TikTok Account ဖွင့်ပြီး လေ့လာနေတယ်ဆိုတဲ့ Mark Zuckerberg
TikTok ကိုသာမန်လူတွေသာသုံးတာမဟုတ်ပေမယ့် CEO တစ်ယောက် အကောင့်ဖွင့်ပြီး သုံးနေတယ်ဆိုရင်တော့ သာမန်မဟုတ် Information တစ်ခုခု ရချင်လို့ ဒါမှဟုတ် အကြောင်းပြချက် ရှိကောင်းရှိနေပါလိမ့်မယ်။
အခုသတင်းကိုတော့ Gadget 360 က ရရှိခဲ့တာဖြစ်ပြီး Mark Zuckerberg ဟာ အကောင့်လုပ်ပြီး TikTok သုံးနေတယ်လို့ သိလိုက်ရပါတယ်။
နာမည်အရင်းနဲ့သုံးတာမဟုတ်ဘဲ @finkd ဆိုတဲ့ နာမည်နဲ့သုံးနေတာဖြစ်ပါတယ်။ Zuckerberg ဟာ Twitter မှာလည်း ဒီနာမည်နဲ့ပဲသုံးတာဖြစ်ပါတယ်။

Credit: Business Insider
လက်ရှိမှာတော့ @finkd ဆိုတဲ့အကောင့်က Follower ၄ထောင်ကျော်ရှိပြီး Post တင်ထားတာမျိုးတော့မရှိပါဘူး။ ပြီးရင် သူ့အကောင့်က Verified မဖြစ်ထားဘဲ Follow လုပ်ထားတဲ့သူတွေကလည်း Ariana Grande, Selena Gomez စတဲ့သူတွေဖြစ်ပြီး ကျန်တာအများစုက TikTok Stars တွေပဲဖြစ်ပါတယ်။
ဒီလိုသုံးတယ်ဆိုတာ အပျော်သက်သက်သုံးတယ်ဆိုတာထက် TikTok ရဲ့အလုပ်လုပ်ပုံနဲ့ သွားတဲ့ပုံစံအနေအထားတွေကိုလည်း လေ့လာနေတယ်လို့ထင်ပါတယ်။ လေ့လာလို့ရထားတာတွေနဲ့ သူ့ရဲ့ AI တွေမှာ ဘယ်လိိုပြန်အသုံးချမလဲဆိုပြီး ဝင်ကြည့်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

India မှာတုန်းက Zuckerberg ဟာ Instagram ကို TikTok ကအများကြီး ကျော်သွားပြီလို့ဆိုခဲ့တဲ့အပြင် TikTok ဟာ Instagram ရဲ့ Explore ဆိုတဲ့ Feature နဲ့ဆင်တူတယ်ဆိုပြီး ပြောခဲ့ပါတယ်။
ခုဆို Instagram မှာလည်း TikTok နဲ့တူတဲ့ Instagram Reels ဆိုတဲ့ Short-video Sharing Feature ကိုစမ်းသပ်နေပြီဖြစ်ပါတယ်။ ၂၀၁၆ တုန်းကလည်း Zuckerberg ဟာ Musical.ly (TikTok ကဝယ်လိုက်တဲ့ ကုမ္ပဏီ) ရဲ့ Co-Founder နဲ့ စကားစမြည်ပြောခဲ့ကြပေမဲ့ သိမ်းသွင်းလို့မရခဲ့ပါဘူး။
Short-video Category ဟာတော်တော်အောင်မြင်နေတာဖြစ်ပြီး Facebook အနေနဲ့လည်း အဲ့ကဏ္ဍမှာလည်း လူရာဝင်ချင်နေပုံပေါက်ပါတယ်။ မနှစ်တုန်းကလည်း Facebook ကနေပြီး Lasso လို့ခေါ်တဲ့ Short-video App နဲ့ ယှဉ်ပြိုင်ဖို့ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် မဖြစ်မြောက်ခဲ့ပါဘူး။