လက်ဗွေရာ ၂ ခုကို တပြိုင်နက် Scan ဖတ်ပေးနိုင်တဲ့ Qualcomm ရဲ့ In-display Fingerprint Sensor

Qualcomm ကတော့ လက်ဗွေရာ ၂ ခုကို တပြိုင်နက် Scan ဖတ်ပေးနိုင်မယ့် Ultrasonic In-display Fingerprint Sensor ကို မိတ်ဆက်သွားခဲ့ပါပြီ။ ဒါကို Qualcomm Tech Summit 2019 မှာ ချပြလိုက်တာ ဖြစ်ပြီး Snapdragon 865 SoC နဲ့အတူ ထုတ်ကြွားလိုက်တာ ဖြစ်ပါတယ်။

နည်းပညာ ထူးခြားချက်ကို ပြောရမယ်ဆိုရင်တော့ Galaxy S10 Family မှာ အသုံးပြုခဲ့တဲ့ Ultrasonic Chip တွေနဲ့ အတူတူပါပဲ။ Qualcomm မှာတော့ တဆင့်မြင့်ထားတဲ့ 3D Sonic Max Sensor ကို အသုံးပြုထားတာဖြစ်ပြီး ပုံမှန် Sensor တွေထက် ၁၇% ပိုကြီးလာပါတယ်။

Fingerprint on Galaxy S10
Photo: Forbes

ဒီလို Unlock Area ပိုကြီးသွားတဲ့အတွက် လက်ဗွေရာ ၂ ခုကို တပြိုင်နက် Scan ဖတ်ပေးနိုင်ပြီး Extra Authentication အတွက် အသုံးဝင်မယ်လို့ သိရပါတယ်။ ဒီနေရာမှာ သိစေချင်တာက Ultrasonic Sensor တွေ လက်ရေစိုနေလည်း Scan ဖတ်နိုင်ပါတယ်။

ဘာလို့လဲဆိုတော့ Optical Sensor နဲ့ Approach (Light Vs. Sound) လုပ်ပုံခြင်း မတူတဲ့အတွက် ပိုပြီးတော့ Reliable ဖြစ်ပါတယ်။ ဒါပေမယ့် Surface Texture ကို Sound Wave နဲ့ Detect လုပ်တာဖြစ်တဲ့အတွက် S10 မှာတုန်းကလို ပါးလွာတဲ့ Layer တစ်ခုကွယ်နေရင်တောင် မှားယွင်းနိုင်တဲ့ အားနည်းချက် ရှိနေပြန်ပါတယ်။

နောက်တစ်ချက်က Optical Sensor တွေထက် Scan (Unlock) Speed ပိုနှေးပါတယ်။ အခု 3D Sonic Max Sensor မှာလည်း ဒီလိုအပ်ချက်ကို ပြင်ဆင်ထားခြင်း မရှိဘဲ ပိုကြီးတဲ့ Sensor Size နဲ့ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။

Qualcomm 3D Max Sonic Sensor
Credit: Engadget

Scan ဖတ်နိုင်တဲ့ Area ပိုများလာတဲ့ အားသာချက်ဟာ Security ပိုင်းတွက် အဓိက သော့ချက်ဖြစ်စေသလို လက်မတစ်နေရာစာတောင် မရှိတဲ့ Sensor တွေထက်တော့ ပိုပြီးတော့ စိတ်ချလို့ ရစေမှာဖြစ်ပါတယ်။

ဒါကို Product Managementအပိုင်းရဲ့ စီနီယာ ဒါရိုက်တာဖြစ်သူ Gordon Thomas က ဘယ်လို ပြောလဲဆိုရင်

အခု ခင်ဗျားတို့ သုံးနေတဲ့ Optical ၊ Ultra-Sonic Sensor တွေရဲ့ အရွယ်စားက 4mm x 9mm ပဲ ရှိတာပါ။ ဒီ Size က ခင်ဗျားတို့ရဲ့ လက်ဗွေရာ တစ်စိတ်တဒေသကိုပဲ Scan ဖတ်ပေးနိုင်တာပါ

အခု 3D Sonic Max Sensor ကိုကျ ဘယ်လိုပြောလဲဆိုရင်

ဆိုကြပါစို့၊ မင်းအခု Pizza တစ်ခြမ်းကို မြင်လိုက်တယ်၊ ဘာသားနဲ့ လုပ်တာလဲ၊ သတ်သတ်လွတ်လား ဘာလား မခွဲနိုင်ဘူးလေ။ အခု လက်ဗွေရာ ၂ ခု ပါဝင်တယ်ဆိုတာက Full Fingerprint Authentication အတွက် လိုအပ်လို့ပဲဆိုပြီး ပြောသွားခဲ့ပါတယ်။

တကယ်လည်း ဟုတ်ပါတယ်။ 20mm x 30mm အရွယ်စားရှိတဲ့အတွက် စုစုပေါင်း 600 mm² ရှိတဲ့အတွက် System ကိုလည်း အရူးသွားလုပ်လို့မရတော့ဘူးဆိုပါတယ်။ Thomas ကတော့ Apple FaceID ရဲ့ Accuracy Rate နဲ့ ထပ်တူကျတယ်လို့ ပြောထားတဲ့အတွက် ကောလာဟလတွေအရ ဆိုရင် Qualcomm ရဲ့ Fingerprint Sensor တွေကို 2020 iPhone တွေမှာ သုံးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Source: TheVergeEngadget

Previous
Previous

Resident Evil 3 Remake ရဲ့ Artwork ဒီဇိုင်းနဲ့ Internal Leak တချို့ ပေါက်ကြားလာပြီ

Next
Next

2020 Android Flagship တွေအတွက် Snapdragon SoC အသစ်တွေကို မိတ်ဆက်လိုက်တဲ့ Qualcomm