ကိုယ်မသိပဲ Camera ဖွင့်နေတဲ့ Facebook Bug

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း Facebook အသုံးပြုအချို့ သုံးနေရင်းနဲ့ မူမမှန်တွေဖြစ်တာကို သတိထားမိကြမှာပါ။ ပုံတစ်ခုခုကိုကြည့်နေရင်း ပြန်ထွက်လိုက်တဲ့အခါ ဘေးမှာ အကြောင်းလွတ်ကြီးပေါ်လာတာတို့ပေါ့။ ဒါဟာ Facebook ကနေပြီး Bug တစ်ခုပါလို့အတည်ပြုထားပြီး Update ကိုထုတ်ပေးထားပြီဖြစ်ပါတယ်။

အထူးသဖြင့် iOS နောက်ဆုံး Version ဖြစ်တဲ့ iOS 13.2.2 ကိုသုံးတဲ့သူတွေအများစုမှာ ဒီပြဿနာဖြစ်နေတာကိုတွေ့ရပါတယ်။ ဘယ်လိုဖြစ်တာလဲဆိုတော့ ကိုယ်က Facebook ကိုဖွင့်လိုက်တဲ့အခါမျိုး၊ ပုံတစ်ပုံပုံကိုကြည့်ပြီး ပြန်ထွက်လိုက်တဲ့အခါမျိုးမှာ အပေါ်က Camera ကိုသုံးနေတယ်ဆိုတဲ့ အနီရောင်ဖော်ပြချက်ပေါ်တာမျိုး၊ News Feed ကနေရာအပြည့်ယူမသွားဘဲနဲ့ ဘေးမှာ နေရာကျန်နေတာမျိုး တွေဖြစ်နေတာပါ။

Credit: iOS Banker Myanmar Facebook Group

ဆိုလိုတာက ကိုယ်က Camera ကိုမဖွင့်ဘဲနဲ့ ဒီ Bug ကြောင့် ကိုယ် Camera ဟာအလိုလိုနေရင် နောက်ကွယ်မှာပွင့်နေတာဖြစ်ပါတယ်။ Facebook ကတော့ အဲ့လိုဖြစ်တာဟာ Camera Preview Mode ပဲဖြစ်နေတဲ့အတွက် ဘယ် Data ကိုမှဖမ်းယူမထားပါဘူးလို့ဆိုပါတယ်။ နောက်ပြီးတော့ ဒီ Bug ဟာ Facebook iOS Version မှာပဲဖြစ်နေတာကိုသိရပြီး သူ့အတွက် Update ကို App Store မှာတင်ပြီးသွားပြီဖြစ်ကြောင်း ကြေညာထားပါတယ်။

Facebook ဟာ ကိုယ်ရေးကိုယ်တာ လုံခြုံရေးနဲ့ပက်သတ်ပြီး နာမည်ဆိုးနဲ့ နာမည်ကြီးနေတဲ့ကြားထဲက ဒီလို Privacy Bug တွေဖြစ်တာဟာ သူတို့ကို ပိုပြီးနာမည်ပျက်နေစေပါတယ်။ သူတို့ရဲ့ Libra လို့ခေါ်တဲ့ Online Payment တစ်ခုမှာလည်း Payment ကုမ္ပဏီ/ ဘဏ်အများစုက ပူးပေါင်းဖို့ ငြင်းဆိုထားတာကြောင့် Libra Project ဟာလည်းအကောင်အထည်ပေါ်ဖို့ ဝေးနေသေးတာကိုလည်း သိရပါတယ်။

Previous
Previous

၁၅ စက္ကန့်စာ Short Video Feature အသစ်ပါဝင်လာမယ့် Instagram

Next
Next

Minecraft Earth ကိုဆော့ဖို့ အဆင်သင့်ဖြစ်ပြီလား