realme XT နဲ့ Wireless realme Buds ကို မိတ်ဆက်လိုက်ပြီ

realme Myanmar ကနေ realme XT နဲ့ Bluetooth စနစ်နဲ့ ချိတ်ဆက် အသုံးပြုနိုင်မယ့် realme Buds Wireless တွေကို နိုဝင်ဘာလ ၂၇ ရက်နေ့ Lotte Hotel မှာ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

realme XT မှာဆိုရင် 64MP ISOCELL Sensor အသုံးပြုထားမှာဖြစ်ပြီး Quad Camera စနစ်နဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။ ဒါဟာ အဓိက Key Point ဖြစ်ပြီး Snapdragon 712 AIE SoC အသုံးပြုထားတဲ့ စမတ်ဖုန်းကို မြန်မာငွေ ၄၅၉,၉၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

8GB RAM နဲ့ 128GB Storage အသုံးပြုထားမှာဖြစ်ပြီး ကျယ်ပြန်တဲ့ 6.4" AMOLED Display အသုံးပြုထားပါတယ်။ realme ကတော့ Drewdrop Full Screen လို့ သုံးနှုန်းထားပြီး 91% Screen-to-body Ratio ရှိတယ်၊

ထူးခြားချက်ကတော့ Goodix G.30 Under Display Fingerprint Scanner ကို သုံးထားတာဖြစ်ပြီး တစ်စက္ကန့်ရဲ့ ၃ ပုံ ၁ ပုံ ဝန်းကျင်မှာ Unlock လုပ်နိုင်မှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းအနေနဲ့ 64MP အပြင် ၁၁၉ ဒီဂရီ ရိုက်ကူးနိုင်တဲ့ 8MP Ultra-wide Lens ၊ 2MP Macro Lens နဲ့ 2MP Depth Sensor တွေ ပါဝင်ပါတယ်။

Selfie အတွက်ကိုတော့ Sony IMX 471 Sensor ကို တပ်ဆင်ပေးထားပြီး 16MP Camera သုံးထားပါတယ်။ ဘက်ထရီပိုင်းအတွက်လည်း VOOC 3.0 Flash Charge ပါဝင်လာပြီး 4,000 mAh Battery ကို 20W Speed နဲ့ အားသွင်းပေးမှာပါ။

အခု realme XT နဲ့အတူ မိတ်ဆက်လိုက်တာက realme Buds ပဲ ဖြစ်ပြီး Bluetooth ချိတ်ဆက်မှုနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Bluetooth On/Off အတွက် Ear Buds တွေမှာ Magnetic Control ပါဝင်လာပြီး ကပ်ထားလိုက်မယ်ဆိုရင် အလိုလျောက် Disconnect လုပ်သွားမှာ ဖြစ်ပါတယ်။

ဒီ realme Buds ကို DJ Music ပညာရှင် Alan Walker နဲ့ ကြော်ငြာထားပြီး ၁၀ မိနစ် အားသွင်းမယ်ဆိုရင် မိနစ် ၁၀၀ ၊ ၇၂ မိနစ် အားသွင်းမယ်ဆိုရင် ၁၂ နာရီ အသုံးခံမှာ ဖြစ်ပါတယ်။ IPX4 (Splash Resistance) ရှိတဲ့အတွက် အားကစားလုပ်ရင်း ချွေးစိုတဲ့ဒဏ်ကိုလည်း ခံနိုင်မှာပါ။

Yellow ၊ Green နဲ့ Orange အရောင် ၃ မျိုး ထုတ်လုပ်ထားပြီး မြန်မာငွေ ၄၀,၀၀၀ နဲ့ ဒီဇင်ဘာလ အစောပိုင်းမှာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အာမခံအတွက် ၁ နှစ် ပါရှိမှာဖြစ်ပြီး Factory Fault အတွက် သီးသန့် တာဝန်ယူပေးသွားမှာ ဖြစ်ပါတယ်။

Previous
Previous

မတူတော့တဲ့ Display Size တွေနဲ့အတူ ပိုပြီးပါးလွှာတဲ့ Display နည်းပညာကို သုံးနိုင်ဖွယ်ရှိတဲ့ 2020 iPhone များ

Next
Next

Samsung Galaxy S10 အတွက် Android 10 Update ထွက်ရှိလာ