Apple ရဲ့ Leadership Team ကနေ တရားဝင်နုတ်ထွက်သွားပြီဖြစ်တဲ့ Jony Ive
1966 ကတည်းက Apple ရဲ့ Design Team ကိုဦးဆောင်လာတဲ့ Jony Ive ဟာ ဒီနေ့ပဲ Apple ကနေ တရားဝင်ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ သူထွက်ခွာသွားတာနဲ့အလျောက် သူ့ရဲ့ Profile ဟာ Apple ရဲ့ Leadership စာမျက်နှာကနေ နှုတ်ဆက်သွားခဲ့ရပြီဖြစ်ပါတယ်။
Jony Ive ထွက်ခွာသွားပြီဆိုတော့ Apple ရဲ့ Design Team ကိုဦးဆောင်မယ့် ဆက်ခံသူဟာ Evans Hankey ဖြစ်လာနိုင်ပါတယ်။ Evans Hankey ဟာ အချို့လူတွေရဲ့ ပြောစကားအရ ဆန်းသစ်ဖန်တီးနိုင်စွမ်းထက် စီမံခန့်ခွဲနိုင်တဲ့ဘက်ကို ပိုသွားတဲ့သူဖြစ်တယ် ဆိုပြီး ဝေဖန်ထားတာမျိုးတွေတော့ရှိပါတယ်။ သူ့ရဲ့ Profile ကိုတော့ Leadership စာမျက်နှာမှာမထည့်ရသေးဘဲ ခုဆိုရင် Apple ဟာ Chief Design Officer လစ်ဟာနေသလိုဖြစ်နေပါတယ်။

Jony Ive ဟာ Apple ကနေ နုတ်ထွက်သွားပြီးတော့ သူ့ရဲ့ ငယ်သူငယ်ချင်းလည်းဟုတ်၊ အချိန်အကြာကြီး အတူလက်တွဲအလုပ်လုပ်လာတဲ့ Marc Newson ဆိုတဲ့သူနဲ့အတူပူးပေါင်းပြီးတော့ LoveFrom ဆိုတဲ့ Design Company အသစ်တစ်ခုကို တည်ထောင်တော့မှာဖြစ်ပါတယ်။
Ive ရဲ့ကုမ္ပဏီအသစ်မှာ Apple ကသူ့ရဲ့ Client အနေနဲ့လက်ခံမှာဖြစ်ပြီး Jony Ive အနေနဲ့ Apple Product တွေရဲ့ Design ပိုင်းမှာ ပူးပေါင်းပါဝင်ဦးမှာဖြစ်ပါတယ်။ ဒီတော့ Jony Ive ဟာ Apple ကနေနုတ်ထွက်သွားပေမဲ့ အဝေးကနေကူညီပြီး Tim Cook နဲ့အတူ Apple ရဲ့ သီးသန့် Project တွေမှာ ပါဝင်ပြီး သူ့ရဲ့ ကျန်ခဲ့တဲ့ Design Team နဲ့အတူ တွဲပြီး Design ဘက်မှာ ဆက်လုပ်နေဦးမှာပါ။
Jony Ive နဲ့အတူကုမ္ပဏီ အသစ်ထောင်မယ့် Newson ဟာလည်း Apple Design မှာ Jony Ive ကိုတော်တော်များများ ကူညီခဲ့တာဖြစ်ပြီး Apple Watch ဒီဇိုင်းနဲ့ Signature ဖြစ်တဲ့ Diamond Ring ဟာသူတို့နှစ်ယောက်ရဲ့ ပူးပေါင်းလုပ်ဆောင်မှုဖြစ်ပါတယ်။ နောက်လည်း သူတို့နှစ်ယောက်ရဲ့ ဖန်တီးမှုတွေနဲ့အတူ Apple Product ရဲ့ဆန်းသစ်တဲ့ဒီဇိုင်းတွေကို ဘယ်လိုမြင်တွေ့ရဦးမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။
Ive ဟာ Apple ကနေမထွက်သွားခင်မှာ Design Team အတွက်တာဝန်တွေပျက်ကွက်ခဲ့ပြီး လက်အောက်ကလူတွေနဲ့အလုပ်လုပ်ရတာ အဆင်မပြေဖြစ်တာတွေများလာတဲ့အတွက်ကြောင့် နုတ်ထွက်သွားတယ်လို့ လူအများက ယူဆထားကြပါတယ်။