YouTube ၊ Instagram ဗီဒီယိုတွေကို အလွယ်တကူ Download ဆွဲနိုင်မယ့် Snaptube

ဒီ App ကတော့ ဘယ် Video Clip မဆို Download ဆွဲမယ်ဆိုရင် အသုံးတည့်မယ့် App ဖြစ်ပါတယ်။
ပိုပြီး လွယ်ကူသွားတဲ့အချက်က YouTube ကြည့်နေရင်း Share ကိုနှိပ်ပြီး Share With Snaptube လုပ်မယ်ဆိုရင် Pop Up ပေါ်လာမယ်။ အဲ့မှာ နှစ်သက်ရာ MP3,MP4 Format ရွေးပြီး Download ဆွဲနိုင်ပါတယ်။

ဒီလိုပဲ Facebook နဲ့ Instagram ဗီဒီယို ဆွဲမယ်ဆိုရင် Link ကို Copy ကူးလိုက်သည်ဖြစ်စေ Snaptube ထဲမှာဖြစ်စေ အလွယ်တကူ Download ဆွဲနိုင်မှာပါ။

Free Version သုံးနေမယ်ဆိုရင် 144p ကနေ 2K Resolution အထိ Download ဆွဲနိုင်မှာဖြစ်ပြီးတော့ Paid Version သုံးမယ်ဆိုရင် 4K Resolution အထိ Download ဆွဲနိုင်မှာဖြစ်ပါတယ်။

Free Apps တွေရဲ့ ထုံးစံအတိုင်း Pop Up ကြော်ငြာတွေ တက်လာမှာ ဖြစ်တဲ့အတွက် စိတ်အနှောက်ယှက် ဖြစ်စရာတော့ ရှိပါတယ်။ အဲ့ဒါကြောင့် iOS မှာတော့ ရရှိမှာ မဟုတ်ပါဘူး။

Google Service မလိုတာကြောင့် Google Service မပါတဲ့ဖုန်းတွေအတွက်လည်း အဆင်ပြေပါတယ်။ Snaptube ကိုသုံးချင်တယ်ဆိုရင် ဒီ Link ကနေ တိုက်ရိုက် Download နိုင်ပါတယ်။

Wai Yan (Akhayar Media)

Previous
Previous

ကမ္ဘာ့စွမ်းဆောင်ရည် အကောင်းဆုံး 16 Inch MacBook Pro မိတ်ဆက်လိုက်တဲ့ Apple

Next
Next

၁၅ စက္ကန့်စာ Short Video Feature အသစ်ပါဝင်လာမယ့် Instagram