120Hz Refresh Rate နဲ့လာဖို့ သေချာသွားတဲ့ Samsung Galaxy S11
2020 March ကိုတဖြည်းဖြည်းနီးလာတာနဲ့အမျှ Samsung ရဲ့ Galaxy ထုတ်ကုန်သစ်တွေအကြောင်း တစ်စတစ်စ ကြားလာရလေလေဖြစ်ပါတယ်။ Samsung ဟာ သူတို့ရဲ့ Galaxy S11 ကို Consumer Electronics Show (CES) မှာထုတ်ကြေညာဖွယ်ရှိကြောင်းလည်း ခန့်မှန်းထားကြပါတယ်။
Samsung ကတော့ ဘာမှတိတိကျကျ ပြောထားသေးတာမရှိပေမဲ့ Samsung Galaxy S11 နဲ့ပတ်သက်တဲ့ အရိပ်အမြွက်တွေဆက်တိုက်ပေါက်ကြားနေတာဖြစ်ပါတယ်။ ခုတစ်ခါမှာလည်း Samsung ဟာ Galaxy S11 မှာ 120Hz Refresh Rate ရှိတဲ့ Display ကိုအသုံးပြုဖွယ်ရှိကြောင်း တော်တော်ခိုင်လုံတဲ့အထောက်အထားရပါတယ်။
ဒီအထောက်အထားကို Samsung နဲ့ပတ်သက်တဲ့ ပေါက်ကြားမှုတွေကို ထုတ်ဖော်တဲ့အခါမှာ နာမည်ကြီးသူဖြစ်တဲ့ Ice universe (Twitter: @UniverseIce) တင်ထားတာဖြစ်ပါတယ်။
Someone found 120Hz in Note9's One UI 2 Beta! (hidden settings) pic.twitter.com/ii1fNic1YE
— Ice universe (@UniverseIce) November 20, 2019
သူဟာ Samsung Galaxy S11 ဟာ 120Hz Refresh Rate ရှိတဲ့ Display ကိုသုံးနိုင်တယ်ဆိုတဲ့ အထောက်အထားကို Note 9 မှာပါတဲ့ One UI 2 Beta ရဲ့ Hidden Settings ထဲမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
One UI ရဲ့ Beta 2 ဟာ Display Rate ကိုပြောင်းနိုင်တဲ့ Settings သုံးခု ပါဝင်လာတယ်ဖြစ်ပါတယ်။ တစ်ခုက 60Hz၊ တစ်ခုက 120Hz ဖြစ်ပြီး နောက်တစ်ခုကတော့ 60Hz ရဲ့ 120Hz ကို Device Usage အရအလိုလိုနေရင်းပြောင်းပေးနိုင်တဲ့ Mode တွေဖြစ်ပါတယ်။
Samsung Galaxy S11 ဟာ 120Hz Refresh Rate ရှိတဲ့ Display ကိုသုံးမယ်ဆိုတဲ့ ကောလဟာလအပြင် Mi CC9e Pro လိုပဲ 108MP Camera Sensor ကိုအသုံးပြုမယ်ဆိုပြီးလည်း ပြောထားပါတယ်။ ဒါ့အပြင် Exynos 9830 နဲ့ Qualcomm ရဲ့ 2020 ထွက် Snapdragon 865 ကိုလည်း အသုံးပြုလာမှာပါ။ One UI 2 Beta ထဲမှာပါတဲ့ Code အရ Samsung Galaxy S11 ဟာ 20:9 ရှိတဲ့ အချိုးနဲ့ ပိုပြီး ရှည်တဲ့ Display ကိုသုံးလာနိုင်ဖွယ်ရှိပါတယ်။