လုံခြုံရေးအားနည်းမှုကြောင့် အချက်အလက်အချို့ ပေါက်ကြားမှုကို OnePlus အတည်ပြု
လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာပဲ OnePlus မှာ လုံခြုံရေးအားနည်းမှုကြောင့် အသုံးပြုသူတွေရဲ့ အချို့သောအချက်အလက်တွေ ပေါက်ကြားသွားခဲ့ပါတယ်။ ဒါပေမဲ့ သိပ်တော့ စိုးရိမ်စရာမရှိတာမျိုးတော့ မဟုတ်ပါဘူး။
ခုဖြစ်တဲ့ လုံခြုံရေးကျိုးပေါက်မှု Security Breach ဟာ Online Store တစ်ခုကနေ Order တင်ရာကဖြစ်သွားတယ်လို့ဆိုထားပါတယ်။ ပေါက်ကြားသွားတဲ့ အချက်အလက်တွေဟာ Order Information တွေဖြစ်တဲ့အတွက်ကြောင့် အရမ်းကြီးတော့စိတ်ပူစရာမလိုပါဘူး။ ကိုယ့်ရဲ့ နာမည်တွေ၊ Shipping Address လောက်ပဲပေါက်ကြားသွားမှာပြီး OnePlus နဲ့သက်ဆိုင်တဲ့ Account အချက်အလက်တွေ၊ Password တွေနဲ့ Payment နဲ့ဆိုင်တဲ့ အချက်အလက်တွေတော့ မပါဝင်ပါဘူးဆိုတာကို အတည်ပြုထားပါတယ်။
OnePlus ရဲ့ Security Team ကနေပြီးတော့ အသုံးပြုသူတွေကို အသိပေးချက်တွေပို့ထားတာဖြစ်ပါတယ်။ ဒီလိုဖြစ်တာဟာ OnePlus ယောက်ဆောင်ပြီး ပို့နေကြတဲ့ Phishing Mail တွေ Spam Mail တွေကြောင့်ဖြစ်တယ်လို့ ပြောထားပါတယ်။
အရင်တစ်နှစ်တုန်းကလည်း OnePlus ကနေပြီးတော့ Credit Card အချက်အလက်တွေ ပေါက်ကြားခဲ့ပြီး လူအယောက် ၄သောင်းလောက်အထိ သက်ရောက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။
ခုတစ်ခါ ဖြစ်တဲ့ Security Breach ကတော့ ပိုပြီး များများစားစား သက်ရောက်မှုရှိနိုင်တယ်ဆိုပြီး ဆိုထားပါတယ်။
OnePlus ဟာ Never Settle ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာမှန်ပေမဲ့ လူလုပ်နည်းပညာဖြစ်တဲ့အတွက်ကြောင့် တစ်ချိန်မဟုတ် တစ်ချိန်ကတော့ လုံခြုံမှုအားနည်းတာမျိုးတွေ ဖြစ်မှာပါပဲ။ ဒါပေမဲ့ ဖြစ်တဲ့အကြိမ်အရေအတွက် များလာရင်တော့ လူမအများရဲ့ ယုံကြည်မှုကို ဆောင်ပုဒ်တစ်ခုတည်းနဲ့ ဆက်ဖမ်းဆုပ် နိုင်မှာ မဟုတ်တော့ပါဘူး။
Ref: Android Community