OnePlus 8 နဲ့ပတ်သက်တဲ့အချက်တွေ ပေါက်ကြားလာပြီ
OnePlus ဟာ သူတို့ရဲ့ နောက်ဆုံးဖုန်းဖြစ်တဲ့ One Plus 7T ကိုမိတ်ဆက်ပြီး သိပ်မကြာခင်မှာပဲ OnePlus 8 ရဲ့ Rumors တွေထွက်လာခဲ့ပြန်ပါပြီ။ OnePlus 7T ဟာ Design လှပမှုနဲ့ သုံးရတာ တော်တော်ချောမွေ့နဲ့ 90Hz Displayကိုအထူးပြုပြီး Affordable Android Flagship Smartphone တစ်လုံးအနေနဲ့ အတော်နာမည်ကြီးခဲ့ပါတယ်။
ဒီတစ်ခေါက်မှာတော့ OnePlus ဟာသူတို့ရဲ့ နောက်ခရီးဖြစ်တဲ့ OnePlus 8 ကိုဦးတည်နေပြီဖြစ်ပါတယ်။ ဒီနေရာမှာ ဖြစ်နိုင်ချေရှိတဲ့ ဆန်းသစ်မှုနဲ့ Features တွေကို သိရသလောက်စုပေါင်းဖော်ပြလိုက်ပါတယ်။

ပထမဆုံးရလာတဲ့ Render အရ OnePlus 8 ရဲ့ပုံစံဟာ ပုံထဲကအတိုင်းပဲ OnePlus 7 နဲ့တော်တော်ဆင်တူလိမ့်မယ်ထင်ပါတယ်။ Curved Display ကို အသုံးပြုပြီး Front-Facing Camera ဟာလည်း OnePlus 7 တုန်းကလို Pop Up မသုံးတော့ဘဲ Punch Hole နဲ့လာနိုင်လောက်ပါတယ်။
OPPO ဟာ Under Display Camera နည်းပညာကို စမ်းသပ်နေတာဖြစ်တဲ့အလျောက် ဒီနည်းပညာကို OnePlus အရင် သုံးနိုင်မယ်ဆိုရင် ပြိုင်ဘက်တွေထက် တစ်ဗန်းသာသွားနိုင်ပါတယ်။ (March မှာ သူ့ထုတ်ကုန်တွေကို မိတ်ဆက်လေ့ရှိတဲ့ OnePlus အတွက် ဒီနည်းပညာဟာ ဖြစ်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။)
ခုရက်ပိုင်းအတွင်းကမှ ပေါက်ကြားထားတာက OnePlus 8 Pro မှာ 120Hz Refresh Rate Display ပါဝင်လာဖွယ်ရှိပါတယ်။ OnePlus 7 Pro မှာတုန်းက 90Hz Screen Refresh Rate အပြည့်ဝ ပေးစွမ်းနိုင်တဲ့ Oxygen OS ကြောင့် ချီးကျူးခံထားရပါတယ်။

ခုချိန်ထိ Samsung ရော iPhone ရောဟာ 60Hz မှာပဲ တစ်နေသေးတာဖြစ်ပါတယ်။ အဲ့အချိန်မှာ OnePlus 7 က 90Hz နဲ့ပွဲထွက်လာပြီး ချိမ့်ချိမ့်သဲ ပွဲစည်အောင် လုပ်လိုက်သလို ဖြစ်သွားပါသေးတယ်။ ဒီနှစ်စောပိုင်း ကတည်းက 90Hz ကိုသုံးလာတဲ့ OnePlus ဟာ နောက်နှစ်ဆိုရင် ရိုးရိုး Model တွေမှာမဟုတ်ရင်တောင် Pro Model မှာတော့ တော်တော်ချောမွေ့တဲ့ 120Hz Refresh Rate နဲ့ပွဲတက်လာနိုင်ဖွယ်ရှိပါတယ်။
2020 Flagship တွေဖြစ်ကြမယ့် Samsung Galaxy S11 မှာ 120Hz Refresh Rate ရှိတဲ့ Display ကိုသုံးလာနိုင်ပြီး iPhone ဟာလည်း ProMotion OLED ခေါ် 120Hz ရှိတဲ့ Display ကိုသုံးလာနိုင်ဖွယ်ရှိပါသေးတယ်။ (Refresh Rate များတယ်ဆိုတာ သုံးရတဲ့ Feel ကအရမ်းချောမွေ့သွားပေမဲ့ Battery တော်တော်စားသွားမယ်ဆိုတာကိုလည်း မေ့ထားလို့မရပါဘူး။)

ကျောဘက်မှာဆိုရင်လည်း OnePlus 8 Pro အနေနဲ့ ကင်မရာလေးလုံးပါ Quad-camera System ကိုအသုံးပြုလာနိုင်ဖွယ်ရှိကြောင်း Render အရခန့်မှန်းနိုင်ပါတယ်။ ဒီတစ်ခါမှာတော့ OnePlus 7 မှာတုန်းကသုံးတဲ့ 48MP Primary Camera ထက်ပိုမြင့်တဲ့ 64MP ဒါမှမဟုတ် 108MP ကိုထည့်သုံးနိုင်ခြေရှိပါတယ်။
ဒါ့အပြင် 16MP ရှိတဲ့ Front-facing Camera ကိုလည်း 32MP အထိမြှင့်တင်နိုင်ဖွယ်ရှိပါတယ်။(Xiaomi ကတော့ 108MP Rear-camera ကိုစတင်ပြီးသုံးနေပြီဖြစ်ပြီး Samsung Galaxy S11 မှာလည်း 108MP Rear-camera ကိုသုံးဖို့ရှိပါတယ်။)
OnePlus 8 ဟာ OnePlus ရဲ့ Annual Flagship ဖြစ်တာကြောင့် သူ့အချိန်မှာထွက်လောက်ပြီဖြစ်တဲ့ Qualcomm Snapdragon 865 ကိုအသုံးပြုဖို့ ရာနှုန်းအရမ်းများပါတယ်။

ခုသိရသလောက်တော့ OnePlus 8 ရဲ့ Entry Product ဟာ 8GB RAM နဲ့ 128GB Internal Storage ကတော့ အနည်းဆုံးပါလာလိမ့်မယ်လို့ဆိုပါတယ်။ ပြီးတော့ (လောဘကြီးတယ်လို့တော့မထင်စေချင်ဘူး) 2020 Flagship အနေနဲ့ Wireless Charging၊ IP-rated Water/Dust Proof ပါလာရင်ပိုကောင်းမယ်လို့ထင်မိပါတယ်။ ဒါတွေဟာ OnePlus 7, 7 Pro ထိပါလာသေးတာ မဟုတ်ပါဘူး။
OnePlus ဟာ Launch Event တွေကို March လောက်တွေမှာလုပ်တတ်တာကြောင့် OnePlus 8 ကိုလည်းအဲ့လိုအချိန်လောက်မှာပဲမြင်တွေ့ရလောက်တယ်လို့ ခန့်မှန်းမိပါတယ်။ ခုချိန်က ကောလဟာလတွေဟာလည်း တဖြည်းဖြည်းနီးကပ်လာလေလေ တကယ်ဟုတ်မဟုတ် ပိုပြီးသေချာလာလေလေဖြစ်တဲ့အတွက် နောက်ကျမှ ဆက်လက် Update ကြတာပေါ့။
Source: India Today ၊ First Post ၊ Gizmo China