RAM Management Issue အတွက် IOS Update ထုတ်ပေးလိုက်တဲ့ Apple
Apple ရဲ့ iOS နဲ့ iPadOS 13.2 သုံးနေတဲ့လူအများစုဟာ RAM Management နဲ့ပတ်သက်တဲ့ ပြဿနာတွေကြုံနေရပါတယ်။ ကိုယ်က App တစ်ခုကိုဖွင့်ထားပေမဲ့ ထွက်လိုက်တာပဲဖြစ်ဖြစ်၊ ခဏအကြာမှာ ပြန်ဖွင့်လိုက်တာပဲဖြစ်ဖြစ် App က အစကနေပြန် Load နေရတဲ့ RAM Management ပြဿနာဟာ ကမ္ဘာတစ်ဝှမ်းက အသုံးပြုသူတော်တော်များများမှာဖြစ်နေတာပါ။
ဒီလို Background မှာ App တွေကောင်းကောင်းအလုပ်မလုပ်နိုင်ရတဲ့ Bug ဟာ အသုံးပြုသူအတော်များများကို စိတ်အနှောက်အယှက်ဖြစ်နေစေပါတယ်။ ဒီနေ့မှာတော့ အဲ့ဒီ RAM Management ပြဿနာကို ဖြေရှင်းပေးထားတဲ့ iOS 13.2.2 ထွက်လာပြီဖြစ်ပါတယ်။ အသုံးပြုသူများအနေနဲ့ ကိုယ့်ရဲ့ iPhone/iPad ရဲ့ Settings > General > Software Update မှာဝင်ရောက် မြှင့်တင်လို့ရပါတယ်။

iOS 13 ဟာ စစချင်းထွက်တဲ့ စက်တင်ဘာ ကတည်းကနေပြီး တော်တော် Bug တွေများခဲ့ပြီး ထွက်ထွက်ချင်း ပထမအပတ်မှာတင် iOS 13.1 ကို ထက်မိတ်ဆက်ခဲ့ပါတယ်။ Major Version Update အနေနဲ့ Bug တွေရှိတာမှန်ပေမဲ့ iOS 13 ဟာ Feature အသစ်တွေ Performance Boost အသစ်တွေများစွာနဲ့အတူ Battery Performance, iCloud Backup Issue, Cellular Connection Issue နဲ့ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ Bug အချို့ကိုလည်း သယ်ဆောင်လာပါတယ်။
ဒီလို Bug တွေကို Fix ဖို့ သုံးလအတွင်း iOS 13.1.1, 13.1.2, 13.2, 13.2.1 စသဖြင့် ထုတ်ခဲ့ပြီး ခုနောက်ဆုံး ဖြစ်နေတဲ့ RAM Management Bug ကိုတော့ iOS 13.2.2 မှာပြင်ဆင်ထားပြီးဖြစ်ပါတယ်။ အခုလည်း Developer တွေအတွက် iOS 13.3 Beta ထွက်ရှိထားပြီဖြစ်ပြီး ဘယ်လို Feature အသစ်နဲ့ ဘယ်လို Bug အသစ်တွေပါလာမယ်ဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။