တရုတ်မှာရောင်းချသွားမယ့် Star Wars Themeနဲ့ Amazfit Smartwatch
တရုတ်မှာ Star Wars ရုပ်ရှင်နဲ့ ပတ်သတ်ပြီး ကန့်သတ်ချက်တွေရှိပေမယ့် Amazfit အနေနဲ့ကတော့ တရုတ်နိုင်ငံအတွင်း Star Wars ဒီဇိုင်းပုံစံ Amazfit Smartwatch တွေရောင်းသွားမှာပါ။ဒီတော့ Star Wars ရဲ့ Theme Headline ဖြစ်တဲ့ “In a Galaxy far, far away” ဆိုပြီး ဒီဇိုင်းလန်းလန်းတွေ မြင်တွေ့ရဖွယ်ရှိပါတယ်။
Huami အမည်ရတဲ့ Biometric Security နည်းပညာ Company တစ်ခုက Amazfit ကိုပိုင်ဆိုင်ပြီး Xiaomi Mi Band တွေအတွက်လည်း နည်းပညာပိုင်း ထောက်ပံ့ပေးနေတဲ့ Company တစ်ခုပါ။
လောလောဆယ် တရုတ်ပြည်တွင်းအတွက် Amazfit Stratos 3 အမည်ရတဲ့ Smartwatch ကိုမိတ်ဆက်ခဲ့ပြီး Smartwatch ရဲ့ Watch Faces တွေကိုတော့ Star Wars ရဲ့အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ “Darth Vadar”နဲ့”Luke Skywalker” တို့ပါဝင်လာမှာပါ။ “Train you must”,”Vader is my motivator” စတဲ့ နာမည်ကြီး Script တွေထည့်သွင်းထားပါတယ်။

တရုတ်နိုင်ငံလို လူမှုရေး၊ယဉ်ကျေးမှု တင်းကျပ်တဲ့ နိုင်ငံမှာ လူတစ်ချို့က Star Wars လိုမျိုး စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းကို အနောက်နိုင်ငံ ယဉ်ကျေးမှုတွေ ဖြစ်တာကြောင့် မနှစ်မြို့ကြပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် Star Wars ပိုင်ရှင် Disney ကတော့ တရုတ်မှာ ဈေးကွက်ချဲ့ထွင်မှာဖြစ်သလို PUBG ဂိမ်းပိုင်ရှင် Tencent နဲ့ပူးပေါင်းပြီး Star Wars China Version ထုတ်ဖို့လည်း ရှိနေသေးတာကြောင့် နောက်ပိုင်း Star Wars Theme ပစ္စည်းပေါင်းစုံ တရုတ်နိုင်ငံအတွင်းမှာ မြင်တွေ့ရဖွယ်ရှိပါတယ်။
Ref : www.scmp.com