Google Photos အသုံးပြုခွင့်ပေးလိုက်တဲ့ Facebook

Facebook ကတော့ လက်ရှိ အကောင်ထည်ဖော်နေဆဲ ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Data Transfer Project ကို လူသိရှင်ကြားဖြစ်အောင် ထုတ်ပြလိုက်ပါပြီ။ ဒါကတော့ Facebook ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို Apple ၊ Google ၊ Microsoft နဲ့ Twitter လို Platform တွေမှာ သိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Google Photos မှာ Facebook ဓာတ်ပုံနဲ့ ဗီဒီယိုတွေ သိမ်းဆည်းလို့ရအောင် စီမံထားပြီဖြစ်ပြီး အိုင်ယာလန်နိုင်ငံမှာ စမ်းသပ်နေပြီဖြစ်ပါတယ်။ တခြားဒေသတွေဆီကိုတော့ ၂၀၂၀ ကာလ အစောပိုင်းလောက်မှာ ရောက်ရှိလာမယ်လို့ ကြေညာထားပါတယ်။

ဒါကြောင့် Facebook မှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ အမြောက်မြားတင်ထားသူတွေ Google Photo ထဲမှာပါ Data Transfer လုပ်ပြီး သိမ်းထားနိုင်မယ်။ နောက်ပိုင်းကာလတွေမှာ iCloud နဲ့ OneDrive တို့နဲ့ပါ အသုံးပြုလာနိုင်မယ်လို့ သိရပါတယ်။

Social Media App
Social Media App

Data Transfer Project ကို ၂၀၁၈ ကတည်းက ကြေညာထားတာဖြစ်ပြီး ပဏာမ ခြေလှမ်းအနေနဲ့ ပေါ်ထွက်လာတာတော့ Microsoft ၊ Google ၊ Apple တို့နဲ့ Facebook အကြား Data ကူးပြောင်းမှု လွယ်ကူအောင် Collaborate လုပ်တာလို့ ပြောနိုင်ပါတယ်။

၂၀၁၀ တုန်းက Download Your Information ဝန်ဆောင်မှုနဲ့ လုံခြုံစိတ်ချရတဲ့ ကိုယ်ရေးအချက်လက်၊ ဒေတာ ရရှိခဲ့သလို အခု Data Transfer ဝန်ဆောင်မှုကိုလည်း လုံခြုံမှုရှိရှိ၊ စိတ်ချချနဲ့ အသုံးပြုနိုင်အောင် အခုလို ပေးစွမ်းသွားမယ်လို့ သိရပါတယ်။

Security (လုံခြုံမှုအဆင့်)

အင်တာနက်ပေါ်မှာ ပို့လိုက်တဲ့ ဘယ်ဒေတာ မဆိုလုံခြုံမှု မရှိပါဘူး။ ဒိအတွက် OAuth လို့ ခေါ်တဲ့ Security Protocol နဲ့ ဘယ်သူက ဘယ်နေရာကနေပို့မယ်၊ ပို့မယ့် Destination က ဘယ်နေရာ စသဖြင့် Authenticate မှာ ဖြစ်ပါတယ်။

ဒါကြောင့် Permission Access တစ်ခုပေါ်လာမှာ ဖြစ်ပြီး ပို့မယ့်လူက Approve ဖြစ်မှသာ Data Transfer လုပ်မှာ ဖြစ်ပါတယ်။ ပို့ဆောင်မှုပြီးသွားရင်လည်း အလိုလျောက် Access ပျက်သွားမှာ ဖြစ်ပါတယ်။

Reliability

Secure လုံခြုံနေပြီဆိုမယ့် ပုံပေါင်း သောင်းခြောက်ထောင် (ဥပမာ- ပုံ ၁,၀၀၀) ပို့မယ်ဆိုရင် ကန့်သတ်ချက်တွေရှိလာမှာပါ။ Facebook အဆိုရ များပြားတဲ့ပုံတွေကို တစ်ချီထဲပို့ရင် လက်ခံမယ့် Server ဆီမှာ Overload မဖြစ်စေဖို့ ဒါမှမဟုတ် Bottleneck မဖြစ်စေဖို့ Data Rate ကို ကန့်သတ်တာမျိုးနဲ့ Manage လုပ်စေမယ်လို့ သိရပါတယ်။

ဘယ်လိုလုပ်မလဲဆိုရင် Request လုပ်နိုင်တဲ့ အကြိမ်အရေတွက်နဲ့ ကန့်သတ်လိုက်မှာဖြစ်ပြီး ပုံ ၁,၀၀၀ ပို့မယ့်လူဟာ ၂ ကြိမ် ၊ ၃ ကြိမ် စသဖြင့် ခွဲပို့နိုင်အောင် စီမံမှာ ဖြစ်ပါတယ်။ ဒါမှလည်း Overload မဖြစ်သလို အမှားနည်းမှာလည်း ဖြစ်ပါတယ်။

Source: GSMArena ၊ Facebook Engineering

Previous
Previous

Galaxy A51 နဲ့ A71 ဖုန်းတွေကို ဒီဇင်ဘာလထဲ မိတ်ဆက်လာနိုင်တဲ့ Samsung

Next
Next

OLED အစားထိုး Mini-LED iPad နဲ့ Macbook Pro ထုတ်ဦးမယ့် Apple