System Wide Dark Mode ပါလာတော့မယ် MIUI 12

MIUI 11 ထွက်ပြီး ၁ လလောက် အချိန်အတွင်းမှာပဲ  Xiaomi က လာမယ့် MIUI 12 မှာ System Wide Dark Mode ကိုထည့်သွင်းပေးမယ်လို့ ကြေငြာလိုက်ပါတယ်။MIUI 11 မှာ Dark Mode ပါပေမယ့် System Wide မဟုတ်တာကြောင့် တစ်ချို့ App တွေမှာDark Mode မရသေးတာ၊ Third-party App တစ်ချို့လည်း Dark Mode မရသေးတာ အများကြီးပါ။ဒါ့ပေမယ့် Xiaomi Software Engineer တစ်ယောက်က နောက်ထွက်လာမယ့် MIUI 12 မှာတော့ System Wide Dark Mode ပါလာတော့မယ်လို့ ကြေငြာရင်း နောက်ဆက်တွဲအနေနဲ့OPPO က သူတို့ Color Os Development အတွက် Xiaomi နဲ့ Meizu ကDeveloper တွေဆီကနေ အချက်အလက်တွေခိုးနေတာ မဖြစ်နိုင်ကြောင်း ပြောခဲ့ပါသေးတယ်။”ကျွန်တော်တို့ Xiaomi က Developer တွေအနေနဲ့ တစ်ရက်ကို ၁၃ နာရီလောက် အလုပ်လုပ်နေကြတဲ့အတွက် တခြားဘာကိုမှ အချိန်မပေးနိုင်ပါဘူး” လို့ပြောခဲ့ပါတယ်။

နောက်တစ်ခု အနေနဲ့ ခု MIUI 11 မှာ Amoled Screen တွေအတွက် Always On Display မှာ ကိုယ်ကြိုက်သလို Animation တွေဘာလို့ ထားခွင့်မပေးသလဲဆိုတဲ့ မေးခွန်းကို ဖြေကြားခဲ့ပါတယ်။ “ဒီ Feature ကိုထည့်သွင်းမပေးရတာကBattery Issues တွေရှိလို့ပါ” လို့ပြောသွားခဲ့တာပါ။

ခုဆိုရင်Xiaomi ရဲ့ Mi Series,Redmi Series တွေတော်တော်များများမှာMIUI 11 ကိုရနေပါပြီ။ ကုမ္ပဏီရဲ့ အလုပ်မှုဆောင် ပြောရေးဆိုခွင့်ရှိသူ  Xu Jieyun က MIUI 12 ကိုOctober ကတည်းက စတင် Develop လုပ်နေတယ်လို့ တရုတ်မီဒီယာတွေကို ပြောခဲ့ပါတယ်။

Ref : www.gizmochina.com

Previous
Previous

ဓာတ်ပုံတွေကို Like လုပ်နိုင်မယ့်အပြင် စာလည်းပို့လို့ရပြီဖြစ်တဲ့ Google Photos

Next
Next

test