US ထုတ်ပစ္စည်းတွေ လုံးဝမသုံးထားတဲ့ Huawei Mate 30

Huawei ဟာ Donald Trump ဦးစီးတဲ့ အုပ်ချုပ်ရေးစနစ်အရ လုံခြုံရေးအကြောင်းပြချက်နဲ့  စီးပွားရေး Blacklist ထဲကိုထည့်သွင်းခြင်းခံထားရတာဖြစ်ပါတယ်။​ တရုတ်နိုင်ငံရဲ့ အကြီးဆုံး နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Huawei ကတော့ US ကိုမှီခိုစရာမရှိလည်း ဖြစ်တယ်ဆိုတာကို Huawei Mate 30 မှာထုတ်ပြခဲ့ပါတယ်။

UBS နဲ့ Fomalhaut Techno Solutions တွေရဲ့ လေ့လာတွေ့ရှိချက်အရ Huawei Mate 30 ကိုထုတ်လုပ်ဖို့ သုံးထားတဲ့ အစိတ်အပိုင်းတွေမှာ အမေရိကန်ထုတ် ပစ္စည်းလုံးဝ မပါတာကို တွေ့ရှိခဲ့ရပါတယ်။ ဆိုလိုတာက Huawei ဟာ US ထုတ်ကုန်မဟုတ်တဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေကို စိတ်ချရတဲ့အဆင့်ထိ ရှာတွေ့ထားပြီးဖြစ်တယ်လို့ဆိုရပါလိမ့်မယ်။

ခုဆိုရင် Mate 30 ကို Teardown လုပ်လိုက်တဲ့အခါ Huawei အနေနဲ့ အသံပိုင်းဆိုင်ရာ စက်ပစ္စည်းအစိတ်အပိုင်းတွေအတွက် Netherlands နိုင်ငံက NXP ဆိုတဲ့တံဆိပ်၊ Wi-Fi တို့ Bluetooth တို့စတဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေအတွက် Huawei ကိုယ်ပိုင်ဖြစ်တဲ့ HiSilicon ဆိုတဲ့တံဆိပ်နဲ့ ကျန်အစိတ်အပိုင်းများကို Japan, Taiwan စတဲ့နိုင်ငံတွေက အမှတ်တံဆိပ်တွေကို အသုံးပြုပြီး ယခင် US ကပံ့ပိုးမှုအပိုင်းတွေကို အကုန်အစားထိုးပလိုက်တာကို တွေ့ရပါတယ်။

Huawei ဖုန်းအတွက် အစိတ်အပိုင်းအသုံးပြုပစ္စည်းများ

တကယ်တော့ Huawei ဟာ US ပစ္စည်းတွေကို ထည့်သွင်းအသုံးပြုဖို့ ဆန္ဒရှိပြီးသားဆိုပေမဲ့ US အစိုးရရဲ့ ပိတ်ပင်မှုတွေကြောင့် အခြား အကောင်းဆုံးတွေကို ရှာသုံးထားရတာဖြစ်တယ်ဆိုပြီး ပြောရေးဆိုခွင့်ရှိသူ တစ်ဦးရဲ့ ပြောဆိုမှုအရ သိရပါတယ်။

Huawei ဟာ US ထုတ် စက်ပစ္စည်းတွေကို အသုံးမပြုထားပေမဲ့ အချို့ဖုန်းတွေမှာတော့ ပိုကောင်းတဲ့အရည်အသွေးအတွက် လက်ကျန်  ရှိနေသေးတဲ့ US ပစ္စည်းတွေသုံးနေရပါသေးတယ်။ ဥပမာ ပိုပြီး High-end ဖြစ်တဲ့ Mate 30 Pro မှာဆိုရင် Qualcomm နဲ့ Texas Instruments စတဲ့ US ပစ္စည်းတွေကို သုံးထားသေးတာမျိုးတွေကို တွေ့ရှိရပါတယ်။

Huawei ဟာ ကမ္ဘာ့ စီးပွားစျေးကွက်အကြီးဆုံး လုပ်ငန်းတွေထဲမှာ ပါတာမှန်ပေမဲ့ US ရဲ့ထောက်ပံ့မှုတွေ ရပ်ဆိုင်းသွားတဲ့အခါ အကြပ်အတည်းတွေ တွေ့လာပါတယ်။ Google ရဲ့ပိတ်ဆို့မှုကြောင့်လည်း Huawei ဟာကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဖို့ အခက်အခဲတွေဖြစ်လာခဲ့ပါတယ်။ ကိုယ်ပိုင် OS ဖြစ်တဲ့ HongMeng OS ကို ထုတ်ထားတယ်ဆိုရင်တောင်မှ နှစ်ရှည်ကြာ သုံးပြီး အရိုးစွဲစွဲဖြစ်နေတဲ့ Android ကိုတော့ မီဖို့ခက်နေပါသေးတယ်။ ခုနောက်ဆုံးထွက်ထားတဲ့ ဖုန်းတွေမှာလည်း Andorid ကိုသုံးထားဆဲပဲဖြစ်ပါတယ်။

Ref: The Verge

Previous
Previous

Intel စမတ်ဖုန်း Modem လုပ်ငန်းကို $1 Billion နဲ့ ပိုင်ဆိုင်သွားတဲ့ Apple

Next
Next

Galaxy A51 နဲ့ A71 ဖုန်းတွေကို ဒီဇင်ဘာလထဲ မိတ်ဆက်လာနိုင်တဲ့ Samsung