တော့မှာဖြစ်ပါတယ်။ ဒီ Camera Bump ကြီးမှာ Xiaomi CC3 Pro တုန်းကလိုပဲ 108MP ရှိတဲ့ ISOCELL Sensor ကိုသုံးမှာဖြစ်တဲ့အပြင် နောက်ထပ် Sensor သုံးခုလည်း အပိုထပ်ရှိဦးမှာဖြစ်ပါတယ်။

တစ်ခုကတော့ Ultrawide Angle အတွက် Lens ဖြစ်ပြီး နောက်တစ်ခုကတော့ 5ဆအထိ Optical Zoom ဆွဲနိုင်မယ့် Lens ဖြစ်ပါတယ်။ Video အနေနဲ့ 8K အထိရိုက်ကူးနိုင်မယ်လို့လည်း သတင်းထွက်ထားတာရှိပါတယ်။ ဒါ့အပြင် ARတို့၊ Portrait တို့ရိုက်တဲ့အခါမှာ ရုပ်ပုံလွှာ အတိမ်အနက်တွေကို ပိုပြီး ကောင်းကောင်း ချိန်ညှိပေးနိုင်ဖို့အတွက် Time-of-flight Sensor ပါဖို့လည်း ရှိတယ်ဆိုပြီး သိရပါတယ်။

Samsung Galaxy S11 ဟာ ဆန်းသစ်လာမယ့် Camera တွေနဲ့အတူ ပိုပြီးအားခံနိုင်အောင် Battery Capacity တွေပါဖို့သတင်းထွက်ထားတာတွေလည်းရှိပါတယ်။ SamMobile ကတင်ပြထားသလောက်ဆိုရင် S11 ဟာ 5000mAh လောက်ရှိတဲ့ Battery Capacity နဲ့လာနိုင်ခြေရှိပြီး 4000mAh နီးပါးရှိတဲ့ iPhone 11 Pro Max ကို ယှဉ်ဖို့ အားယူနေပုံရပါတယ်။

ဒီအချက်အလက်တွေအားလုံးဟာ အတည်ပြုထားခြင်းမရှိသေးဘဲ ကောလဟာလသာဖြစ်ပြီး အမှန်တကယ်ဟုတ်မဟုတ်ဆိုတာကို 2020 February လလောက်မှာ တွေ့ရမှ ပြောလို့ရမှာဖြစ်ပါတယ်။

Ref: The VergeEngadget

Previous
Previous

Pixel 3 နဲ့ 3a မှာ Recorder App နဲ့ Live Caption သုံးလို့ရပြီ

Next
Next

iPhone SE2 နဲ့ Port-less iPhone တွေကို ၂၀၂၀ နဲ့ ၂၀၂၁ မှာ မြင်ရနိုင်တယ်