Billie Eilish ရဲ့ Live Performance နဲ့ ပွဲဦးထွက်မယ့် Apple ရဲ့ ပထမဆုံး Music Award Show
Apple ဟာ ဒီဇင်ဘာ ၂ရက်နေ့တုန်းက မျှော်လင့်ထားသလိုပဲ ၂၀၁၉ အတွက် တစ်နှစ်တာ အကောင်းဆုံး App တွေနဲ့ Game တွေကို ကြေညာခဲ့ပြီး ဘာ Hardware အသစ်၊ Operating System အသစ်ကိုမှ မကြေညာခဲ့ပါဘူး။ ဒါပေမဲ့ မထင်မှတ်ထားတာတစ်ခုဖြစ်တဲ့ Apple Music Award ကို ဒီဇင်ဘာ ၄ရက်နေ့မှာ ကျင်းပမယ်ဆိုတာကိုတော့ သိခဲ့ရပါတယ်။
Apple ဟာ Apple Music ထွက်ရှိပြီးနောက်ပိုင်း Spotify နဲ့အပြိုင်ဖြစ်လာတာနဲ့အလျောက် Artist တွေကို မြေတောင်မြောက်ပေးလျက်ရှိရုံသာမက ခုဆိုရင် 2019 တစ်နှစ်တာအတွက် အကောင်းဆုံး Music ဆုတွေကိုချီးမြှင့်တော့မှာဖြစ်ပါတယ်။ Apple Music Award ကို Live လွှင့်မှာဖြစ်ပြီး ဆုရအဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေကိုလည်း ရှုစားနိုင်မှာဖြစ်ပါတယ်။
Apple ရဲ့ Music Award ဟာ သူ့ရဲ့ ပထမဆုံးပွဲဖြစ်ပြီး Billie Eilish နဲ့ပွဲဦးဖောက်မှာဖြစ်ပါတယ်။ ဒီ Music Award မှာ ဆုရရှိသူတွေအနေနဲ့ Billie Eilish ဟာ ၂၀၁၉ အတွက် Artist of the Year (တစ်နှစ်တာ တေးသံရှင် ဆု) ကိုရရှိသွားပြီး သူ့ရဲ့ Album တစ်ခုဖြစ်တဲ့ “WHEN WE ALL FALL ASLEEP, WHERE DO WE GO?” ကတော့ Top Album of the Year (တစ်နှစ်တာ နားထောင်သူအများဆုံး Album ဆု) ကိုဆွတ်ခူးရရှိသွားတာဖြစ်ပါတယ်။
ဒါအပြင် Billie Eilish ဟာ သူ့ရဲ့ အစ်အကိုဖြစ်တဲ့ Finneas O’Connell နဲ့အတူ Songwriters of the Year (တစ်နှစ်တာ တေးရေးဆု) ကိုပါဆွတ်ခူးရရှိသွားတာဖြစ်တဲ့အတွက်ကြောင့် Billie အနေနဲ့ တစ်ပွဲတည်းမှာ ဆု ၃ ဆုတောင်ဆွတ်ခူးမှာဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ်ဆုတွေအနေနဲ့ Lil Nax X ရဲ့ Old Town Road ဟာ Song of the Year (တစ်နှစ်တာ တေးသီချင်းဆု) ကိုဆွတ်ခူးရရှိပြီး Lizzo အနေနဲ့ Breakthrough Artist of the Year (တစ်နှစ်တာ အထိုးဖောက်ဆုံး တေးသံရှင် ဆု) ကိုချီးမြှင့်ခံရတာဖြစ်ပါတယ်။
ဆုရသူတွအနေနဲ့ Apple Music ကနေပြီးတော့ ထိပ်ဆုံးမှာ တင်ထားပေးမယ့်အပြင် ၁၂လက်မရှိ Apple ပြုလုပ်ထားတဲ့ ဓာတ်ပြားပုံတူ ဆုကိုလည်း ချီးမြှင့်မှာဖြစ်ပါတယ်။

Apple ဟာသူတို့ရဲ့ ပထမဆုံး Music Award Show ကို Steve Jobs Theatre မှာ မြန်မာစံတော်ချိန် ဒီဇင်ဘာ ၅ရက် နံနက် ၉:၀၀ ကျရင် Live လွှင့်သွားမှာဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ Performance တွေကို ရှုစားနိုင်မှာဖြစ်ပါတယ်။
Ref: Apple