အကောင်းဆုံး Selfie Camera နဲ့ထွက်လာတဲ့ Huawei nova 6 Series

Huawei ရဲ့ nova Series ထဲကနေမှ အသစ်ဖြစ်တဲ့ nova 6 Series တွေကိုမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ nova 6 Series မှာ nova 6၊ nova 6 5G နဲ့ nova 6 SE ဆိုပြီးတော့သုံးမျိုးထုတ်လိုက်တာဖြစ်ပါတယ်။ ဒီထဲမှာတော့ nova 6 နဲ့ nova 6 5G ဟာ Flagship ဖြစ်ပြီး nova 6 SE ကတော့ Midrange ဖြစ်ပါတယ်။

nova 6 နဲ့ nova 6 5G နှစ်ခုလုံးမှာ 6.57-Inch ရှိတဲ့ FHD+ AMOLED Display သုံးထားပြီးတော့ အရှေ့ဘက်ရဲ့ ဘယ်ဘက်ထိပ်မှာ Front Camera ပါတဲ့ Punch-hole တစ်ခုပါဝင်မှာပါ။ ဘေးဘောင်ဘက်ကတော့ Fingerprint Scanner ပါဝင်တဲ့ Power Button ပါဝင်မှာဖြစ်ပြီး အနောက်ဘက်မှာတော့ Camera သုံးလုံးပါတဲ့ Camera Module ရှိပါတယ်။

nova 6 SE အနေနဲ့ကတော့ အနည်းငယ် ပိုသေးတဲ့ 6.4-inch FHD+ LCD Display ကိုသုံးထားတာဖြစ်ပြီး ရှေ့ဘက်မှာ 16MP Selfie Camera၊ ဘေးဘက်မှာ တင်ထားတဲ့ Fingerprint Sensor နဲ့အနောက်ဘက်မှာတော့ 48MP၊ 8MP နဲ့အတူ ပုံအတိမ်အနက် Depth နဲ့နီးနီးကပ်ကပ်ရိုက်လို့ကောင်းစေမယ့် Marco Module ပါတဲ့ 2MP Camera ၂ခုရှိပါတယ်။

nova 6 (Photo credit: GSM Arena)

nova 6 နဲ့ 6 5G တို့ရဲ့ နောက် Camera သုံးလုံးမှာ 40MP ရှိတဲ့ RYYB Main Sensor၊ 3ဆအထိ Zoom ဆွဲနိုင်မယ့် 8MP ရှိတဲ့ Telephoto Lens နဲ့ 8MP ရှိတဲ့ Ultrawide Camera တို့ပါပါတယ်။​ ရှေ့ Camera မှာကတော့ 32MP ရှိတဲ့ Main Shooter ကြီးနဲ့ 105-Degree အထိမြင်ကွင်းကျယ်ရိုက်နိုင်မယ့် 8MP Ultrawide Sensor တွေပါဝင်ပါတယ်။

nova 6 အနေနဲ့ တစ်ဗန်းသာတဲ့အချက်က သူ့ရဲ့ ရှေ့ Camera ဟာ DxOMark မှာ အမှတ် 100 အထိရရှိသွားပြီး Samsung Galaxy Note 10 Plus 5G ကိုတောင် ကျော်သွားတာဖြစ်ပါတယ်။

Selfie Camera ကနေပြီးတော့ 4K Video ကိုရိုက်လို့ရနိုင်တဲ့အပြင် Autofocus နဲ့အတူ အလင်းမှိန်နေတဲ့ Low Light Situtation မှာတောင် Detail ရုပ်ထွက်အရည်အသွေးကို ကောင်းကောင်း ထိန်းနိုင်တံ့အတွက် ချီးကျူးခံထားရတာဖြစ်ပါတယ်။

nova 6 SE (Photo credit: GSM Arena)

nova 6 နဲ့ 6 5G နှစ်လုံးစလုံးမှာ Huawei ရဲ့ Flagship Chip ဖြစ်တဲ့ Kirin 990 ကိုအသုံးပြုထားပြီး 6 SE မှာတော့ Midrange ထဲက Kirin 810 ကိုသုံးထားပါတယ်။ ဖုန်းသုံးလုံးစလုံးမှာ RAM 8GB သုံးထားပြီး nova 6 နဲ့ 6 5G မှာ 128GB၊ 256GB နှစ်မျိုးရွေးနိုင်မှာဖြစ်ပြီး nova 6 SE ကတော့ 128GB နဲ့ပဲပါမှာပါ။

5G Model ဟာ ရိုးရိုး nova 6 နဲ့ nova 6 SE ထက် နည်းနည်း Battery Capacity နည်းပါတယ်။ 6 နဲ့ 6 SE မှာ Battery Capacity ဟာ 4,200mAh ဖြစ်ပြီး 5G Model မှာတော့ 4,100mAh ပါဝင်မှာဖြစ်ပါတယ်။ သုံးမျိုးစလုံးဟာ Huawei ရဲ့ 40W SuperCharge နဲ့လာမှာဖြစ်ပါတယ်။ Android 10 အခြေခံ EMUI 10 နဲ့လာမှာဖြစ်ပြီး ထုံးစံအတိုင်း Google Service တွေတော့ မပါပါဘူး။

Photo credit: Android Authority

ဈေးနှုန်းအနေနဲ့ဆိုရင် Storage အလိုက် nova 6 5G က တရုတ်ငွေ 3,799 ယွမ် (မြန်မာငွေ ၈သိန်းဝန်းကျင်) ကနေ 4,199 ယွမ် (မြန်မာငွေ ၉သိန်းဝန်းကျင်) ရှိမှာဖြစ်ပါတယ်။ nova 6 ကတော့ တရုတ်ငွေ 3,199 ယွမ် (မြန်မာငွေ ၇သိန်းခွဲခန့်) ရှိမှာဖြစ်ပြီး nova 6 SE အနေနဲ့ 2,199 ယွမ် (မြန်မာငွေ ၅သိန်းခန့်) ရှိမှာဖြစ်ပါတယ်။ ဒီဖုန်းတွေအားလုံးကို December 12 ကျရင် တရားဝင် ရောင်းချတော့မှာဖြစ်ကြောင်းလည်း ကြေညာထားပါတယ်။

Ref: Android AuthorityGSM Arena

Previous
Previous

iPhone 11 တွေမှာ Location Service ကိုပိတ်ထားလည်း ပွင့်နေတဲ့ ပြဿနာတွေ့ရှိ

Next
Next

ဓာတ်ပုံတွေကို Like လုပ်နိုင်မယ့်အပြင် စာလည်းပို့လို့ရပြီဖြစ်တဲ့ Google Photos