ဓာတ်ပုံမှာ အသံပါတစ်ခါတည်း ဖမ်းလို့ရနိုင်တော့မယ့် Fujifilm’s Instax Mini LiPlay

ရိုက်ထားတဲ့ ဓာတ်ပုံတွေမှာ အသံနားထောင်လို့ ရနိုင်တယ်လို့များ တစ်ခါတစ်လေ တွေးမိလား?? ဒါဆိုရင်တော့ Fujifilm’s Instax Mini LiPlay ကို တစ်ချက်ကြည့်ကြည့်စေချင်ပါတယ်။
Fujifilm ရဲ့ Instax Camera တွေထုံးစံအတိုင်း  lo-fi ဓာတ်ပုံတွေ ရိုက်ပြီး တန်းထွက်လာအောင် လုပ်ထားတဲ့ Feature ကပုံမှန်ပါပဲ။

Fuji Instax Mini LiPlay
Photo: Digital Trends

ထူးခြားလာတာက အသံပါတစ်ခါတည်းဖမ်းနိုင်တဲ့ လုပ်ဆောင်ချက်အသစ် ပါဝင်လာတာဖြစ်ပါတယ်။ အသံနဲ့ဓာတ်ပုံတွဲရက်ကို Camera မှာပါဝင်တဲ့ LCD Screen ကနေကြည့်နိုင်သလို Fujifilm’s Mini LiPlay App ကနေလည်း ကြည့်နိုင်ပါတယ်။

Mini LiPlay မှာ Instax Camera တွေမှာလိုမျိုး View Finder မပါဝင်ပဲ 2.7-inch ရှိတဲ့ LCD Screen ကိုထည့်သွင်းပေးထားပါတယ်။ ဒီ LCD Screen အနေနဲ့ Quality အရမ်းမကောင်းပေမယ့် သုံးရတာ အတော်အတန် အဆင်ပြေတယ်လို့ Reviewer တွေ ဆိုထားပါတယ်။

Instax Mini LiPlay & iPhone
Photo: Digital Trends

ဓာတ်ပုံရိုက်ရင် အသံဖမ်းဖို့အတွက်ဆိုရင် ကင်မရာနားက Mic ခလုတ်ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဓာတ်ပုံမရိုက်ခင်နဲ့ ရိုက်ပြီး ၁၀ စက္ကန့်အတွင်းမှာ အသံကို QR Code အနေနဲ့ Record ယူသွားမှာပါ။ ပြီးသွားရင်တော့ ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ အသံဖိုင် (QR Code) ကို Bluetooth ချိတ်ဆက်မှုကတဆင့် Mini Play App မှာ Edit လုပ်ရမှာ ဖြစ်ပါတယ်။

အကယ်၍ App မသုံးချင်ရင်တော့ SD Card ထဲမှာ ပုံတွေ သိမ်းထားပြီး ကွန်ပျူတာကတဆင့် အသုံးပြုနိုင်ပါတယ်။အဆုံးသတ်အနေနဲ့ ပြောရရင် အရင်တုန်းက Instax Camera တွေနဲ့မတူပဲ Screen ထည့်ပေးထားတာက ကောင်းပေမယ့် Instax Camera ကို $160 ပေးဝယ်မလား မဝယ်ဘူးဆိုတာကတော့ ကိုယ်တိုင်ဆုံးဖြတ်စေချင်ပါတယ်။

Source: TheVerge

Wai Yan

Previous
Previous

သူငယ်ချင်းတွေနဲ့ Local Co-op ကစားနိုင်မယ့် Steam Remote Play

Next
Next

Android App တချို့မှာ Bluetooth လုံခြုံရေး အားနည်းချက် ရှိနေတယ်