ဓာတ်ပုံတွေကို Like လုပ်နိုင်မယ့်အပြင် စာလည်းပို့လို့ရပြီဖြစ်တဲ့ Google Photos

ဘယ်သူမဆို ဓာတ်ပုံလေးတွေ ရိုက်ပြီး အမှတ်တရတွေ ဖန်တီးတတ်ကျပါတယ်။ အထူးသဖြင့် Social Media မှာ တစ်ယောက်နဲ့တစ်ယောက်နဲ့ Tag ကျပြီး ပျော်ရွှင်ကြတယ်၊ React ပေးကျတယ် စသဖြင့် ဓာတ်ပုံ၊ ဗီဒီယိုနဲ့ ပတ်သက်လို့ တွင်တွင်ကျယ်ကျယ် သုံးနေကြတာပါ။

အခု ပြောသွားမယ့် Google Photos မှာဆိုရင် ကျနော်တို့ အမှတ်တရ လုပ်ချင်တဲ့ ဓာတ်ပုံတွေကို တစ်ပုံချင်းဖြစ်စေ၊ အတွဲလိုက်ဖြစ်စေ Album လေး တစ်ခုဆောက်ပြီး သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ Share ကျတာပါ။

ပြောရမယ်ဆိုရင် လက်ရှိသုံးနေတဲ့ Social Apps တွေလောက် တစ်ပုံချင်း ထောက်ပြီး React မလုပ်နိုင်သလို ပုံကိုထောက်ပြီး Message Reply (စာပြန်) လို့ မရပါဘူး။ အခုဆိုရင်တော့ နှစ်သက်ရာ ပုံတစ်ပုံကိုထောက်ပြီး Share ချင်တဲ့ လူဆီပို့ရုံပါပဲ။

via GIPHY

ပို့မယ်ဆိုရင်လည်း အကြောင်းပြချက်ကို စာတိုနဲ့တွဲပို့နိုင်သလို တစ်ဖက် ခက်ခံတဲ့လူအနေနဲ့လည်း Like React ပေးနိုင်မယ်။ စာကြောင်းနဲ့ Response လုပ်နိုင်လာပြီ ဖြစ်ပါတယ်။ Google အနေနဲ့ သုံးနေကျ Chat App တွေနဲ့ အလုပ်တွဲလုပ်မှာ မဟုတ်ဘဲ Private Message အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် Google Photo ကနေ ဓာတ်ပုံ ၊ ဗီဒီယိုပို့တဲ့အခါ အရင်ကထက် တစ်ပုံချင်းစီ သေချာ ပို့လာနိုင်သလို Memory တွေ တူးဆွချင်တယ်၊ အမှတ်တရဖြစ်ချင်တယ်၊ အကျိုးရှိတာ တစ်ခုခုသုံးချင်တယ်ဆိုရင် App တစ်ခုထဲနဲ့ အဆင်ပြေသွားပြီလို့ ပြောရမှာပါ။

Google အနေနဲ့လည်း ဒီဝန်ဆောင်မှုကို လာမယ့် အပတ်ထဲ ထည့်ပေးသွားတော့မှာ ဖြစ်ပြီး ဓာတ်ပုံ ၊ ဗီဒီယိုတွေကို Android ၊ iOS နဲ့ Web Version တွေမှာ Quality လျော့ကျခြင်း အသုံးပြုနိုင်မှာလို့ သိရပါတယ်။

Source: GoogleBlog

Previous
Previous

အကောင်းဆုံး Selfie Camera နဲ့ထွက်လာတဲ့ Huawei nova 6 Series

Next
Next

System Wide Dark Mode ပါလာတော့မယ် MIUI 12