ကမ္ဘာ့ပထမဆုံး 108MP Penta Camera သုံးထားတဲ့ Mi CC9 Pro ကို မိတ်ဆက်လိုက်ပြီ
မထွက်ခင်ကတည်းက Penta Camera System သုံးမယ်ဆိုပြီး တစ်နေ့တစ်မျိုး နည်းနည်းချင်းစီ ကြွားလုံးထုတ်နေတဲ့ Xiaomi ဟာ နိုဝင်ဘာ ၅ရက်နေ့ မှာပဲ Xiaomi Mi CC9 Pro ကို တရားဝင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
အရင်ဆုံး Highlight လုပ်ချင်တာကတော့ သူ့ရဲ့ Camera ဖြစ်ပါတယ်။ Xiaomi Mi CC9 Pro/ Note 10 ဟာ 108MP Penta-camera System ကိုသုံးထားတာဖြစ်ပြီး 108MP ရှိတဲ့ Primary Shooter ၁ခု၊ 12MP ရှိတဲ့ Telephoto Lens ၊ 8MP ရှိတဲ့ Telephoto Lens ၁ခု၊ 20MP ရှိတဲ့ Ultra-wide Camera ၁လုံးနဲ့ 5MP ရှိတဲ့ 5x Zoom Camera နဲ့အတူ Macro Sensor တစ်လုံးပါဝင်ပါတယ်။

108MP Primary Camera ဟာ f/1.69 Aperture နဲ့အတူ 4-axis Optical Image Stabilisation ကိုသုံးထားတာဖြစ်ပါတယ်။ 20MP ရှိတဲ့ Ultra-wide Camera ကတော့ 117-degree အထိကျယ်တဲ့ မြင်ကွင်းကိုဖမ်းယူနိုင်မှာဖြစ်ပါတယ်။ 12MP Telephoto Lens ဟာ 2x Optical Zoom ကိုထောက်ပံ့မှာဖြစ်ပြီး 8MP Telephoto Lens ဟာ 50x အထိ Digital Zoom ကိုထောက်ပံ့ပေးမှာဖြစ်ပါတယ်။ Macro Camera လေးကတော့ f/2.4 Aperture သုံးထားပြီး အရာဝတ္တုတစ်ခုခုကို 2cm အကွာလောက်အထိ နီးနီးကပ်ကပ်ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
Selfie Camera ကလည်း 32MP Camera ကို f/2.0 Aperture နဲ့ဖြစ်ပြီး ရေစက်ပုံစံ Notch ထဲမှာထည့်ထားတာဖြစ်ပါတယ်။ တခြား ပြိုင်ဘက်တွေဖြစ်တဲ့ Google တို့ Huawei တို့လိုပဲ Xiaomi ကလည်း သူ့ရဲ့ Selfie Camera မှာ Low-Light Mode ကိုထည့်သွင်းထားပါတယ်။
Rear Camera ဘက်မှာဆိုရင် 4K Video ကို 30fps နဲ့ရိုက်နိုင်မှာဖြစ်ပြီး Slo-mo HD Video ကို 960fps အထိရိုက်ယူနိုင်မှာဖြစ်ပါတယ်။ ပြီးရင် Protrait Blur ကိုကိုယ့်စိတ်ကြိုက်ပြင်လို့ရတဲ့ Feature နဲ့ Night Mode တို့လည်းပါဝင်လာမှာဖြစ်ပါတယ်။

Xiaomi ဟာ သူ့ရဲ့ Camera က DxOMark 121 မှတ်ရရှိခဲ့တာကိုလည်း ထုတ်ပြောခဲ့ပါတယ်။ ဒီအမှတ်ဟာ Camera ပိုင်းမှာ အတော်ချီးကျူးခံထားရပြီးဖြစ်တဲ့ Huawei Mate 30 Pro နဲ့သွားတူနေပါတယ်။ Video Score ဟာ 102 ရှိပြီး Photo Score ကတော့ 130 ရှိပါတယ်။
နောက်ထပ် Highlight တွေအနေနဲ့ Display ဟာ 6.47-inch ရှိတဲ့ Dual Curved OLED Screen (1080px x 2340px) ကိုသုံးထားပြီး Pixel Density ဟာ 398ppi အထိရှိပါတယ်။ Brightness ဟာအမြင့်ဆုံးအနေအထားမှာဆို 600nits ရှိတဲ့အတွက် နေရောင်အောက် အပြင်ဘက်မှာ ကောင်းကောင်းမွန်မွန်မြင်ရမှာဖြစ်ပါတယ်။
Display အောက်မှာတော့ In-display Fingerprint Sensor ပါဝင်ပါတယ်။ Xiaomi ဟာ သူတို့ဒီဖုန်းမှာသုံးထားတဲ့ Fingerprint Sensor ဟာ ကမ္ဘာ့ပထမဆုံး Ultra-thin Optical In-display Sensor သုံးထားတယ်ဆိုပြီး ဂုဏ်ယူလျက်ရှိပါတယ်။ ဒီ Sensor ဟာ အလင်းများတဲ့အခါ၊ အပူချိန်အရမ်းနိမ့်တဲ့အခါ၊ လက်က အရမ်းခြောက်ကပ်နေတဲ့အခါမျိုးတွေမှာတောင် လွယ်လွယ်ကူကူ Unlock လုပ်နိုင်မယ်လို့ဆိုထားပါတယ်။

Processor ကတော့ octa-core Qualcomm Snapdragon 730G ကိုသုံးထားပြီး RAM ကတော့ 6GB နဲ့ 8GB နှစ်မျိုးသုံးထားပါတယ်။ Internal Storage အနေနဲ့ 128GB နဲ့ 256GB ဆိုပြီးနှစ်မျိုးလာမှာဖြစ်ပါတယ်။ SD ကဒ်တော့ ထပ်စိုက်လို့မရပါဘူး။ Battery Capacity ကတော့ 5,260mAh ဖြစ်တဲ့အတွက် အတော်ကြီးတဲ့ Battery Pack ပါပဲ။ ဒီလို Battery Pack ကြီးကြီးကို အားကောင်းကောင်းသွင်းနိုင်မယ့် 30W Fast Charging ကိုလည်းထောက်ပံ့မှာဖြစ်ပါတယ်။
Xiaomi Mi CC9 Pro/Note 10 ဟာ 4G LTE ကိုပဲအသုံးပြုထားတာဖြစ်ပြီး Wi-Fi 802.11a/b/g/n/ac, Bluetooth 5.0, GPS / A-GPS, Galileo နဲ့ GLONASS စတဲ့ Connectivity Feature တွေပါဝင်လာမှာဖြစ်ပါတယ်။ သတင်းကောင်းတစ်ခုက Mi CC9 Pro ဟာ 3.5mm Headphone Jack ကိုထည့်ထားပေးပါသေးတယ်။ Charging နဲ့ File Transfer အတွက်ကိုတော့ USB Type-C အပေါက်သုံးထားပါတယ်။

ဈေးနှုန်းတွေအနေနဲ့
6GB+128GB Base Model အတွက် CNY2,799 (မြန်မာငွေ ၆သိန်းကျော်)
8GB+128GB အတွက် CNY3,099 (မြန်မာငွေ ၆သိန်းခွဲကျော်)
8GB+256GB အတွက် CNY3,499 (မြန်မာငွေ ၇သိန်းခွဲကျော် ဆိုပြီး တရုတ်နိုင်ငံမှာစတင်ရောင်းချမှာဖြစ်ပါတယ်။
အရောင်တွေအနေနဲ့ Magical Green (မှော်စိမ်း) Dark Night Phantom (ညနက်) နဲ့ Snow Aurora (နှင်းနု) ဆိုပြီး သုံးရောင်ရှိပါတယ်။
Xiaomi အနေနဲ့ Mi CC9 Pro ကို နိုဝင်ဘာ ၆ ရက် ကနေစပြီး တရုတ်နိုင်ငံမှာ စတင်ဖြန့်ချိမှာဖြစ်ပါတယ်။ ပြည်ပကို ဘယ်အချိန်မှာ စပြီးဖြန့်ချိမလဲဆိုတာကိုတော့ မသိရသေးပါဘူး။
ခုဆိုရင် Xiaomi ကတော့ သူတို့ရဲ့ပထမဆုံး 108MP Camera သုံး Smartphone ကိုမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Samsung ကလည်းပဲ ကောလဟာလတွေအရ Galaxy S11 မှာ 108MP Camera ကိုအသုံးပြုမယ် ဆိုပြီး သိရပါတယ်။
Source: India Today ၊ Android Authority