iOS 13 ရဲ့ ပြဿနာပေါင်းစုံကို သင်ခန်းစာယူတော့မယ့် iOS 14
iOS 13 ဟာထွက်ကတည်းက Bug တွေ ပရဗွနဲ့ ထွက်လာတာဖြစ်ပါတယ်။ iOS 13 နဲ့ Hardware အသစ်တွေဖြစ်တဲ့ iPhone 11 Series တွေထွက်လာတဲ့အခါမှာ Feature အသစ်တွေကောင်းကောင်း အလုပ်လုပ်ဖို့ ခဏခဏအချိန်ယူရသလိုပဲ iOS 13.1 ကိုတောင် Major iOS 13 Release ပြီး တစ်ပတ်အတွင်း ထပ်ထုတ်ခဲ့ရပါတယ်။
Bloomberg ကပြောဆိုမှုအရဆိုရင် Apple ဟာ iOS 14 ကျရင် ဒီလို Bug များတဲ့ Version Release တွေဖြစ်မလာအောင် အဓိကထားပြီး လုပ်နေပြီလို့ဆိုပါတယ်။
ခုလက်ရှိအခြေအနေဟာ Apple Engineer တွေဟာ Feature အသစ်တွေထည့်ဖို့ စိတ်ပဲရှိပြီး ထွက်သမျှ Version Build တိုင်းမှာ အသစ်အသစ်တွေကို ကောင်းကောင်း မစမ်းရသေးဘဲနဲ့ သွပ်ထည့်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို ကောင်းကောင်းအဆင်မပြေသေးတဲ့ Internal Version တွေကိုထုတ်ပေးတော့ သုံးရတဲ့ ကျွန်တော်တို့အနေနဲ့ ဒုက္ခအမျိုးမျိုးတွေ ကြုံရတော့တာပေါ့ဗျာ။

ဒါကြောင့် iOS 14 ကျရင် အဆင်သင့်မဖြစ်သေးတဲ့ Feature တွေကို ထည့်တာတော့ ထည့်ထားဦးမှာပါ။ ဒါပေမဲ့ Default မူလအခြေအနေမှာ အသုံးပြုလို့မရအောင် ပိတ်ထားမှာဖြစ်ပြီး သုံးချင်တယ်ဆိုရင် ဖွင့်လို့ရမယ့် Configuration Setting ပါလာမယ်ဆိုပြီး ပြောထားပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် လိုအပ်လားမလိုအပ်လားမသိသေးတဲ့ Feature အသစ်တွေကြောင့်ဖြစ်တဲ့ ပြဿနာတွေလျော့နည်းသွားမှာဖြစ်ပြီး အမှန်တကယ် စမ်းသပ်ဖို့လိုတဲ့ သူတွေကသာလျှင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒီအပြောင်းအလဲဟာ iOS တွင်မကဘဲ iPadOS, watchOS, macOS နဲ့ tvOS တွေအထိသက်ရောက်မှာဖြစ်တယ်လို့ဆိုပါတယ်။ iOS 14 ဟာသေချာတာကတော့ Feature တော်တော်စုံတဲ့ Version ဖြစ်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးဟာ အဆင်သင့်တော့ မဖြစ်သေးပါဘူး။ တချို့တွေကို iOS 15 အထိစောင့်ရနိုင်တယ်လို့ဆိုထားပါတယ်။
Ref: 9to5mac