မတူတော့တဲ့ Display Size တွေနဲ့အတူ ပိုပြီးပါးလွှာတဲ့ Display နည်းပညာကို သုံးနိုင်ဖွယ်ရှိတဲ့ 2020 iPhone များ
2020 မှာထွက်မယ့် iPhone တွေဟာ iPhone 11 Series တွေထက် ပိုပြီး ကြီးတာရောပါသလို ပိုပြီးသေးတာရောပါမယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။ ဒါ့အပြင် iPhone အသစ်တွေမှာ သုံးမယ့် Display အသစ်တွေဟာလည်း အရင် Display တွေထက် ပိုပါးသွားမယ်ဆိုပြီးတော့ သတင်းတွေထွက်နေပါတယ်။
2020 မှာထွက်မယ့် အမြင့်ဆုံး iPhone တစ်လုံးဟာ Display Size 6.7-Inch နဲ့လာနိုင်ဖွယ်ရှိပြီး ထွက်ဖူးသမျှ iPhone တွေထဲမှာ အကြီးဆုံးတစ်လုံးဖြစ်လာနိုင်ပါတယ်။ ဒီအရွယ်အစားသာ မှန်မယ်ဆိုရင် 7.9-Inch ရှိတဲ့ iPad Mini ရဲ့ Display ထပ် တစ်လက်မ ကျော်လောက်ပဲ သေးတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ iPhone Xနဲ့နောက်ပိုင်းမှာ သုံးထားတဲ့ Edge-to-edge Display ကြောင့် အရမ်းကြီးတယ်လို့လည်း ခံစားရမယ်မထင်ပါဘူး။
2020 iPhone ထဲက အသေးတစ်လုံးကလည်း 5.4-Inch နဲ့လာနိုင်ဖွယ်ရှိပြီး အမှန်တကယ်ဖြစ်မယ်ဆိုရင် 5.8-Inch ရှိတဲ့ iPhone 11 Pro ထက်သေးသွားမှာဖြစ်ပါတယ်။
2020 High-end iPhone တွေမှာ သုံးမယ့် OLED Display Technology ကို Samsung ကနေပြီးတော့ ပံ့ပိုးထုတ်လုပ်ပေးမှာဖြစ်ပြီး Y-OCTA ဆိုတဲ့ နည်းပညာ (Touchscreen အလုပ်လုပ်ဖို့အတွက် နောက်ထပ် Layer မလိုအပ်တဲ့နည်းပညာ) ကိုသုံးပြီးထုတ်မှာဖြစ်တဲ့အတွက်ကြောင့် ပိုပြီးပါးလွှာတဲ့ Display ကိုပေးနိုင်ပြီး ထုတ်လုပ်ကုန်ကျစားရိတ်လည်း သက်သာသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
6.7-Inch နဲ့ 5.4-Inch iPhone မော်ဒယ်တွေကို Y-OCTA နည်းပညာသုံးထားပေမယ့် Lower-end iPhone ဖြစ်လာမယ့် 6.1-Inch iPhone ရဲ့ Display ကိုတော့ ထုံးစံအတိုင်း ဖလင်အခြေခံထားတဲ့ Display နည်းပညာပဲအသုံးပြုမှာဖြစ်ပြီး Samsung နဲ့ LG ကထုတ်လုပ်တဲ့ Display တွေသုံးနိုင်ပါတယ်။ ဒါပေမယ့်ကောင်းတာတစ်ခုက 2020 iPhone မော်ဒယ်အားလုံးမှာ OLED Display ကိုအသုံးပြုလာနိုင်ဖွယ်ရှိတာဆိုတာပါပဲ။

2020 ဟာ iPhone တွေအတွက်တော့ Major Change ဖြစ်နိုင်တယ်လို့ယူဆနိုင်ပါတယ်။ Display Size တွေနဲ့အတူ သုံးထားတဲ့ နည်းပြောင်းသွားမှာဖြစ်သလို လူကြိုက်များခဲ့တဲ့ iPhone 4 ပုံစံတူ Metal Frame တွေနဲ့ ပြန်ကွပ်မှာဖြစ်တယ်ဆိုပြီး သတင်းတွေထွက်လျက်ရှိပါတယ်။ ဒါ့အပြင် နောက် Camera မှာ 3D Sensor ကိုထည့်သုံးလာနိုင်ပြီး 5G Support နဲ့အတူ RAM ကို 6GB အထိတိုးချဲ့နိုင်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းမှုတွေ ရှိပါတယ်။