သူငယ်ချင်းတွေနဲ့ Local Co-op ကစားနိုင်မယ့် Steam Remote Play

Valve Corporation ကနေ ဖြန့်ချီလိုက်တဲ့ Steam Remote Play ဆိုတာကို အလွယ်ကူဆုံး ပြောရမယ်ဆိုရင် Steam ပေါ်က Multiplayer ဂိမ်းတွေကို Local Online ကစားနိုင်မယ့် Feature လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက Beta Version စမ်းသပ်နေခဲ့တာဖြစ်ပြီး အခုဆိုရင် Windows ၊ MacOS ၊ Linux နဲ့ Android ၊ iOS Platform အားလုံးတွက် ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

Stem Link App
Photo: The Nerd Meg

Valve အဆိုရပြောရရင် Host Player တစ်ယောက် ရှိဖို့လိုပါတယ်။ Server လို ကစားမယ့်ဂိမ်းကို Streaming လုပ်မယ့် PC တစ်လုံးရှိရမှာဖြစ်ပြီး Partner တွေက Steam Remote Play (Desktop) ဒါမှမဟုတ် Steam Link Apps နဲ့ Steam Chats ကတဆင့် ဝင် Join ရုံနဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဂိမ်းကို တစ်ယောက်ပဲ ဝယ်ထားရုံနဲ့ ဆော့နိုင်မှာဖြစ်ပြီး Valve အနေနဲ့လည်း Local Online ကစားနိုင်မယ့် Multiplayer ဂိမ်းတွေကိုပါ တစ်ခါထဲ ကြေညာထားပါတယ်။

Steam Game Library
Local Multiplayer Games

Source: TheVergeSteam Remote Play Game List

Wai Yan

Previous
Previous

iOS 13 ရဲ့ ပြဿနာပေါင်းစုံကို သင်ခန်းစာယူတော့မယ့် iOS 14

Next
Next

ဓာတ်ပုံမှာ အသံပါတစ်ခါတည်း ဖမ်းလို့ရနိုင်တော့မယ့် Fujifilm’s Instax Mini LiPlay