iPhone SE2 နဲ့ Port-less iPhone တွေကို ၂၀၂၀ နဲ့ ၂၀၂၁ မှာ မြင်ရနိုင်တယ်

Port-less ဆိုလို့ အထင်မကြီးလိုက်ပါနဲ့ဦး၊ iPhone မှာ ဖြုတ်စရာဆိုလို့ Lightning Port ၁ ပေါက်ပဲ ကျန်ပါတော့တယ်။ Volume Control နဲ့ Power ခလုတ်တွေက ထားပါတော့၊ I/O Port မဟုတ်တဲ့အတွက် ပါဝင်ဦးမှာ ဖြစ်ပါတယ်။

အခုလို Lighting Port ကို Ditch လုပ်မယ်လို့ Ming-Chi Kuo ထုတ်ပြောလိုက်တာဖြစ်ပြီး ၂၀၂၁ iPhone တွေကို Port-less စမတ်ဖုန်း အနေနဲ့ မြင်ရဖို့ ရှိနေပါတယ်။ အများစုက Type-C Connector ပြောင်းသုံးဖို့ မျှော်လင့်ထားပေမယ့် ပါလာနိုင်ချေမရှိတော့ Wireless Charging တမျိုးနဲ့ပဲ သုံးလို့ရလာမယ် ထင်ပါတယ်။

AirPower Mat and IPhone XS Max
Photo: USAToday

ဒါကြောင့် ပိုမိုနှေးကွေးတဲ့ Charging Speed နဲ့ပဲ ၂ ပါးသွားနေရဦးမယ်လို့ သုံးသပ်ရပြီး Kuo ကောက်နှုတ်ချက်အရဆိုရင် 4.7” အရွယ် LCD iPhone SE2 (Single Lens) ဒါမှမဟုတ် OLED SE2 Plus (Dual Lens ၊ 5G) ကိုလည်း ၂၀၂၀ အစောပိုင်းမှာ မြင်တွေ့ရဖို့ရှိနေပါတယ်။

နောက်တစ်ချက်က 5G iPhone ၄ မျိုး ထုတ်ဖို့ ပြင်ဆင်နေတယ်လို့လည်း ခန့်မှန်းထားပြီး OLED Panel ကိုပဲ တပ်ဆင်လာမယ်။ Screen အရွယ်စားအနေနဲ့ 6.1” မော်ဒယ် ၂ မျိုး (Dual Camera Vs. Triple) 6.7” Triple Camera အဖြစ် ထွက်လာနိုင်ပါတယ်။

Rumoured 2020 iPhone Models
Via 9to5Mac

ဒါကြောင့်မလို့ ၂၀၂၀ မှာ iPhone SE2 အပါ စုစုပေါင်း iPhone ၅ မျိုး မြင်ရနိုင်တယ်လို့ ပြောနိုင်ပြီး ထူးခြားလာမှာတွေက ကင်မရာပိုင်းနဲ့ In-house 5G Modem အသုံးပြုလာတာပဲ ဖြစ်ပါတယ်။ ကောလာဟလတွေအရ Sub-6 GHz ဒါမှမဟုတ် mmWave 5G နည်းပညာတွေ ပါဝင်လာနိုင်ပြီး ဒီဇင်ဘာ ၃ ရက်နေ့ Intel Modem လုပ်ငန်းစုကို Apple ဝယ်ယူလိုက်တဲ့အပေါ် ဘယ်လို ပြောင်းလဲလာမလဲဆိုတာက စိတ်ဝင်စားစရာ ကောင်းနေပြီ ဖြစ်ပါတယ်။

Source: TheVerge 9to5Mac

Previous
Previous

Camera Bump ကြီးထဲက 108MP Sensor အပြင် ပိုကြီးတဲ့ Battery Capacity ပါဖို့သေချာလာတဲ့ Samsung Galaxy S11

Next
Next

တရုတ်မှာရောင်းချသွားမယ့် Star Wars Themeနဲ့ Amazfit Smartwatch