Resident Evil 3 Remake ရဲ့ Artwork ဒီဇိုင်းနဲ့ Internal Leak တချို့ ပေါက်ကြားလာပြီ

1998 ခုနှစ်၊ စက်တင်ဘာ ၂၈

Farewell to my Life.
Farewell to my Home.
This is my last chance for survival…
This is my last escape….

ဒီစာသားလေးကို Resident Evil 3 (1998) ကစားဖူးတဲ့ ဘယ်သူမဆို မှတ်မိမယ် ထင်ပါတယ်။ အဓိပ္ပာယ်ပြန်ရင်တော့ Raccoon City တမြို့လုံး ဖုတ်ကောင် အဖြစ် ပြောင်းလဲသွားတဲ့အချိန် S.T.A.R.S (Special Tactics and Rescue Service) အဖွဲ့ဝင် Jill Valentine တစ်ယောက် အိမ်မက်ဆိုးကြီးကနေ လွတ်မြောက် ရှင်သန်ဖို့ ကစားရတာပဲ ဖြစ်ပါတယ်။

Resident Evil 3
Resident Evil 3 Fan Art

အခုလို Internal Source တစ်ခုကနေ ပေါက်ကြားလာတာကို ပထမဆုံး ပြောရရင် (၂၀၁၉ ၊ ဖေဖော်ဝါရီ ၂၅ မှာ ထွက်ရှိထားတဲ့) Resident Evil 2 Remake ရဲ့ အရှိန်ဝါတွေ အများကြီးပါပါတယ်။ Golden Joystick Award က ပေးအပ်တဲ့ 2019 Game of the Year ကို ရရှိခဲ့တဲ့အပြင် Digital Copy ပေါင်း ၅ သန်း ကျော်ရောင်းချခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာပါ။

ဒါကြောင့်လည်း Prequel Story ဖြစ်တဲ့ Resident Evil 3 ဂိမ်းကို Remake Version လုပ်နေပြီလို့ Capcom ကိုယ်တိုင် အတည်ပြုလိုက်ပါတယ်။ လက်ရှိအချိန် PlayStation Store နဲ့ Steam Store တွေမှာ Resident Evil 3 နဲ့ သက်ဆိုင်တဲ့ Artwork ဒီဇိုင်း ပေါက်ကြားထားပါတယ်။

Resident Evil 2 Remake
William Birkins Stage G1

ဂျပန်နိုင်ငံမှာ Resident Evil 3: Z-Version နာမည်နဲ့ ပေါက်ကြားလာခဲ့လို Internal Leak တွေအရ Z-Rated ဆိုတာ Computer Entertainment Rating Organization က သတ်မှတ်တယ်၊ Resident Evil 2 Remake ကိုလည်း Z-Version အနေနဲ့ သတ်မှတ်ခဲ့တာကြောင့် ထွက်မယ့်ရက် ပြောဖို့ပဲကျန်ပါတယ်။

Original Resident Evil 2 (1998, January 21) ၊ Resident Evil 3 (1999, September 22) ထွက်ရှိခဲ့တဲ့ အချိန်ကို ပြောရရင် ၁ နှစ်ခွဲလောက် ကြာပါတယ်။ ခန့်မှန်းရသလောက် Resident Evil 3 Remake ကို ၂၀၂၀ စက်တင်ဘာ ဒါမှမဟုတ် နောက်ကျပြီးမှ လာမယ်ထင်ပါတယ်။

Resident Evil 3 B.O.W
NE-ɑ (Alpha) Type B.O.W Nemesis

ဘာလို့လဲဆိုတော့ Spin-off ဂိမ်းတစ်ခုဖြစ်တဲ့ Project Resistance (Resident Evil: Resistance) ဂိမ်းကိုလည်း ကြေညာထားလို့ နောက်ကျမယ်လို့ တွက်တာ ဖြစ်ပါတယ်။ Project Resistance Teaser အရ Control လုပ်နိုင်တဲ့ Tyrant Vs. Human Player စုစုပေါင်း ၅ ယောက် တွယ်ရမယ့် Multi-player ဂိမ်းဖြစ်ပါတယ်။

Storyline နဲ့ မသက်ဆိုင်ပေမယ့် ကျနော့်အထင်ရ ပြောရင်တော့ Resident Evil 3 နဲ့ ချိတ်ထားနိုင်ပါတယ်။ Timeline ကို ချုံငုံမိသွားအောင် ပြောရရင်တော့ Resident Evil 3 ဟာ Resident Evil 2 မတိုင်ခင် ၂၄ နာရီ (၁ ရက်) အလိုမှာ ဖြစ်ပွားခဲ့တဲ့ ဇာတ်လမ်းပါ။

Resident Evil 3 Remake and Original
Left (Remake) Right (Original)

ဒါကြောင့် Leon နဲ့ Claire တို့ ပါဝင်လာမှာ မဟုတ်သလို သည်းထိတ်ရင်ဖို ကစားရဦးမယ့် Resident Evil 3 မှာ Nemesis ကြီးကို Remake Version အနေနဲ့ မြင်ရဦးမှာပါ။

Legacy: Nemesis ဆိုတာ T-viral Strain နဲ့ Progenitor Viral Strain ၂ မျိုးနဲ့ ဖန်တီးထားတဲ့ NE-ɑ Type B.O.W (Bio Organic Weapon) ဖြစ်ပါတယ်။ Resident Evil 3 မှာ မျက်မြင်သက်သေဖြစ်တဲ့ S.T.A.R.S အဖွဲ့ဝင်တွေ သတ်ဖြတ်ဖို့ Umbrella Corps. က အသုံးပြုခဲ့တဲ့ ဥာဏ်ရည်မြင့် ဇီဝလက်နက်လို့လည်း ပြောနိုင်ပါတယ်။ This was shown in Resident Evil: Operation Raccoon City (2009)

Source: Polygon ၊ TheNextWeb ၊ Gamestat ၊ SpawnWave (YouTube) ၊ Eurogamer

Previous
Previous

Google Photos မှာ Private Message ပို့လို့ရနေပါပြီ

Next
Next

လက်ဗွေရာ ၂ ခုကို တပြိုင်နက် Scan ဖတ်ပေးနိုင်တဲ့ Qualcomm ရဲ့ In-display Fingerprint Sensor