iPhone 11 တွေမှာ Location Service ကိုပိတ်ထားလည်း ပွင့်နေတဲ့ ပြဿနာတွေ့ရှိ

Apple ဟာ Privacy ဆိုတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အကောင်းဆုံးကာကွယ်ပေးတယ်ဆိုပြီး အမြဲနာမည်ရတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်တစ်ခုကတော့ ပြောထားတဲ့အတိုင်း ဖြစ်မနေပါလားဆိုပြီး သံသယဖြစ်စရာဖြစ်နေပါတယ်။

Brian Kerbs လို့ခေါ်တဲ့သူရဲ့ တိုင်ကြားထားပုံအရ Apple ရဲ့ Location Service နဲ့ပက်သက်တဲ့ Privacy Policy အရ Location Service ကိုအချိန်မရွေး ပိတ်နိုင်တယ်လို့ရေးထားတယ်ဆိုပေမဲ့ ပိတ်ထားရင်တောင် ဖုန်းရဲ့ Location Service ကိုသုံးနေသေးတယ်ဆိုတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Kerbs ဟာ ဒီပြဿနာကို iOS 13 နောက်ဆုံး Version တင်ထားတဲ့ iPhone 11 မှာတွေ့ရှိခဲ့တာဖြစ်ပြီး Apple ရဲ့ Discussion Forums တွေမှာလည်း အလားတူ ပြဿနာတွေ တင်ထားတာရှိတာကို တွေ့ခဲ့ရပါတယ်။

Kerbs တင်ထားတဲ့ Video တစ်ခုမှာ Maps, Siri တို့အပြင် Location Services ကနေပြီးတော့ တစ်ခုချင်းစီလိုက်ပိတ်ပြထားပါတယ်။ ပြီးတော့ Control Center သွားပြီး Airplane Mode ကိုဖွင့်ပြီး ပြန်ပိတ်လိုက်တဲ့အခါမှာ အပေါ်ထောင့်က Location Service ကိုသုံးနေတယ်ဆိုတဲ့ အမှတ်အသားလေး ပေါ်လာတာကို တွေ့ခဲ့ရပါတယ်။ ဖွင့်ထားတဲ့ App လည်းမရှိပါဘူး။

[youtube https://www.youtube.com/watch?v=37_3hd_SK24?feature=oembed&w=459&h=344]

ဒီအတိုင်းပဲ iOS 13 တင်ထားတဲ့ iPhone 8 မှာစမ်းကြည့်တော့​ ဒီလိုပြဿနာမဖြစ်တဲ့အတွက်ကြောင့် iPhone 11 မှာပဲဖြစ်နေတဲ့ ပြဿနာလို့ဆိုနိုင်ပါတယ်။ iPhone 11 မှာ အသစ်ပါလာတဲ့ Hardware နဲ့ WiFi 6 ကြောင့်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

တကယ်တော့ Apple ရဲ့ Privacy Policy မှာ Location Service တွေကို ကိုယ်သဘောအရ ပေးလိုသည်ဖြစ်ဖြစ် မပေးလိုသည်ဖြစ်ဖြစ် ပိတ်ထားလို့ရပါတယ် ဆိုပြီးတော့ ဆိုထားတာဖြစ်ပါတယ်။​ ခုဖြစ်နေတဲ့ ပြဿနာဟာ Settings ကနေပိတ်လို့ရမယ့် Swtich မရှိတဲ့ ပုံစံဖြစ်နေတယ်လို့ ဆိုတဲ့အတွက်ကြောင့် Apple ရဲ့ Privacy Policy အတိုင်းမဟုတ်ဘူးဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။

Apple ရဲ့ “What happens on your iPhone, stays on iPhone” ဆိုတာမှန်ပါ့ဦးမလားဆိုတာ သူတို့ဘက်က ဘယ်လိုပြင်ပေးမလဲ၊ ဘယ်လိုထုတ်ပြန်မလဲဆိုတာကို စောင့်ကြည်ရမှာဖြစ်ပါတယ်။

Ref: Gizmodo

Previous
Previous

တရုတ်မှာရောင်းချသွားမယ့် Star Wars Themeနဲ့ Amazfit Smartwatch

Next
Next

အကောင်းဆုံး Selfie Camera နဲ့ထွက်လာတဲ့ Huawei nova 6 Series