Minecraft Earth ကိုဆော့ဖို့ အဆင်သင့်ဖြစ်ပြီလား
အကြိုက်တွေ့စေမယ့် Minecraft Earth ကိုဒီနေ့မှာပဲ Early-Access ပေးဆော့လိုက်ပြီဖြစ်ပါတယ်။ Minecraft ဆိုတဲ့ဂိမ်းဟာ Mojang ကနေထုတ်တဲ့ 3D Pixelated Block တွေကိုသာအသုံးပြုပြီးတော့ ကွင်းပြင်ကျယ်မှာ ကိုယ့်ဖန်တီးနိုင်စွမ်းရှိသလောက် 3D World တွေကို တည်ဆောက်ရတဲ့ ဂိမ်းအမျိုးအစားဖြစ်ပါတယ်။
Minecraft Earth ဆိုတာကို အရှင်းဆုံးပြောရရှင် Pokemon Go ကိုမှ Minecraft Version လို့ပြောနိုင်ပါတယ်။ တကယ့်မြေပုံပေါ်မှာ Minecraft Block တွေနဲ့ ကစားရတာဖြစ်ပါတယ်။ ကိုယ့်ရဲ့ နီးနီးနားနား ပတ်ဝန်းကျင်တွေဆီကို လမ်းလျှောက်ပြီး လမ်းမှာတွေ့တဲ့ Block တွေ၊ Animal တွေ၊ Material တွေကို လိုက်ပြီး Collect လုပ်လို့ရပါတယ်။ ပြီးရင် Minecraft Earth ဟာ AR ကိုအခြေခံထားပြီးတော့ “Build Plates” ဆိုပြီး ဆိုဒ်အမျိုးမျိုးနဲ့ ကိုယ့်ရဲ့ Camera ကိုအသုံးပြုပြီး အပြင်မှာတကယ်ရှိသယောင် Plate တွေချလို့ရပါတယ်။

ပိုမိုက်တာက အဲ့တာတွေတည်ဆောက်ပြီးသွားရင် အပြင်ဘက်ကို သယ်သွားပြီး Outdoor Location တစ်ခုခုမှာ ပိုပြီးကြီးတဲ့ ဆိုဒ်နဲ့ ထောင်ထားလို့ရပါတယ်။ ပြီးရင် ကိုယ်ဆောက်ထားတဲ့ Plate ထဲကို AR နဲ့ကိုယ်ကိုယ်တိုင်ဝင်ကြည့်တာတို့ကိုလည်း လုပ်လို့ရပါတယ်။ လူတွေများလာတဲ့အခါဆို ကိုယ့်အဆောက်အဦး သူ့အဆောက်အဦးစတာတွေကို တိုက်ခိုက်ပြီး Blocks တွေ Materials တွေတောင် Collect လို့ရပါတယ်။
Minecraft Earth ဟာ လူကြိုက်များပြီး အောင်မြင်ထားတဲ့ ဂိမ်းတစ်ခုကို တကယ့် Real-Life ထဲသယ်လာပေးသလိုပါပဲ။ သူထဲက ဆော့ကစားရတဲ့ပုံစံဟာ Collection-Focused မျိုးဘဲမဟုတ်ဘဲနဲ့ Creativity ကိုတိုးချဲ့ပေးနိုင်မယ့် ပုံစံမျိုးလည်းဖြစ်ပါတယ်။ Minecraft ကိုဆော့ဖူးပြီးသားသူတွေကတော့ Minecraft Earth ကိုလည်း စမ်းကြည့်ချင်မယ်ဆိုတာ သေချာပါတယ်။
လက်ရှိအချိန်မှာတော့ Minecraft Earth ဟာ
United States
United Kingdom
Canada
South Korea
Philippines
Sweden
Mexico
Australia
New Zealand
Iceland
တို့မှာပဲ ဆော့လို့ရသေးတယ်လို့ဆိုပါတယ်။
ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် ဒေါင်းပြီး စမ်းကြည့်တာတော့ မြန်မာနိုင်ငံမှာလည်း ဆော့လို့ရနေပါတယ်။ ကိုယ့် Account အမျိုးအစားကြောင့်လားတော့မသိဘူး။ ကျွန်တော်က US App Store ကနေဒေါင်းထားတာဖြစ်ပါတယ်။ Android မှာတော့ စမ်းမကြည့်ရသေးပါဘူး။

ဝင်ဝင်သွာချင်း လိုအပ်တဲ့ Content Update တွေကိုအရင် ဒေါင်းပါတယ်။ ပြီးတော့ Microsoft Account ကိုတောင်းပါတယ်။ ပြီးရင် Xbox အနေနဲ့ ဝင်သွားပြီး ကိုယ့်ရဲ့ Gaming Nickname ကိုလုပ်ခိုင်းပါတယ် (မရှိသေးရင်ပေါ့)။ Terms and Conditions တွေအားလုံး လက်ခံလို့အပြီးမှာတော့ ကိုယ်ကြိုက်တဲ့ Character ပုံစံလေးကိုစရွေးခိုင်းပြီး Tutorial လေးတွေနဲ့အတူ စဆော့လို့ရသွားပါတယ်။
Minecraft Earth ကို Android အတွက်ရော iOS အတွက်ရော Early Access အနေနဲ့ ဒေါင်းလုပ်ဆွဲနိုင်ပြီဖြစ်ပြီး အခကြေးငွေပေးစရာမလိုပဲ ကစားလို့ရမှာဖြစ်ပါတယ်။