Content Creation ပိုင်းတွက် အကောင်းဆုံး Laptop ဖြစ်လာတဲ့ Zenbook Pro Duo
နည်းပညာသစ်တွေ ဖော်ဆောင်နေတဲ့ ASUS အနေနဲ့ Computex 2019 မှာ အထူးဆန်း လုပ်သွားတာလေး ရှိပါတယ်။ တချို့ Media တွေက Laptop of 2020 လို့ တင်စားပြောကြသလို Multi-tasking သမားတွေအနေနဲ့ ကောင်းမွန်တဲ့ Laptop လို့ ရည်ညွန်းကြတဲ့အထိ ဆန်းသစ်ထားတယ်။
ဟုတ်ပါတယ်၊ စားပွဲမှာ Monitor ၂ လုံးထားပြီး ကီးဘုတ်၊ မောက်စ်ကြိုးတွေလိုက်တပ် တောင်ရွှေ့၊ မြောက်ရွှေ့နဲ့ အလုပ်လုပ်တာ တွင်ချင်ကောင်းတွင်နိုင်ပေမယ့် နေရာရှုပ်ပါတယ်။ ဖြစ်နိုင်ရင် Wireless တွေနဲ့ချိတ်ပြီး Monitor ကြီး သီးသန့်နဲ့ အလုပ်လုပ်တာ ပိုကောင်းတယ်ဆိုမယ့် လုံးဝ Portable မဖြစ်ပါဘူး။
ဒါကြောင့်ပဲလားမသိပါဘူး၊ ASUS ကနေ Minimalist ဖြစ်သွားအောင် Zenbook Duo နဲ့ Pro Duo နာမည်တပ်ထားတဲ့ Laptop ၂ မျိုးကို (Computex 2019) မှာ မိတ်ဆက်သွားပါတယ်။ ကျနော်တို့ဆီမှာတော့ အောက်တိုဘာလထဲမှ ရောက်ရှိလာတာဖြစ်ပြီး ထူးခြားချက်လေးတွေကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။
What are they?
အရိုးရှင်းဆုံး ပြောရရင် Premium ဆန်တဲ့ Zenbook တွေ ဖြစ်ပါတယ်။
Why?
ဘာလို့လဲဆိုတော့ Computex 2018 တုန်းက 5.5” ScreenPad ပါဝင်လာတဲ့ Zenbook Pro 15 နဲ့ Revolutionary Item အနေနဲ့ အရင်စခဲ့တာ ဖြစ်ပါတယ်။
Touchpad နေရာမှာ 5.5” ScreenPad အစားထိုးလိုက်တာ ဖြစ်ပေမယ့် ရှိရင်းစွဲ နည်းပညာတစ်ခုကိုပဲ Replace လုပ်တာနဲ့ အတူတူဖြစ်နေပါတယ်။
Dual Screen is now a Thing
ဒါကြောင့်ပဲ မျက်နှာပြင် ကျယ်ကျယ်ပေးနိုင်တဲ့ Zephyrus Gaming Laptop အိုင်ဒီယာကို Optimze ပြန်လုပ်ပြီး ကျနော့်အထင်ရ ဒီနည်းပညာမှာ ဘယ်လောက်ထိ PowerHouse ပေးနိုင်သလဲ? ဘယ်လောက်ထိ Portable ဖြစ်မလဲ စသဖြင့် စမ်းသပ်ရင်း အခုလို Zenbook Duo နဲ့ Zenbook Pro Duo ကို မြင်တွေ့လာရပြီ ဖြစ်ပါတယ်။

ဒီဇိုင်း
ပထမဆုံးအနေနဲ့ ဒီဇိုင်းကပဲ စပြောကြတာပေါ့။ Zenbook Duo (UX481) ၊ Zenbook Pro Duo (UX581) ၂ မျိုးလုံးဟာ ကိုယ်ထည်တစ်ခုလုံးကို Almuminium သတ္ထုစပ်နဲ့ ပြုလုပ်ထားပါတယ်။
Brushed Aluminium Finish မဟုတ်တဲ့အတွက် Zenbook မျက်နှာပြင်တွေဟာ Reflection ပြန်လွယ်ပြီး လက်ဗွေရာ ထင်လွယ်ပါတယ်။
အဖြူရောင် Body မှာ မသိသာပေမယ့် UX481 နဲ့ UX581 တွေဟာ အပြာရောင်ဖြစ်တဲ့အတွက် ဒီအားနည်းချက်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Military Standard 810G
ခုနောက်ပိုင်း Zenbook တွေမှာ Military Grading တွေနဲ့ Drop Test ၊ Temperature Test အစရှိတဲ့ Test Field တွေကို ၈ မျိုး အထိ စမ်းသပ်ပြီးမှ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့် Rigid ဖြစ်တယ်ဆိုတဲ့ ခံစားချက်နဲ့ Body က တောင့်တောင့်တင်းတင်းဖြစ်နေတယ်ဆိုတဲ့ Feedback ရမှာက ကျိန်းသေဖြစ်ပါတယ်။

UX581 မှာတော့ ပိုပြီးတော့ စွမ်းဆောင်ရည်ကောင်းတဲ့ Component တွေ အသုံးပြုထားတဲ့အတွက် Body ပိုထူပြီး Weight ပိုလေးပါတယ်။
Thermal Vent တွေကို အရွယ်စားကြီးကြီး သုံးထားတာဖြစ်တဲ့အတွက် ဒီဇိုင်းပိုင်းမှာ ဆွဲဆောင်မှုနည်းပါတယ်။ Ports တွေနဲ့ Vent တွေကို တပ်ဆင်ထားတဲ့ Lining ကို Metal နဲ့ ပြုလုပ်ထားပေမယ့် Edge တွေက တော်တော်လေး Sharp ဖြစ်ပါတယ်။ ဒါကြောင့် ရုတ်တရက် ထိမတာနဲ့ မလိုက်တဲ့အခါမျိုးမှာ Damage မဖြစ်စေဖို့တွက် သတိပြုရမှာ ဖြစ်ပါတယ်။
Display (The All 4K Touch)
ဒီဇိုင်နာ သမားအတွက် အခရာ အကျဆုံးကတော့ Display ပါ။ Professional ဆန်သွားရင်တောင် Panel Choice က 4K ရှိမယ့်အပြင် OLED HDR နဲ့ IPS ဆိုပြီး ထပ်ရွေးနိုင်ပါတယ်။
ပိုစျေးသက်သာတဲ့ UX481 မှာတော့ IPS Panel ၁ မျိုးပဲ သုံးထားမှာ ဖြစ်ပြီး Full HD Resolution နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဘာထူးသေးလဲ?
အခုလို Dual Display ၊ Dual 4K ဖြစ်သွားတဲ့အတွက် Productivity ဖြစ်လာတဲ့ အပိုင်းတွေ အများကြီး ရှိပါတယ်။ ဥပမာ Multi-tasking သမားဆိုရင် Software တွေကို ၆ ခုကနေ ၈ ခုထိ Panel ၂ မျိုးမှာ တပြိုင်နက် အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
Content Creator ဆိုရင် Dual Panel ကိုပေါင်းပြီး ၁ ခုထဲကြည့်မလား ဒါမှမဟုတ် Main Panel ကို Reference ထားပြီး Secondary Screen နဲ့ အလုပ်လုပ်မလား နှစ်သက်သလို သုံးနိုင်ပါတယ်။

Video Editior နဲ့ ဒီဇိုင်နာဆိုရင်တော့ 4K Display ၂ လုံးက တကယ့်ကို အကျိုးပေးမှာ ဖြစ်ပါတယ်။ Colour ချိန်ဖို့တွက် IPS ကို ရွေးနိုင်တယ်၊ HDR Content တွေ အသုံးပြုဖို့အတွက် OLED ကြီးမှာ ကလိနိုင်တယ် စသဖြင့် ပိုပြီးတော့ သက်တောင့်သက်သာ အလုပ်လုပ်နိုင်ပါတယ်။
ဂိမ်မာတွေအတွက် ကစားရင်း Streaming လွင့်တာကို Secondary Screen မှာ Chat နိုင်တယ်၊ Reply ဖတ်နိုင်တယ် စသဖြင့် သုံးနိုင်မှာ ဖြစ်ပါတယ်။ ပုံဆွဲချင်လား? Stylus Pen နဲ့ ဆွဲနိုင်ပါတယ်။ အဲ့လောက်ထိ သုံးလို့ရတယ်ဆိုမယ့် ဂိမ်းကစားဖို့ အားမပေးချင်ပါဘူး။
Performance
စွမ်းဆောင်ရည်ပိုင်းမှာတော့ UX581 မှာ i7-9750H နဲ့ i9-9980HK ၂ မျိုး ရွေးနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ Power User ဆိုရင်တော့ i9 မော်ဒယ်ကို ရွေးချယ်စေလိုပါတယ်။
ဘာလို့လဲဆိုတော့ 8-core Chip ဖြစ်တဲ့အတွက် ဒီ Zenbook Pro Duo ဟာ i9 ရဲ့ အမြင့်ဆုံး Turbo Frequency ကို အချိန်ကြာကြာ ထိန်းထားနိုင်တဲ့အတွက် ဖြစ်ပါတယ်။
ဒါကြောင့်ပဲ Thermal Design ပိုကောင်းသွားတယ်လို့ သုံးသပ်ရပြီး တကယ့် Powerful Loading နဲ့ သုံးတဲ့အခါမှာလည်း ထူးခြားချက် တချို့ တွေ့ရပါတယ်။ ပထမဆုံးကတော့ 12V Fans ၂ လုံးပါ။

ဒီကောင်တွေက ROG Gaming Laptop တွေမှာ သုံးနေကြဆိုပေမယ့် Zenbook Pro Duo မှာ သက်တောင့်သက်သာနဲ့ Cooling လုပ်ပေးနိုင်ပါတယ်။
ဘာကို ပြောချင်တာလဲဆိုတော့ Fan Noise က 40 dBA အထိပဲ တက်မှာဖြစ်ပြီး Silent Operation အတွက် ကောင်းပါတယ်။
နောက်တစ်ချက်ကတော့ Heatpipe ၅ ချောင်းထိ သုံးထားတာဖြစ်တဲ့အတွက် Cooling Solution ကြီးက တော်တော်ကြီးတယ်လို့ ပြောနိုင်တယ်။ အဲ့ဒါကြောင့်ပဲ Laptop ကိုယ်ထည်ကို နွေးနွေးလေး ဖြစ်တယ်လို့ ခံစားရမှာဖြစ်ပြီး Full Load သုံးနေရင် Hot Spot တွေကို Secondary Screen နားတဝိုက် ခံစားရမှာ ဖြစ်ပါတယ်။
UX481 မှာတော့ ULV Core (10th i7-10510U နဲ့ i5-10210U) သုံးထားတာ ဖြစ်တဲ့အတွက် ဒီပြဿနာတွေ ကင်းဝေးမှာ ဖြစ်ပါတယ်။
ပြောချင်တဲ့ နောက်တစ်ချက်က Graphics Card ပါ။ UX581 မှာ RTX 2060 သုံးထားမှာဖြစ်ပြီး UX481 တွေမှာတော့ MX250 Graphics ကို သုံးစွဲပေးထားမှာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် နှစ်သက်ရာ Performance အလိုက် ရွေးချယ်စေလိုပြီး အကြုံပြုလိုတာက Gaming ကို မေ့ထားစေချင်ပါတယ်။
ဘာလို့လဲဆိုတော့ ဒီ Zenbook တွေဟာ Content Creation အပိုင်းနဲ့ Multimedia ပိုင်းတွက် Optimize ဖြစ်တဲ့ Studio Laptop တွေ ဖြစ်နေလို့ပါ။
Connectivity
Laptop တစ်လုံးအတွက် Ports တွေ စုံစုံလင်လင်ပါဝင်တာ ကောင်းတယ်ဆိုတဲ့အတိုင်း UX581 နဲ့ UX481 တွေမှာလည်း USB 3.1 ၊ Type-C (40Gbps UX581) ၊ HDMI နဲ့ Audio Jack Port တွေ ပါမှာဖြစ်ပါတယ်။
စိတ်မကောင်းစရာကတော့ UX581 မော်ဒယ်မှာ SD Card Slot မပါပါဘူး။
Windows Hello
ဒါကတော့ Security ပိုင်းတွက် ဖြည့်စွက်ထားတာဖြစ်ပြီး မော်ဒယ် ၂ မျိုးလုံးမှာ IR Camera နဲ့ Face Unlcok Feature အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
နောက်ထူးခြားချက်က Amazon Alexa Assistant ပါပါတယ်။ ကျနော်တို့ဆီမှာတော့ Region Limit ရှိတဲ့အတွက် မသုံးနိုင်သေးပါဘူး

Zephyrus Style Keyboard
Keyboard ကို Zephyrus S Gaming Laptop စတိုင် သုံးလိုက်တာက အထွေထူးမရှိပါဘူး။ ညာဖက်မှာ Click Pad ကိုပါ တပ်ဆင်ပေးထားပြီး Windows Precison Driver နဲ့ မောင်းနှင်ထားပါတယ်။
ထူးခြားနေတာလေးက Zenbook Pro Duo ရဲ့ Keyboard အနေထားက လက်တော့ဘောင်ထက် နည်းနည်းလေး Shallow ဖြစ်ပါတယ်။ Key Space ကလည်း ကျဥ်းတဲ့အတွက် ထုံးစံအတိုင်း စသုံးရင် ကြောင်ပျောက်နေမှာပါ။
စာရိုက်ရတာ ပိုပြီးတော့ သက်တောင့်သက်သာဖြစ်စေဖို့ Palm Rest Accessory ကိုလည်း ထည့်ပေးထားပါတယ်။
Battery
ဘက်ထရီပိုင်းမှာဆိုရင်တော့ UX481 မှာ ပိုကောင်းတဲ့ Feedback ရမှာဖြစ်ပါတယ်။ ပါဝါအစားနည်းတဲ့ Component သုံးထားတာဖြစ်တဲ့အတွက် 70Wh Battery ပေါ်မှာ ၁၀ နာရီလောက် သုံးနိုင်တယ်။
UX581 မှာတော့ 71Wh Battery သုံးထားပေမယ့် Dual 4K Display ၊ i9 Processor ဖြစ်သွားတဲ့အတွက် အားကုန်မြန်ပါတယ်။
UX581 Quick Specs
Core i7-9750H (6-core) or i9-9980HK (8-core)
Up to 64GB DDR4 RAM
Up to 1TB PCIex4 Intel Optane Memory
RTX 2060 Graphics
15.6” 4K OLED HDR Display
Second Screen: 3840 x 1100 IPS Display
Price: i7 ($2,900), i9 ($3,900)
UX481 Quick Specs
Core i7-10510U (4-core) or i5-10210U (4-core)
Up to 32GB DDR4 RAM
Up to 1TB PCIex4 SSD
MX250 Graphics
14” Full HD IPS Display
Second Screen: Full HD IPS Display
Price: Around $1,500