ကမ္ဘာ့စွမ်းဆောင်ရည် အကောင်းဆုံး 16 Inch MacBook Pro မိတ်ဆက်လိုက်တဲ့ Apple

Apple ဟာမနေ့ညကပဲ MacBook Pro အမျိုးအစားအသစ်ဖြစ်တဲ့ 16-Inch Model MacBook Pro ကိုမိတ်ဆက်ခဲ့ပါတယ်။ MacBook Pro အသစ်ဟာ အရင်ကဖြစ်ခဲ့တဲ့ Butterfly Keyboard ပြဿနာတွေ၊ Throttling ပြဿနာတွေထဲကနေ လွှတ်မြောက်သွားလောက်မယ်လို့ အရင်ဆုံးမျှော်လင့်မိပါတယ်။

MacBook တွေဟာ ကိုယ်ထည်သေးသေးလေးနဲ့ Powerful ဖြစ်တဲ့အတွက်ကြောင့် နာမည်ကြီးတာဖြစ်ပါတယ်။ အကယ်၍ ကိုယ်က ကိုယ်ထည်ပါးပါးနဲ့ Powerful အဖြစ်ဆုံး Macbook တစ်လုံးလိုချင်နေတယ်ဆိုရင် ခုထွက်တဲ့ 16-inch Macbook Pro ဟာရွေးချယ်စရာဖြစ်လာမှာပါ။

New MacBook Pro ဟာ သူတို့ထုတ်ခဲ့သမျှ MacBook တွေမှာ အကြီးဆုံးဖြစ်တဲ့ 16-inch Retina Display ကိုအသုံးပြုလာတာပဲဖြစ်ပါတယ်။ Screen Size ကြီးသွားတာဟာ Developers တွေ Photographers တွေ Filmmakers တွေ Producers တွေအစရှိတဲ့ Heavy Multitaker တွေအတွက် ပိုကောင်းတဲ့ အရွယ်အစားဖြစ်စေမှာပါ။

နောက်ပြီးတော့ Screen Size ကြီးလာတဲ့ အားသာချက်က Hardware အစိတ်အပိုင်းတွေနဲ့ Cooling Solution ထည့်ဖို့ ပိုပြီး နေရာရှိသွားတယ်လို့ ကျနော်တို့ သုံးသပ်နိုင်ပါတယ်။

Processor ပိုင်းမှာ 2.6 GHz Core i7-9850H (Turbo 4.6 GHz) နဲ့ 2.3 GHz Core i9-9980H (Turbo 4.8 GHz) အထိ သုံးထားလိုက်ပြီ ဖြစ်ပါတယ်။ RAM ကိုတော့ 2667MHz DDR4 နဲ့ပဲ တွဲဖက်ထားပြီး အခု Specs တွေအရဆိုရင် Workstation Windows Laptop တွေရဲ့ အိမ်မက်ဆိုး ဖြစ်လာနိုင်ပါတယ်။ ဒီတစ်ချက်တင်လားဆို မဟုတ်သေးပါဘူး

Graphics Performance ပိုင်းမှာဆိုရင် AMD နောက်ဆုံးထွက် Radeon Pro 5000M စီးရီး တွေကို အသုံးပြုထားပြီ ဖြစ်ပါတယ်။ ဒီကတ်တွေဟာ Navi/RDNA (Radeon DNA) Architecture နဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး 7nm ပေါ် အခြေခံထားတာ ဖြစ်ပါတယ်။

16″ MacBook Pro တွေမှာတော့ Radeon 5400M နဲ့ 5500M ၂ မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး 4GB ဒါမှမဟုတ် 8GB GDDR6 Memory ပါရှိမှာ ဖြစ်ပါတယ်။

Apple ပြောသလိုအရဆိုရင် 15-inch MacBook Pro နဲ့ယှဉ်တဲ့အခါ DaVinci Resolve သုံးသူတွေအနေနဲ့န 1.8ဆ ပိုမြန်လာမယ်၊ Gamer တွေက Fortnight လို Game မျိုးဆော့တဲ့အခါမျိုးမှာ 1.6ဆ ပိုမြန်ပြီး ပိုချောမွေ့လာမယ်၊ ပြီးရင် Unity Game Developer တွေအနေနဲ့ 1.4ဆ ပိုမြန်တဲ့ Game Development Performance တွေကိုရရှိမှာဖြစ်ပါတယ်။

ဒီလို Configuration အမြင့်ကြီးတွေသုံးထားတဲ့အတွက် Throttling ဖြစ်ဦးမလားဆိုတာကိုတော့ မပြောတတ်သေးပါဘူး။ အရင် မော်ဒယ်တုန်းကလည်း ကြုံခံဖူးပြီးပြီဖြစ်တဲ့အတွက် 16″ MacBook Pro မှာ Thermal Solution အသစ် သုံးထားပါတယ်။

သိရသလောက်ဆိုရင်အရင်ကထက် 28% လောက်ပိုပြီးလေဝင်လေထွက်ကောင်းမှာဖြစ်ပြီး အပူထုတ်ပမှုက 35% ပိုကောင်းသွားသွားမယ်လို့တော့ ဆိုထားပါတယ်။

Storage ပိုင်းမှာတော့ 512GB PCIe SSD ကိုအသုံးပြုထားမှာဖြစ်ပြီး 8TB SSD အထိ ထပ်တိုးနိုင်တဲ့အတွက် ကမ္ဘာ့ပထမဆုံး 8TB SSD သုံးလာတဲ့ Notebook လို့ ပြောနိုင်ပါတယ်။

MacBook တွေမှာ အတော်အပြောခံခဲ့ရတဲ့ Butterfly Keyboard ကို အသစ်မှာအသုံးမပြုတော့ဘဲ ပိုပြီးအားကိုးရတဲ့၊ စာရိုက်ရတဲ့ Experice ကောင်းစေမယ့် Magic Keyboard အသစ်ကိုအသုံးပြုထားပါတယ်။

ဒီ Keyboard အသစ်မှာ Key Travel ကအရင်က 0.5mm ရှိခဲ့ပြီး ခုတစ်ခါမှာတော့ 1mm အထိတိုးမြှင့်ထားပါတယ်။ Keyboard Design မှာ Touch Bar က အတန်းအပြည့်မယူတော့ဘဲ Escape Key နဲ့ Touch ID ကိုသီးသန့်ခွဲထုတ်ထားပါတယ်။

Speakers ပိုင်းမှာဆိုရင် အတော်လေးကို အားရစရာကောင်းလွန်းပြီး Dolby Atmos 6-speaker Sound System ထည့်ပေးထားပါတယ်။ တစ်ဖက်တစ်ချက်တိုင်းမှာ Force Cancelling Woofers တွေတပ်ထားတယ်လို့ဆိုပါတယ်။ အဲ့တာလေးတွေက အသံထွက်နေတဲ့အချိန် မလိုအပ်တဲ့ တုန်ခါမှုတွေလျှော့ချပေးပြီး ပိုကောင်းတဲ့ Bass ကိုထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

The Verge အဆိုရ MacBook Pro အသစ်ရဲ့ Speaker System အသစ် ရဲ့ Bass ဟာသူသုံးဖူးသမျှ Laptop တွေအားလုံးကအသံထွက်ထက် ပိုကောင်းတယ်လို့တောင်ဆိုပါတယ်။

Battery ကတော့အတော်ကြီးတဲ့ 100Wh Battery ကိုအသုံးပြုထားပါတယ်။ FAA ခေါ် လေကြာင်းဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ စည်းကမ်းအရ Lithium Ion Battery တစ်ခုမှာ 100Wh ထက်ပိုပါခွင့်မရှိဘူးလို့ဆိုထားတဲ့အတွက်ကြောင့် MacBook Pro အသစ်ရဲ့ Battery ဟာ ကြီးနိုင်သလောက် အကြီးဆုံး Battery လို့တောင်ဆိုနိုင်ပါတယ်။

ဒီလို Battery ကြီးလာတာဟာ ပိုကြီးတဲ့ Screen နဲ့ Power ပိုလိုလာတဲ့ Hardware တွေကို အားကျွေးဖို့ လိုလာလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ထွက်လာတဲ့ အပူကလည်း အရင်တုန်းကထက်များမှာဆိုတော့ MacBook Pro အသစ်ရဲ့ Cooling Solution က ကောင်းကောင်းကြီးကိုအလုပ်လုပ်နိုင်ဖို့လိုပါတယ်။ Apple ပြောစကားအရဆိုရင် MacBook Pro အသစ်ဟာ 11 နာရီအထိအားခံတယ်လို့ဆိုပါတယ်။

Entry Level ဖြစ်တဲ့ $2,399 (မြန်မာငွေ သိန်း၄၀ ဝန်းကျင်)တန် 16-inch MacBook Pro:

16.0-inch Retina display, 3072×1920, 226ppi
500 nits, P3 wide color
True Tone Technology
2.6GHz 6-core 9th Gen Intel Core i7 processor (Turbo Boost up to 4.5 GHz)
16GB of 2666MHz DDR4
AMD Radeon Pro 5300M with 4GB of GDDR6 memory
Intel UHD Graphics 630
512GB PCIe-based onboard SSD
4 x Thunderbolt 3
Headphone jack
Full-size backlit Magic Keyboard
Touch Bar and Touch ID
Force Touch trackpad
802.11ac Wi-Fi

Step Up လုပ်ထားတဲ့ $2,799 (မြန်မာငွေ သိန်း၅၀ ဝန်းကျင်)တန် 16-inch MacBook Pro:

16.0-inch Retina display, 3072×1920, 226ppi
500 nits, P3 wide color
True Tone Technology
2.3GHz 8-core 9th Gen Intel Core i9 processor (Turbo Boost up to 4.8 GHz)
16GB of 2666MHz DDR4
AMD Radeon Pro 5500M with 4GB of GDDR6 memory
Intel UHD Graphics 630
1TB PCIe-based onboard SSD
4 x Thunderbolt 3
Headphone jack
Full-size backlit Magic Keyboard
Touch Bar and Touch ID
Force Touch trackpad
802.11ac Wi-Fi

16-inch MacBook Pro တွေကို Apple မှာစတင်ပြီးဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

Source: The VergeApple Newsroom

Previous
Previous

TikTok Account ဖွင့်ပြီး လေ့လာနေတယ်ဆိုတဲ့ Mark Zuckerberg

Next
Next

YouTube ၊ Instagram ဗီဒီယိုတွေကို အလွယ်တကူ Download ဆွဲနိုင်မယ့် Snaptube