၁၅ စက္ကန့်စာ Short Video Feature အသစ်ပါဝင်လာမယ့် Instagram

Vine နဲ့ Muscially (အခု TikTok) App တွေထွက်ရှိပြီးနောက်ပိုင်းမှာ ကမ္ဘာတစ်ဝှမ်း Short Video ရိုက်တာတွေ ခေတ်စားလာခဲ့ပါတယ်။​ အခုလည်း နာမည်ကြီးတဲ့ Photo/Video Social Network ဖြစ်တဲ့ Instagram ဟာလည်း TikTok တို့လို Short Video ကိုမှ သီချင်းတွေနဲ့တွဲပြီးရိုက်လို့ရမယ့် Instagram Reels လို့ခေါ်တဲ့ Feature ကို Instagram App ထဲမှာပဲ ထည့်သွင်းတော့မှာဖြစ်ပါတယ်။

Instagram Reels ဟာ ၁၅ စက္ကန့်တာ Short Video တွေကို Facebook ရဲ့ Music Library ထဲမှာရှိတဲ့ တော်တော်များများသော သီချင်းတွေကိုနောက်ခံအသံအဖြစ် အသုံးပြုပြီး Creative ဖြစ်ဖြစ် အဖြတ်အတောက်တွေနဲ့ ရိုက်နိုင်မှာဖြစ်ပါတယ်။ ရိုက်ပြီးသား Short Video တွေကို ကိုယ့်ရဲ့ Instagram Story တွေအဖြစ်တင်နိုင်မှာဖြစ်ပါတယ်။

Instagram Reels ရဲ့ Editing Tools တွေက TikTok နဲ့ဆင်တူပါတယ်။ သီချင်းပါပြီးတော့ပဲဖြစ်ဖြစ် မပါဘဲနဲ့ဘဲဖြစ်ဖြစ် ၁၅စက္ကန့်စာ Video ကိုရိုက်နိုင်ပြီး ချိန်ကိုက် Caption တွေ၊ Transitions တွေ၊ Instagram ရဲ့ Filters တွေ၊ Special Effects တွေနဲ့အတူ AR တွေစတဲ့ Camera Features တွေပါလာမှာပါ။

ခုချိန်မှာတော့ Instagram Reels ဟာ ဘရာဇီးနိုင်ငံ တစ်နိုင်ငံတည်းမှာပဲ ရနေသေးတာဖြစ်ပြီး နောင်ကျရင် တခြားနယ်ပယ်တွေအထိ အသုံးပြုခွင့်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အသုံးပြုလို့ရတဲ့အခါကျရင် Instagram Story Camera ရဲ့အောက်မှာရှိတဲ့ Boomerang တို့ Super-Zoom တို့ရဲ့ဘေးမှာ Scenes ဆိုပြီးမြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီလို့ App တွေများလာတာနဲ့အမျှ Short Video တွေဟာလည်း အင်တာနက်ပေါ်မှာ ပြန့်ကျဲဖို့ပိုလွယ်လာပါတယ်။ လူတိုင်းကလည်း ၃မိနစ် Video တစ်ခုထက် စက္ကန့် ၃၀လောက်ပဲရှိတဲ့ Video ကိုအကြည့်များပြီး ပိုကြိုက်တတ်တော့ Short Video Category ဟာတစ်စတစ်စ ကျယ်ပြန့်လာပါတယ်။ ခုတစ်ခါမှာလည်း မြန်မာနိုင်ငံမှာ လူသုံးများနေပြီဖြစ်တဲ့ TikTok အပြင် Instagram App ထဲကနေပဲ တိုက်ရိုက်သုံးလို့ရတဲ့ Instagram Reels ရောက်လာတဲ့အခါမှာ ဘယ်လို Graphical Content အသစ်အဆန်းတွေ မြင်တွေ့ရမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Previous
Previous

YouTube ၊ Instagram ဗီဒီယိုတွေကို အလွယ်တကူ Download ဆွဲနိုင်မယ့် Snaptube

Next
Next

ကိုယ်မသိပဲ Camera ဖွင့်နေတဲ့ Facebook Bug