အသွင်တစ်မျိုးနဲ့ ဆန်းသစ်ဦးမယ့် ColorOS 7
ColorOS ဆိုတာဟာ Oppo ရဲ့ Android Based OEM Software ဖြစ်ပြီး နောက်ဆုံးထွက်ထားတဲ့ Official Release ဟာ ColorOS 6 ဖြစ်ပါတယ်။ ခုတော့ မကြာခင်မှာပဲ ColorOS 7 ကိုမိတ်ဆက်တော့မှာဖြစ်ပါတယ်။
နိုဝင်ဘာ ၅ရက်နေ့က Oppo ဟာ ColorOS ရဲ့ Official Weibo Page ကနေပြီးတော့ ColorOS 7 ရဲ့ Teaser Poster ကိုတင်ခဲ့ပါတယ်။ Poster ထဲမှာ Minimalistic ဖြစ်တဲ့နေရာတစ်ခုမှာ CD ခွေတစ်ချပ်၊ ဂိမ်းစက်လေးတစ်ခု၊ ကြော်ငြာစာသားပါတဲ့ စာရွက်၊ မျက်စိအုပ်၊ ဂဏန်းတွက်စက်ကလေးနဲ့ သစ်သားတုံး တွေပါပါတယ်။ ColorOS 7 ကို တရုတ်နိုင်ငံ ဘေကျင်းမြို့၊ နိုဝင်ဘာ ၂၀ တရုတ်စံတော်ချိန် နေ့လယ် ၂နာရီခွဲ (မြန်မာစံတော်ချိန် နေ့လယ် ၁နာရီ) မှာမိတ်ဆက်သွားမှာဖြစ်ပါတယ်။

Poster ကနေအဓိပ္ပါယ်ကောက်ကြည့်မယ်ဆိုရင် ColorOS 7 ဟာ ရိုးရိုးရှင်းရှင်းဖြစ်တဲ့ UI ကိုအသုံးပြုလာနိုင်ဖွယ်ရှိပါတယ်။ ပြီးရင် CD ပြားလေးပေါ့မှာရေးထားတဲ့စာဟာ “အစမှအဆုံးသို့) ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပြီး AE ဆိုတာစာလုံးပါပါတယ်။ AE ဆိုတာ After Effects လို့ခေါ်တဲ့ Video/Animation Sotftware ကိုပြောတာဖြစ်ပါတယ်။ ဒီဟာကိုစဉ်းစားကြည့်မယ်ဆို ColorOS အသစ်မှာ Video Editing နဲ့ပက်သက်တဲ့ လုပ်ဆောင်မှုအသစ်တွေပါလာနိုင်မလားပေါ့။

နောက်တစ်ခုကတော့ မျက်စိအုပ် Eye Mask လေးပါ။ အဲ့တာကိုခန့်မှန်းကြည့်မယ်ဆိုရင် မျက်စိအမြင်အာရုံနဲ့ ဆိုင်တဲ့ လုပ်ဆောင်မှု အသစ်တစ်ခုခု ဥပမာ- Dark Mode တို့၊ Screen Timeတို့၊ Sleep Timeတို့အစရှိတဲ့ လုပ်ဆောင်ချက်တွေကိုဆိုလိုတာဖြစ်နိုင်ပြီး ColorOS 7 မှာမြင်တွေ့နိုင်ဖွယ်ရှိပါတယ်။
ဂိမ်းစက်လေးကတော့ ရှင်းပါတယ်။ ColorOS 7 မှာ Gaming Experience နဲ့ပက်သက်တဲ့ လုပ်ဆောင်ချက်အသစ်တွေပါလာနိုင်ပါတယ်။ ColorOS 6 မှာလည်း Game Boost, Game Space, Game Assistant တို့လို Feature ပါပြီးဖြစ်တာကြောင့် ဒီ Gaming Feature အသစ်ဟာ ဘာဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

ဂဏန်းတွက်စက်ကတော့ အသုံးဝင်တဲ့ Utility Tool တစ်ခုခုကိုဆိုလိုတာဖြစ်နိုင်ပါတယ်။ ခု ColorOS 7 မှာဘယ်လိုတွေဆန်းသစ်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ။
Poster ထဲက စာရွက်လေးပေါ်မှာ “ဆေးစာအဟောင်းက ရောဂါသစ်ကို မကုနိုင်ဘူးလား” “နည်းသစ်တွေနဲ့ လာတာပေါ့” ဆိုတဲ့စာသားလေးဟာလည်း ColorOS 7 ဟာ အဟောင်းတွေကနေထွက်ပြီး ဘယ်လိုအသစ်တွေနဲ့မိတ်ဆက်မလဲဆိုတာကိုစိတ်ဝင်စားအောင် ဖော်ပြနေပါတယ်။ ဒါ့အပြင် Oppo ကလည်း ColorOS 7 ရဲ့ Teaser Video လေးကိုတင်ခဲ့ပါသေးတယ်။
ဒါတွေအားလုံးရဲ့အဖြေကို နိုဝင်ဘာလ ၂၀ မှာသိရှိရတော့မှာဖြစ်ပြီး ColorOS 7 ကိုဘယ်ဖုန်းတွေမှာ ရမလဲဆိုတာပွဲရက်မှာကြေညာသွားမှာဖြစ်ပါတယ်။
Source: IT Home ၊ First Post