Huawei ရဲ့ iPad Pro လို့တင်စားနိုင်လောက်မယ့် MatePad Pro ကိုမိတ်ဆက်

Huawei က နိုဝင်ဘာ ၂၅ ရက်နေ့တုန်းကနေပြီးတော့ Tablet အသစ်တစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ Huawei MatePad Pro လို့ခေါ်တဲ့ Huawei ရဲ့ Tablet အသစ်ဟာ ရုတ်တရက်ကြည့်လိုက်ရင် Apple ရဲ့ iPad Pro ပါပဲ။ ဟုတ်ပါတယ်။ Android သုံးထားတဲ့ iPad Pro ပါပဲ။

MatePad Pro အသစ်ဟာ တော်ရုံတန်ရုံထက်တော့သာပါတယ်။​ ဘေးဘောင်တွေဟာ 4.9mm Bezel အထူ နဲ့ ခုံးတဲ့ အနားသားတွေပါပါတယ်။ Display Size ဟာလည်း 10.8-Inch ဖြစ်ပြီး 2560px x 1600px အထိရုပ်ထွက် Resolution ကိုပေးစွမ်းနိုင်ပါတယ်။ သုံးထားတဲ့ Screen Ratio က 16:10 ဖြစ်ပြီး Screen-to-body Ratio ဟာ 90% ရှိပါတယ်။

Huawei ရဲ့ MatePad Pro ဟာ 11-Inch iPad Pro နဲ့အတော် ထင်ယောင်မှားယောင်တောင် ဖြစ်စေနိုင်ပါတယ်။ အရှေ့မျက်နှာပြင်မှာပါတဲ့ 8MP ရှိ Hole-Punch Camera လေးဟာ ဒီထုတ်ကုန် နှစ်ခုကို ခွဲခြားပေးမယ့် ထင်ရှားအမှတ်အသားပဲဖြစ်ပါလိမ့်မယ်။ အနောက်ဘက်မှာတော့ 13MP ရှိတဲ့ Camera ကိုသုံးထားပါတယ်။


MatePad Pro မှာသုံးထားတဲ့ Processor က Mate30 မှာသုံးထားတဲ့အတိုင်း Kirin 990 ကိုသုံးထားတာဖြစ်တဲ့အတွက်ကြောင့် အထင်တော့သေးလို့မရပါဘူး။ Android 10 ကိုအခြေခံထားတဲ့ EMUI 10 ကိုသုံးထားတယ်ဆိုပေမယ့် စိတ်မကောင်းစရာကတော့ Google Apps တွေပါလာမှာမဟုတ်ပါဘူး။ RAM အနေနဲ့ 6GB နဲ့ 8GB နှစ်မျိုးရှိပြီး Storage ကို 256GB အထိတိုးချဲ့လို့ရမှာဖြစ်ပါတယ်။ Battery Pack က 7,250mAh ရှိတဲ့ Battery ကိုသုံးပြီး 40W Supercharging၊ 15W Wireless Charging အပြင် အခြားဖုန်းကိုအားသွင်းပေးနိုင်တဲ့ Reverse Wireless Charging တွေပါပါတယ်။

နောက်ထပ် iPad Pro နဲ့တူသွားစေတဲ့အချက်ကတော့ MatePad Pro ဟာ Accessories တွေအနေနဲ့ Huawei Stylus နဲ့ Clip-on Keyboard တွေပါလာတာဖြစ်ပြီး Stylus ဟာလည်း iPad Pro မှာပါသလို Wireless Magnetic Charging ကိုအသုံးပြုထားတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၂ မှာ စရောင်းမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ကြည့်လိုက်မယ်ဆိုရင် RAM 6GB နဲ့ Storage 128GB ကို တရုတ်ငွေ 3,299 ယွမ် (မြန်မာငွေ ၇သိန်းနီးပါး)၊ RAM 8GB နဲ့ Storage 256GB ကို တရုတ်ငွေ 4,999 ယွမ် (မြန်မာငွေ ၁၀သိန်းနီးပါး) လောက်ကျသင့်မှာဖြစ်ပါတယ်။ (ဒီဈေးမှာ Stylus နဲ့ Keyboard ကပါပြီးသားဖြစ်ပါတယ်။)

ခုချိန်မှာ တရုတ်နိုင်ငံတွင်းမှာပဲ ဝယ်ယူလို့ရနေသေးတာဖြစ်ပြီး ဘယ်အချိန် ပြည်ပကို တင်ပို့မလဲဆိုတာတော့ မသိသေးပါဘူး။ Specs တွေအရဆိုရင် Huawei MatePad Pro ဟာ Flagship Tablet ဖြစ်ပြီး Apple ရဲ့ iOS ကိုမကြိုက်ပေမဲ့ iPad နဲ့ဆင်တဲ့ Tablet မျိုးလိုချင်ရင် MatePad Pro ဟာမျက်စိကျစေလောက်မှာပါ။ တစ်ခုတော့ သိထားရမှာက Android သုံးထားတာဖြစ်ပေမဲ့ EMUI သုံးထားလို့ Google App တော့ရမှာမဟုတ်ပါဘူး။

[youtube https://www.youtube.com/watch?v=-ueNmEj4z_s?feature=oembed&w=480&h=270]

Ref: Cult of MacEngadget

Previous
Previous

AVG Antivirus သုံးသူအချို့ Windows 10 Update မရရှိမှုများဖြစ်ပေါ်

Next
Next

လုံခြုံရေးအားနည်းမှုကြောင့် အချက်အလက်အချို့ ပေါက်ကြားမှုကို OnePlus အတည်ပြု