သက္ကရာဇ် ၂၀ ရဲ့ Reinvented Icon အဖြစ် ထွက်ရှိလာတဲ့ Moto Razr Foldable ဖုန်း
Foldable ဖုန်းတွေ တစ်ခေတ်ဆန်းသွားတဲ့ ၂၀၁၈ – ၂၀၁၉ ကာလတွေ ပြန်တွေးကြည့်လိုက်မယ်ဆိုရင် ပထမဆုံး Royole Flexpai ၊ ဒုတိယ Galaxy Fold နဲ့ တတိယ Huawei Mate X ဆိုပြီး တစ်မျိုးတဖုံ မရိုးရအောင် မိတ်ဆက်ခဲ့ပါတယ်။
ကြားထဲမှာလည်း အလွဲလွဲ ပြဿနာတွေ ဖြစ်ခဲ့ပေမယ့် ထုတ်လုပ်သူတွေရော Developer တွေကပါ လက်လျှော့ဟန် မရှိသေးပါဘူး။ ကျနော်တို့ အမြင်မှာတော့ Foldable နည်းပညာရဲ့ ပဏာမခြေလှမ်းဟာ မလှမပ ဖြစ်ခဲ့ပေမယ့် ကြိုးစားရင် ဖြစ်နိုင်သေးတယ်။

ဒါကို မနေ့က Los Angeles မြို့မှာ ပြုလုပ်ခဲ့တဲ့ Motorola Event မှာ Reinvented Icon နာမည်နဲ့ အသေသပ်ဆုံး Foldable Phone နဲ့ သက်သေပြလိုက်ပါတယ်။
Vertical Fold
Motorola Razr ကို ကိုင်ရသူတွေ မပြောနဲ့ မြင်ပဲမြင်ရတဲ့ ကျွန်တော်တို့တတွေတောင် တစ်ချိန် (၂၀၀၀) တုန်းက Flip ဖုန်းလိုပါလားလို့ အတွေးဝင်ကြမှာပါ။ အထင်ရှားဆုံး အချက်လို့ ပြောနိုင်တာက နောင်တော်တွေလို Horizontal Fold မဟုတ်ဘဲ Vertical Fold သုံးထားတာပဲ ဖြစ်ပါတယ်။

ဒါဟာ Existing နည်းပညာကိုပဲ အခြေပြုထားတာ ဖြစ်ပေမယ့် Approach လုပ်ထားတဲ့ Target က ဖြန့်ထားမယ်ဆိုရင် သာမန်ထက် မျက်နှာပြင်ကျယ်တဲ့ Experience ကို ပေးစွမ်းမယ်။
ခေါက်ထားတဲ့ အနေအထားတိုင်းဆိုရင် သာမန်ဖုန်းတစ်လုံးအနေနဲ့ သုံးမယ်။ Foldable Size ကလည်း အိတ်ကပ်ထဲ ဝင်ဆံ့တဲ့ အရွယ်အစားပဲ ရှိတာကြောင့် Galaxy Fold နဲ့ Mate X ထက်ယှဉ်ရင် အများကြီး Compact ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
OLED Matters
ဒါပေမယ့် အငြင်းပွားစရာ ဖြစ်လာဦးမလားလို့ တွေးစရာ ရှိတာက တကယ်လို့သာ Razr အနေနဲ့ Foldable Hinge ကို ပို Flexible ဖြစ်ပြီးတော့ OLED Panel အတွက် Reliable ဖြစ်တယ်ဆိုရင် Samsung ၊ Huawei နည်းပညာကို အသေသတ်တာလို့ ပြောနိုင်ပါတယ်။

ဒါကို Razr နဲ့ OLED Panel နဲ့ ဗီဒီယိုကြည့်ပြီး ဆက်ပြောတာပေါ့။
Razr Display
Foldable Screen ကို 21:9 Aspect Ratio (Cinematic View) ကိုသုံးထားပြီး 2142px x 876px ရှိပါတယ်။ အရွယ်စား အနေနဲ့ကတော့ Compact ဖြစ်အောင် ထုတ်ထားတဲ့အတွက် 6.2″ ရှိတယ်။ ကွေးခေါက်နိုင်တဲ့ နည်းပညာကိုတော့ LG အမွေပေးထားတာဖြစ်ပြီး pOLED သုံးထားတာ ဖြစ်ပါတယ်။
အဲ့ဒီမှာ Motorola ထုံးစံအတိုင်း Secondary Screen တစ်ခုပါဝင်သေးပြီး ဒီ Screen ကို ဖုန်းခေါက်ထားလိုက်တဲ့အချိန်မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
4:3 Aspect Ratio ကိုအသုံးပြုထားပြီး 800px x 600px Resolution ရှိပါတယ်။ Display အနေနဲ့ကတော့ Touch ပဲဖြစ်ပြီး 2.7-Inch ရှိ GOLED (Glass OLED) ကိုအသုံးပြုထားတာဖြစ်ပါတယ်။
ဗီဒီယိုထဲမှာလည်း OLED Panel ကို Focus ထားတာဖြစ်တဲ့အတွက် ကျနော်တို့ စိတ်ဝင်စားနေတဲ့အချက်ကို Review ထွက်လာတဲ့အချိန်ကျမှ ပြောလို့ ပိုကောင်းမယ် ထင်ပါတယ်။
တစ်ခု စဥ်းစားစရာ ဖြစ်စေတာက LG အနေနဲ့ Foldable ဖုန်းမထုတ် သေးတဲ့အချိန်မှာ Moto ကို ထိုးရောင်းလိုက်တာက Test သဘော ဖြစ်နေမလား? တကယ်လို့ အောင်မြင်သွားခဲ့ရင် ဒိထက် ပိုကောင်းတဲ့ Specification နဲ့ Hardware တွေ သုံးပြီး Rollable TV မှာလို မိတ်ဆက်လာမလားကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Razr ရဲ့ Display ပိုင်း ဆက်ပြောရရင် Screen အသေးလေးဟာ ဖုန်းကို ခေါက်ထားတဲ့အနေအထားမှာ အသုံးပြုနိုင်ပါတယ်။
Notification, Camera, Music စတဲ့အသုံးဝင် Function တွေ Access လုပ်နိုင်မှာ ဖြစ်တဲ့အတွက် Foldable ဖုန်းတွေရဲ့ ထုံးစံအတိုင်း Processor ၊ Graphics တွေက အောက်ပိုင်း၊ တခြား Sensor တွေနဲ့ Battery တွေက Razr ဖုန်းရဲ့ အပေါ်မှာ ရှိနေတယ်လို့ ပြောနိုင်ပါတယ်။
Display ကို ဖြန့်လိုက်တဲ့ အခြေအနေမှာဆိုရင် Notch ပါရှိမှာဖြစ်ပြီး ဖုန်းရဲ့အောက်ပိုင်း Chin ပေါ်မှပဲ Fingerprint Sensor နဲ့ အတွင်းမှာ Battery ကို ထည့်ထားတာ ဖြစ်ပါတယ်။
Camera
Camera ပိုင်းမှာဆိုရင်တော့ Single Camera ကိုပဲ သုံးထားပါတယ်။ Galaxy Fold နဲ့ Mate X တွေမှာ ကင်မရာပိုင်း ပိုကောင်းကျတာ မှန်ပေမယ့် ဘာလို့ Single Lens တစ်လုံးပဲ သုံးတာက ဘယ်သူမဆို မေးချင်တဲ့ မေးခွန်းဖြစ်နေမှာပါ။
ကျနော့်အနေနဲ့ကတော့ Razr ကင်မရာပိုင်းမှာ Hardware ပိုင်းဆိုင်ရာ Challenge တွေရှိနေလို့ တမင် မသုံးတာလား ဒါမှမဟုတ် နောက်ထပ် Foldable ဖုန်း ထုတ်ပြဖို့ ရှိနေလို့လား မပြောတတ်ပါဘူး။

16MP Sensor ကိုအသုံးပြုထားပြီး Ultra-wide တွေ Zooming မပါပါဘူး။ Front Camera ကတော့ 5MP Sensor ကိုပဲ သုံးထားပါတယ်။
Performance
Razr မှာ Snapdragon 855 ကိုအသုံးပြုထားတာမဟုတ်ဘဲ 10nm Process အခြေခံ Snapdragon 710 ကိုပဲအသုံးပြုထားပါတယ်။ RAM ကိုတော့ 6GB LPDDR4 သုံးထားတဲ့အတွက် Mid-range Level ထဲမှာ လုံးဝရောက်နေတယ်လို့ ပြောနိုင်ပါတယ်။
Storage အနေနဲ့ 128GB တစ်မျိုးထဲ ထုတ်ထားပြီး ထပ်တိုးချင်လို့ မရပါဘူးး။ Headphone Jack မပါတဲ့အပြင် SIM Card ထည့်ဖို့ Slot လည်းပါရှိမှာမဟုတ်တဲ့အတွက် eSIM ကိုသာအသုံးပြုနိုင်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာလည်း MyTel ရဲ့ eSIM ကို မိတ်ဆက်ထားရုံပဲ ရှိသေးတာဆိုတော့ မြင်သာမြင် မကြင်လိုက်ရတဲ့အထဲတောင် ပါသွားနိုင်ပါတယ်။
Battery
2,150mAh ရှိတဲ့ Battery ကိုသုံးထားပြီး 15W TurboPower Fast Charging နဲ့အားသွင်းနိုင်မှာဖြစ်ပါတယ်။ Waterproof Rating ကို တည့်ပြောမသွားပေမယ့် Splashproof လို့ပဲဆိုထားတဲ့အတွက်ကြောင့် ရေစင်ခံတယ်လို့ ပြောရပါမယ်။
ကြေညာထားတဲ့ ဈေးနှုန်းဟာ $1,500 ဆိုတော့မြန်မာငွေဆိုရင် ၂၂ သိန်း ကျော်သွားကျနိုင်ပါတယ်။ ဒါကြောင့် Moto Razr 2019 ကို သက္ကရာဇ် ၂,၀၀၀ မှာ ထုတ်ခဲ့ရင် ခေတ်ရှေ့ပြေး နည်းပညာလို့ တင်စားပြီး ဝယ်ယူကြမယ်လို့ ပြောနိုင်ပါတယ်။

ဒါပေမယ့် လက်ရှိ အနေထားတိုင်းဆိုရင် Galaxy Fold နဲ့ Mate X တို့ထက် ပိုကောင်းတယ်လို့ ပြောလို့ရတဲ့ အချက်တွေ မမြင်ရသေးပါဘူး။ တကယ်လို့ Razr သာ Pioneer ဖြစ်ခဲ့ရင် (Reinvented Icon) ဟာ ပြောင်းပြန် ဖြစ်သွားမယ်ဆိုတာ လက်ခံရမှာ ဖြစ်ပါတယ်။
Source: T3
Khant Thura (Akhayarmedia)