Samsung Galaxy S10 အတွက် Android 10 Update ထွက်ရှိလာ
သိပ်မကြာခင်တုန်းက Samsung ကနေပြီးတော့ Android 10 အခြေကိုအခြေခံထားတဲ့ One UI 2.0 ကိုထုတ်မယ်ဆိုပြီး ကြေညာခဲ့ထားပြီး ၂၀၂၀ ဇန်နဝါရီလောက်မှာ စတင်ဖြန့်ဝေမယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။
ခုတော့ ၂၀၁၉ နှစ်တောင်မကုန်သေးဘဲနဲ့ ဒီ Update ကို Germany မှာရှိတဲ့ Samsung Galaxy S10 အသုံးပြုသူတွေအချို့ စတင်အသုံးပြုလို့ရနေပြီဖြစ်ပါတယ်။
ခုချိန်မှာတော့ Germany မှာရှိတဲ့ Samsung Galaxy S10 တွေထဲကမှ One UI 2.0 ရဲ့ Beta Program သုံးတဲ့သူတွေအတွက်ပဲ ထွက်ရှိသေးတာဖြစ်ပြီး နောက်ပိုင်းမှာမှ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိလာမှာဖြစ်တယ်လို့ဆိုပါတယ်။
SamMobile ကပြောတာအရဆိုရင် ဒီ Update အသစ်ဟာ Beta Program မှာပါပြီးသားသူတွေအတွက် 140MB လောက်ပဲရှိပြီး၊ ရိုးရိုးသုံးသူတွေအတွက်ဆို 2GB လောက်ရှိမယ်လို့ ဆိုပါတယ်။ ဒီUpdate နဲ့အတူ Android ရဲ့ December Security Patch ပါလာတယ်လို့ဆိုပါတယ်။
အကယ်၍ ဒီ Update ထွက်လာတာဟာ မတော်တဆအဖြစ်အပျက်တစ်ခုမဟုတ်ဘူးဆိုရင် Samsung ကကြေညာထားတာထက် စောပြီး ကမ္ဘာတစ်ဝှမ်းမှာ Update တွေရလာဖွယ်ရှိတယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်ကိုယ်တိုင် စစ်ကြည့်ချင်တယ်ဆိုရင် Settings > Software Update ကနေစစ်ကြည့်လို့ရပါတယ်။
Ref: 9to5Google, Android Central