2020 Android Flagship တွေအတွက် Snapdragon SoC အသစ်တွေကို မိတ်ဆက်လိုက်တဲ့ Qualcomm

Qualcomm ဟာ Android ဖုန်းတွေအများစုရဲ့ Mobile Processor (SoC) တွေကို အဓိကထုတ်လုပ်ပေးနေနဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး Snapdragon Chip တွေကိုထုတ်လုပ်တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း Snapdragon Chip အသစ်တွေထုတ်ပြီး Android Flagship တွေကို ပံ့ပိုးပေးနေတဲ့ Qualcomm ဟာ 2020 Android Flagship တွေအတွက် Snapdragon 865၊ 765 နဲ့ 765G (Gaming) ကို Qualcomm Tech Summit မှာမိတ်ဆက်ခဲ့ပါတယ်။

Higher-end ဖြစ်တဲ့ Snapdragon 865 ဟာ အသစ်ထွက်ထားတဲ့ သုံးခုထဲမှာ Performace အကောင်းဆုံးဖြစ်တယ်ဆိုပေမဲ့ သူ့မှာ Integrated 5G တော့ပါလာမှာမဟုတ်ပါဘူး။ 5G ကိုသုံးနိုင်ဖို့အတွက် သက်သက် 5G Modem တစ်ခုကို တပ်သုံးရမှာဖြစ်တဲ့အတွက် 5G သုံးမယ့် Snapdragon 865 သုံး Flagship တွေဟာ Performace ကောင်းပေမဲ့ Battery Killer ဖြစ်နေနိုင်ပါတယ်။

Qualcomm ပြောဆိုမှုအရဆိုရင် Snapdragon 865 ကိုအသုံးပြုမယ့် Manufacturer တွေက 5G ကိုသုံးမယ်ဆိုမှ ရပါတယ်လို့ဆိုတဲ့အတွက်ကြောင့် Snapdragon 865 နဲ့လာတဲ့ 4G ဖုန်းတွေကိုတော့ တွေ့ရမှာမဟုတ်ပါဘူး။ 5G ကိုသုံးမယ်ဆိုရင်တော့ Snapdragon 865 နဲ့ Qualcomm ရဲ့ 5G Modem တစ်ခုဖြစ်တဲ့ X55 နဲ့တွဲပြီးသုံးရမယ်ဆိုပြီး ပြောထားပါတယ်။

Snapdragon 865 နဲ့ယှဉ်ရင် Performance အကောင်းဆုံးမဟုတ်ပေမဲ့ အသုံးအများဆုံးဖြစ်နိုင်ခြေရှိတာကတော့ Snapdragon 765 ဖြစ်နိုင်ပါတယ်။ Snapdragon 765 ဟာ Integrated 5G နဲ့လာတာဖြစ်တဲ့အတွက်ကြောင့် Snapdragon 865 လို သက်သက်ကြီး Modem တပ်စရာမလိုတဲ့အတွက် Battery အစားလျော့သလို ထုတ်လုပ်ကုန်ကျစရိတ်လည်း နည်းသွားစေပါတယ်။

2020 ကျရင် ထွက်လာတော့မယ့် ဖုန်းအသစ်တွေမှာ ဒီ Chip အသစ်တွေကို တပ်ဆင်ထားတော့မှာဖြစ်ပြီး အချို့ကုမ္ပဏီတွေဆိုရင် မထွက်ခင်ကတည်းက သူတို့ဖုန်းတွေမှာ ထည့်သုံးမယ်ဆိုပြီး အတည်ပြုထားပြီးဖြစ်ပါတယ်။ Xiaomi ရဲ့ Mi 10 နဲ့ Oppo ရဲ့အသစ်ထွက်မယ့် Flagship တွေမှာ Snapdragon 865 ကိုအသုံးပြုမယ်လို့အတည်ပြုထားပြီး Nokia က Snapdragon 765နဲ့ Motorola ကတော့ သူ့ဖုန်းအသစ်တွေအတွက် 865 ရော 765 ရောသုံးသွားမယ်ဆိုပြီး ဆိုထားပါတယ်။ ဒါ့အပြင် Snapdragon 865 ကိုနောက်နှစ်မှာထွက်မယ့် Galaxy S11, OnePlus 8, Pixel 5, Galaxy Note 11, LG G9 စတာတွေမှာ တွေ့ရှိနိုင်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။

Ref: The VergeEngadget

Previous
Previous

လက်ဗွေရာ ၂ ခုကို တပြိုင်နက် Scan ဖတ်ပေးနိုင်တဲ့ Qualcomm ရဲ့ In-display Fingerprint Sensor

Next
Next

Billie Eilish ရဲ့ Live Performance နဲ့ ပွဲဦးထွက်မယ့် Apple ရဲ့ ပထမဆုံး Music Award Show