Intel စမတ်ဖုန်း Modem လုပ်ငန်းကို $1 Billion နဲ့ ပိုင်ဆိုင်သွားတဲ့ Apple
၂၀၁၉ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ Apple တစ်ယောက် မူပိုင်ခွင့်ပြဿနာနဲ့ ပတ်သက်ပြီး Qualcomm တရားစွဲတာ မှတ်မိဦးမယ် ထင်ပါတယ်။ လက်တွဲလာတဲ့ သက်တမ်းတလျှောက် ဘာသံမှ မကြားရပေမယ့် ရုတ်တရက် (၂၀၁၉ ဧပြီလထဲမှာ) Intel Modem လုပ်ငန်းစုကို ဝယ်မယ်လဲလုပ်ရော Qualcomm တယောက် မအိပ်နိုင်၊ မစားနိုင် ဖြစ်သွားခဲ့တယ် ထင်ပါတယ်။
Apple အနေနဲ့လည်း ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချခဲ့ပုံရပါတယ်။ မူပိုင်ခွင့် ငြိစွန်းတဲ့ ပြဿနာနဲ့ Qualcomm ကို လျောကြေးပေးခဲ့ရသလို တရုတ်နိုင်ငံမှာ iPhone မော်ဒယ်တချို့ ရောင်းချခွင့် မရှိတဲ့အထိ ဆိုးရွားခဲ့ပါတယ်။

သို့သော်ငြားလည်း Intel Modem လုပ်ငန်းကို ဝယ်ယူဖို့ ဆွေးနွေးခဲ့ပြီး ၂၀၁၉ စက်တင်ဘာလမှာ ဒေါ်လာ ၁ ဘီလီယံနဲ့ အပေးယူ တည့်သွားတယ်လို့ သိရပါတယ်။ ဒါကြောင့် စမတ်ဖုန်း လုပ်ငန်းစုတစ်ခုလုံး ပိုင်ဆိုင်မယ့်အပြင် ဝန်ထမ်းအင်အားနဲ့ Intel မူပိုင်ခွင့် ၁,၇၀၀ ကျော် Apple လက်ထဲ ရောက်ရှိလာမယ်လို့ တွက်ထားကြတာပါ။
အဲ့တုန်းက Qualcomm ဖိအားပေးနေဆဲ ဖြစ်တဲ့အတွက် ဝယ်ယူမယ့်ကာလကို စောင့်ဆိုင်းခဲ့သလို ခုလို ဝယ်ယူလိုက်တဲ့အတွက် နှစ်ကူးကာလမှာ Apple မျှော်မှန်းထားတဲ့ 5G iPhone ဒါမှမဟုတ် ပိုကောင်းတဲ့ Modem ထုတ်ဖို့ ပြင်ဆင်လိုက်ပြီလို့ သုံးသပ်နိုင်ပါတယ်။

Reuters မှာတော့ ရောင်းချမှုမှာ စမတ်ဖုန်း Modem လုပ်ငန်းတစ်ခုသာ ပါဝင်တယ်လို့ ဖော်ပြထားပြီး PC ၊ LoT Gadgets တွေနဲ့ Autonomous Vehicles တွေမှာ သုံးနေတဲ့ Modem Chip တွေကိုတော့ Intel ပဲ ထုတ်နေမှာ ဖြစ်ပါတယ်။
Intel ကတော့ ယှဥ်ပြိုင်မှု ပြင်းထန်လွန်းတဲ့ Qualcomm ရဲ့ မူပိုင်ခွင့် နည်းဗျူဟာ ဖိအားတွေကြောင့် Apple ကို ထိုးရောင်းလိုက်တယ်လို့ ပြောထားပါတယ်။
လက်ရှိမှာလည်း Federal Trade Commission ရဲ့ စုံစမ်းစစ်ဆေးမှုအောက် Qualcomm နဲ့ ပြိုင်ငြင်းနေရတယ်လို့ သိရပါတယ်။

အခုလို Intel Modem လုပ်ငန်းကို ပိုင်ဆိုင်သွားပြီဆိုတော့ Supply Chain နဲ့ Technology Stack ကနေ ဝင်ငွေရရှိဦးမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင် စမတ်ဖုန်း Modem ထုတ်ဖို့ Third Party ပေါ်လည်း မမီခိုရတော့သလို Apple ခြေလှမ်းတွေက ကိုယ့်ခြေထောက်ပေါ် ရပ်တည်လာမယ့် အနေထားမှာ ရှိနေပါတယ်။
ဘာလို့လဲဆိုတော့ ပထမဆုံး iPhone ၃ မျိုးမှာ Samsung Processor အသုံးပြုခဲ့ပြီး စတုတ္ထမျိုးဆက်မှ A-series Processor ကို မိတ်ဆက်တာ ဖြစ်ပါတယ်။ အခုလည်း iPhone Modem ထုတ်ဖို့ Intel ဆီကနေ ဝယ်လိုက်သလို ခိုင်လုံတဲ့ သတင်းတွေအရဆိုရင် MacBook တွေမှာ သုံးနေတဲ့ Intel Processor တွေကို ကုမ္ပဏီပိုင် ARM Processor နဲ့ ထုတ်လာဦးမယ်လို့ သိရပါတယ်။
Source: Engadget