108MP Camera နဲ့မြင်ရဖို့ရှိတဲ့ Samsung Galaxy S11

Xiaomi ဟာ နိုဝင်ဘာ ၅ ရက်နေ့မှာ ကမ္ဘာ့ပထမဆုံး 108MP စမတ်ဖုန်း ထုတ်တော့မယ်လို့ ပြောနေချိန်မှာပဲ Samsung လည်း အားကျမခံ အသုံးပြုလာတော့မယ် ထင်ပါတယ်။

Samsung နဲ့ပတ်သက်တဲ့ ပေါက်ကြားမှုတွေမှာ အားကိုးရတဲ့ Twitter ပေါ်က @UniverseIce ဆိုသူဟာ “Galaxy S11 မှာ 108MP Camera Sensor အသစ်သုံးဖို့ ဖြစ်နိုင်ချေများတယ်” ဆိုပြီး နိုဝင်ဘာ ၄ရက်မှာ တင်ခဲ့ပါတယ်။

https://platform.twitter.com/widgets.js

108 MP ISOCELL sensor ဟာ Xiaomi နဲ့ Samsung ကနေအတူပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒီနှစ် သြဂုတ်မှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

နောက်ထွက်မယ့် Galaxy S11 ဟာ Camera Sensor အသစ်ကိုသုံးဖို့ များပါတယ်။ 108MP Sensor ဟာ Pixel တစ်ခုကို 0.8 μm ရှိပြီး DSLR နဲ့ရိုက်လို့ထွက်လာတဲ့ ပုံမျိုးတွေကို ဖမ်းယူနိုင်မှာဖြစ်ပါတယ်။

Sensor အသစ်ဟာ Smart ISO ဆိုတဲ့လုပ်ဆောင်ချက်ပါလာမှာဖြစ်ပြီး လင်းလင်း မှောင်မှောင် ရုပ်ထွက်ကောင်းတဲ့ ပုံရိပ်တွေကို ဖမ်းယူပေးနိုင်မှာဖြစ်ပါတယ်။ ပြီးရင် ဒီ Camera Sensor ဟာ 6K (6016px x 3384px) ရုပ်ထွက်ကိုမှ 30fps အထိ Video Recording ကိုထောက်ပံ့နိုင်မှာဖြစ်ပါတယ်။

Megapixel များတိုင်းတော့ ရုပ်ထွက်ကောင်းတယ်လို့ တသမတ်ထဲသတ်မှတ်လို့မရပါဘူး။ Google ရဲ့ Pixel နဲ့ Apple ရဲ့ iPhone 11 မှာဆို 12MP Camera Sensor ကိုသုံးထားပေမယ့်လည်း အကောင်းဆုံး Smartphone Camera တွေအဖြစ်ချီးကျူးခြင်းခံထားရတာကို တွေ့မှာပါ။

အဓိကက Camera ကို Software နဲ့ဘယ်လိုပိုကောင်းအောင် လုပ်နိုင်သလဲဆိုတဲ့အပေါ်မှာမူတည်ပြီး အရည်အသွေးကွာသွားတာပါပဲ။ 108MP Camera သုံးပြီး Software Optimisation ကိုကောင်းကောင်း ကိုင်တွယ်နိုင်ရင်တော့ Killer တောင်ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ Samsung ဟာခုလက်တလောထွက်ထားတဲ့ Pixel နဲ့ iPhone တို့နဲ့ယှဉ်ရင် Low Light Photography မှာ အနည်းငယ်အားနည်းနေတာကိုတွေ့ရပါတယ်။

Samsung Galaxy S11 ဟာ Rumor တွေအရဆိုရင် Snapdragon 865 နဲ့ Exynos 9830 ကိုအသုံးပြုဖွယ်ရှိပါတယ်။ Samsung ဟာ သိပ်မကြာသေးခင်ကပဲ Exynos 990 Chipset အသစ်ကိုမိတ်ဆက်ခဲ့တယ်ဆိုပေမယ့် Samsung Galaxy S11 မှာ Exynos 990 ကိုသုံးဖို့ ရာနှုန်းနည်းတယ်လို့လည်းဆိုထားပါတယ်။

Samsung Galaxy S11 ကို ဇန္နဝါရီမှာ ကျင်းပမယ့် Consumer Electronics Show (CES 2020) မှာမိတ်ဆက်ပြီး Mobile World Congress (MWC 2020) မှာပွဲထုတ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Source: First Post

Previous
Previous

အသွင်တစ်မျိုးနဲ့ ဆန်းသစ်ဦးမယ့် ColorOS 7

Next
Next

တစ်စုတစည်းတည်း သုံးနိုင်တော့မယ့် All-In-One Office App