OLED အစားထိုး Mini-LED iPad နဲ့ Macbook Pro ထုတ်ဦးမယ့် Apple
Apple အနေနဲ့ မျိုးဆက်သစ် iPad နဲ့ MacBook Pro Display တွေမှာ Mini-LED နည်းပညာ အသုံးပြုလာမယ်လို့ သတင်းပေါက်ကြားလာပြီဖြစ်ပြီး အစောဆုံးအနေနဲ့ ၂၀၂၀ မှာ မြင်ရနိုင်ပါတယ်။
Mini-LED ကို အလွယ်ကူဆုံး ပြောရရင် Samsung သုံးနေတဲ့ Q-LED (Quantum Dot Display) နည်းပညာနဲ့ ခပ်ဆင်ဆင်လို့ ပြောနိုင်ပါတယ်။ ၂၀၁၈ နှောင်းပိုင်းကာလတွေမှာလည်း Macro ၊ Nano LED တွေကို သုတေသီတွေ စမ်းသပ်နေပြီ ဖြစ်ပြီး အားသာချက်တွေ ထောက်ပြရရင်
Local Dimming လုပ်နိုင်ခြင်း
Wide Color Gamut ပိုင်ဆိုင်ခြင်း
Contrast ကောင်းမွန်ခြင်းနဲ့
Dynamic Range ကောင်းမွန်ခြင်းတို့ပဲ ဖြစ်ပါတယ်
ဒါတွေဟာ Mini-LED နည်းပညာရဲ့ အားသာချက်တွေဖြစ်ပြီး ပိုပြီးတော့ အနုစိပ်သွားတဲ့ Macro တွေလောက် စွမ်းအင်ချွေတာတဲ့နေရာမှာ Masterpiece မဖြစ်သေးပါဘူး။ OLED Display ကသာ Burn-in ဖြစ်လွယ်တာမလို့ ရေရှည် သုံးဖို့ မကိုက်သလို အလင်း အတိုး၊ အလျှော့ လုပ်တဲ့အခါ ကာလာ မမှန်တော့လို့ Professional သုံးမယ်ဆိုရင် မကိုက်ပြန်ပါဘူး။

သေချာတာကတော့ OLED Panel လောက် Perfect Black ကို မပိုင်ဆိုင်သေးသလို Infinite Contrast ရရှိဖို့ဆိုတာ ဝေလာဝေးလို့ပြောရဦးမှာပါ။ Ming-Chi Kuo အဆိုရ ပြောရရင်လည်း Mini-LED နည်းပညာကို Apple စမ်းသပ်နေတယ်လို့ ထုတ်ပြောလိုက်ပြီး iPad Pro နဲ့ 16" MacBook Pro တွေမှာ သုံးလာမယ်လို့ ခန့်မှန်းထားပါတယ်။
Kuo အဆိုရ iPad Pro မော်ဒယ်အသစ်ကို ၂၀၂၀ တတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) ကာလမှာ Upgrade လုပ်လာနိုင်ပြီး Apple A14X SoC နဲ့ ပွဲထွက်လာမယ်လို့ သုံးသပ်ထားပါတယ်။

လက်ရှိ 16" MacBook Pro တွေက Powerful ဖြစ်ပေမယ့်လည်း ပိုစွာတဲ့ Windows Laptop တွေ ရှိနေတာကြောင့် စတုတ္ထသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) ကာလတွေမှာ Generation Refresh လုပ်ဦးမယ်လို့ တွက်ထားပါတယ်။
ဒါကြောင့် Apple အနေနဲ့ ပိုပြီးတော့ Professional ဆန်လာမယ့် iPad Pro ၊ MacBook Pro တွေအဖြစ် Mini-LED ကို ပထမဆုံး ချပြလာမယ်လို့တော့ မျှော်လင့်ရပါတယ်။ အစောဆုံး မဟုတ်ရင်တောင် ၂၀၂၁ အထိလျာထားတဲ့အတွက် ၂ နှစ်တာ ကာလတွေမှာ ဘာ Display နည်းပညာ ထပ်ပေါ်လာဦးမလဲကိုလည်း စောင့်ကြည့်ရဦးမှာပါ။