Galaxy A51 နဲ့ A71 ဖုန်းတွေကို ဒီဇင်ဘာလထဲ မိတ်ဆက်လာနိုင်တဲ့ Samsung

Galaxy S11 စီးရီးတွေရဲ့ ရှေ့ပြေးမော်ဒယ်လို့တောင် ပြောနိုင်တဲ့ A စီးရီး တွေကို ဒီဇင်ဘာလထဲမှာ မြင်ရပါဦးမယ်။ သေချာတာကတော့ Mid-range Level ကိုမှ နောက်ထပ် ရွေးချယ်စရာ A စီးရီးလို့ ပြောနိုင်သလို Samsung Vietnam Tease လုပ်ပုံအရ ဒီဇင်ဘာလ ၁၂ လောက်ကျရင် မြင်ရနိုင်ပါတယ်။

[youtube https://www.youtube.com/watch?v=pM2TZVhVRdU?feature=oembed&w=480&h=270]
Credit Notebookcheck

Teaser Video အရ ပြောရမယ်ဆိုရင် Galaxy Note10 လို Infinity-O Display နဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ Galaxy S11 စီးရီးမှာလည်း ခုလိုဒီဇိုင်းမျိုး သုံးလာမယ်လို့ ယုံကြည်ရပြီး Samsung အနေနဲ့ Display ပိုင်း ထပ်မတိုးသေးဘူးလို့လည်း သုံးသပ်နိုင်ပါတယ်။

A51 ၊ A71 တွေမှာတော့ Note10 Display ဒီဇိုင်းယူထားပေမယ့် Curved Edge ပါလာမှာ မဟုတ်ပါဘူး။ ကင်မရာပိုင်းအနေနဲ့လည်း တောက်လျှောက် Leak ဖြစ်နေတဲ့ စတုရန်းပုံစံ ကင်မရာပုံစံနဲ့ ထွက်လာမှာ ဖြစ်ပါတယ်။

Triple ဒါမှမဟုတ် Quad Camera အသုံးပြုလာနိုင်ပြီး လက်ရှိရောင်းချနေတဲ့ Galaxy A50 ၊ A50s နဲ့ A70 နေရာကို အချိန် ၄ လ အတွင်း အစားထိုးသွားမှာ ဖြစ်ပါတယ်။

Galaxy A50
Previous Galaxy A50 (Photo: AndroidPit)

Galaxy A51 Specification

6.2” AMOLED Display
Exynos 9611 SoC
Mali-G72 MP3
4GB/6GB RAM
64GB/128GB Storage
4,000 mAh Battery

Galaxy A71 Specification

6.7” AMOLED Display
Snapdragon 675 SoC
6GB/8GB RAM
128GB Storage
4,000 mAh Battery (25W Charger Included)

ဒီအချက်တွေတိုင်းသာဆိုရင် Generation Refresh မဟုတ်ဘဲ Minor Upgrade လုပ်လိုက်တာလို့ ပြောနိုင်ပါတယ်။ Display နဲ့ ကင်မရာပိုင်း ပြောင်းလဲသွားမှာမဟုတ်သလို သုံးထားတဲ့ SoC က အတူတူဖြစ်နေတယ်၊ A71 ရဲ့ Snapdragon 675 SoC ဆိုတာကလည်း ၂၀၁၉ နှစ်ကုန်ပိုင်းဖုန်းတစ်လုံးတွက် စဥ်းစားစရာ ဖြစ်နေပါတယ်။

Source: GizmoChinaNotebookCheck

Previous
Previous

US ထုတ်ပစ္စည်းတွေ လုံးဝမသုံးထားတဲ့ Huawei Mate 30

Next
Next

Google Photos အသုံးပြုခွင့်ပေးလိုက်တဲ့ Facebook