Google Photos မှာ Private Message ပို့လို့ရနေပါပြီ

ဓာတ်ပုံတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်တဲ့နေရာမှာတင် မဟုတ်ပဲ အမှတ်တရတွေကို သိမ်းဆည်းပေးထားတဲ့ အရာတစ်ခုဆိုလည်း မမှားပါဘူး။ဟိုးအရင်နှစ်တွေတုန်းကGoogle Photos မှာဓာတ်ပုံတွေShare ဖို့ဆိုရင် ကိုယ် Share ချင်တဲ့သူရဲ့ Gmail ကို Shared Album လုပ်ပြီး ဓာတ်ပုံတွေမျှဝေခဲ့ကြပါတယ်။ခုအခါမှာတော့Google ကနေပြီးတော့ Google Photos မှာ Private Messaging ပုံစံမျိုး ဓာတ်ပုံတွေ တိုက်ရိုက်ပို့လို့ရတဲ့Feature အသစ်ကို မိတ်ဆက်ပေးလိုက်ပါပြီ။ဒီFeature ကိုWeb,Android,iOS အကုန်လုံးမှာ သုံးလို့ရမှာလို့ သိရပါတယ်။

ဒီလုပ်ဆောင်ချက် အသစ်ကြောင့် အရင်တုန်းကလို ဓာတ်ပုံတွေပို့ချင်တဲ့အခါAlbum တစ်ခုဆောက်ပြီးShare စရာမလိုတော့ပဲ ပို့ချင်တဲ့တစ်ပုံကို သီးသန့်ရွေးချယ်ပေးပို့လိုက်ရုံပါပဲ။ဒါပေမယ့် ပေးပို့သူနဲ့၊လက်ခံသူ နှစ်ဦးလုံးမှာGoogle Photos App Install လုပ်ထားဖို့လိုပါတယ်။ပြီးတော့Google photos App ထဲကိုဝင်ပြီးMessenger,Instagram,Snapchat တို့မှာ ဓာတ်ပုံပို့သလို ပို့လိုက်ရုံပါပဲ။ဒီတော့ ပုံတစ်ပုံပို့ရာကနေ Sms တွေပါGoogle Photos ထဲမှာ ဆက်လက်ပေးပို့လို့ ရမှာပါ။

ဒီလုပ်ဆောင်ချက်ဟာGoogle အတွက်တော့ စိန်ခေါ်မှုတစ်ခုပါပဲ။ဘာလို့လဲဆိုတော့ ဓာတ်ပုံသိမ်းတဲ့Storage App ကနေ Social Platform ကိုခုန်ကူးသလိုဖြစ်နေတဲ့အတွက် အသုံးပြုသူတွေများလာတဲ့အခါ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေ ရှိနေနိုင်သေးလို့ပါ။

လောလောဆယ်မှာတော့Google Photos ဟာ ဓာတ်ပုံတွေကို Cloud ပေါ်မှာသိမ်းဖို့အတွက် အသုံးသင့်ဆုံး App တစ်ခုပါ။High Qulity ဓာတ်ပုံတွေကို Unlimited Storage ပေးပြီးသိမ်းခွင့်ပေးတဲ့App လည်းဖြစ်ပါတယ်။

နောက်ပိုင်းလူတွေ တော်တော်များများက ဓာတ်ပုံရိုက်ကူးမှု များပြားလာပြီး တစ်ယောက်ယောက်နဲ့တစ်ယောက် ဓာတ်ပုံပေးပို့မှုတွေ၊ လူမှုကွန်ရက်တွေပေါ်မှာ ပြန်လည်မျှဝေတာတွေ အရမ်းများလာတာကြောင့် ဒီလုပ်ဆောင်ချက်ကို Google Photos မှာထည့်လိုက်တာဟာ နောက်ထပ် Social Media ပုံစံတစ်ခု ဖြစ်လာမလား စောင့်ကြည့်ရပါမယ်။

Google Photos ရဲ့Messaging လုပ်ဆောင်ချက်ကို သုံးရတာ မခက်ခဲပါဘူး။App ထဲမှာ ကိုယ်ပြောချင်တဲ့သူတွေနဲ့ ဓာတ်ပုံဖြစ်စေ၊Video ဖြစ်စေပေးပို့ပြီး အသုံးပြုနိုင်ပါတယ်။ဒါ့အပြင် သူငယ်ချင်းတွေရဲ့Photos,Videos တွေကို Like ပေးတာ၊comment ပေးတာတွေလည်း လုပ်နိုင်ပါသေးတယ်။Photos,Videos တွေကိုပြန်လည်မျှဝေဖို့ဆိုရင် ကိုယ်ပို့လိုတဲ့ File ကိုရွေးချယ်ပြီး Share ကိုနှိပ်လိုက်ရုံပါပဲ။ဒါဆို Private Messaging ကိုပါစတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

“အရင်တုန်းက သုံးခဲ့ဖူးတဲ့Messaging App တွေကိုအစားထိုးဖို့ ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းတာမဟုတ်ပဲ မိမိရဲ့ မိသားစု၊သူငယ်ချင်းတွေနဲ့ အမှတ်တရတွေကို ပိုမိုလွယ်လွယ်ကူကူ မျှဝေနိုင်ဖို့ ရည်ရွယ်တာပါ” လို့လည်း Google Photos ရဲ့ Product Manager ဖြစ်သူ Janvi Shah ကသူ့ရဲ့ Blog မှာရေးသားထားပါတယ်။

ဒီလုပ်ဆောင်ချက်ကို နောက်တစ်ပတ်ကစလို့ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး ဓာတ်ပုံတွေပို့တဲ့အခါ ဓာတ်ပုံရဲ့အရည်အသွေးလည်း လုံးဝကျသွားခြင်းမရှိဘူး လို့ဆိုထားပါတယ်။Google Photos ဟာ Google ရဲ့ Product တွေထဲမှာ အသုံးပြုသူ သန်း ၁၀၀၀ ပြည့်သွားတဲ့ ၉ ခုမြောက် Product တစ်ခုလည်းဖြစ်ပါတယ်။

Ref : www.theverge.com

Previous
Previous

Samsung Galaxy S11 ရဲ့ ရှေ့နောက် ကင်မရာဒီဇိုင်း အပါအဝင် အခြားအချက်အလက်များ ပေါက်ကြားလာ

Next
Next

Resident Evil 3 Remake ရဲ့ Artwork ဒီဇိုင်းနဲ့ Internal Leak တချို့ ပေါက်ကြားလာပြီ