ပိုပြီး ရှင်းလင်းသွားတဲ့ Facebook ကုမ္ပဏီရဲ့ Logo အသစ်

Facebook ဟာ ကုမ္ပဏီတစ်ခုအနေနဲ့  ၂၀၀၄ ကတည်းက ရပ်တည်လာတာ အခုဆိုရင်တော့ ၁၅နှစ် ကျော်ပြီလို့ ပြောနိုင်ပါတယ်။ အရင်ကတော့ Facebook တစ်ခုပဲပိုင်ဆိုင်ခဲ့တာဆိုမယ့် အခုဆိုရင် Instagram, Whatsapp တွေအပြင် Oculus, Facebook Portal စတာတွေပါ ပိုင်ဆိုင်နေတဲ့ အဖွဲ့အစည်းကြီး ဖြစ်နေပါပြီ။

ဒီလို ပါဝင်မှုတွေအားလုံးကို ဖော်ပြနိုင်ဖို့ Company Branding Image အသစ်ပြင်ဆင်ခဲ့ပါတယ်။  Logo အသစ်မှာဆိုရင် Facebook ဆိုတဲ့ မိခင်ကုမ္ပဏီကြီးကို ကိုယ်စားပြုတာဖြစ်ပြီး အရောင်အမျိုးမျိုးနဲ့ သူတို့ရဲ့ Brand တွေကို ကိုယ်စားပြုထားပါတယ်။

ဒါကို ပေါ်လွင်စေဖို့ Facebook အတွက် အပြာ၊ WhatsApp အတွက် အစိမ်းနဲ့ Instagram အတွက် အပန်းအရောင်တွေနဲ့ ကိုယ်စားပြု ဖော်ပြလိုက်တာဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ Whatsapp ၊ Instagram နဲ့ Facebook ၃ မျိုးကို A Group of Company ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဖော်ပြလိုက်ပြီး ရိုးရှင်းစွာနဲ့ပဲ Designed for Clarity လို့ Facebook သုံးနှုန်းလိုက်ပါတယ်။

Facebook ကုမ္ပဏီ ရဲ့ Logo အသစ်ကို မြင်လိုက်တာနဲ့ Facebook ဆိုတာဟာ Social Network တစ်ခုတည်းနဲ့ဆိုင်တဲ့ ကုမ္ပဏီမဟုတ်တော့ဘူးဆိုတာကို သိသာစေချင်လို့လည်း ပါပါတယ်။

Facebook ဟာလွန်ခဲ့တဲ့ လအနည်းငယ်ကတည်းကနေစပြီး Instagram နဲ့ WhatsApp မှာ “From Facebook”  စာသားအသုံးပြုခဲ့ပြီး အခုဆိုရင် ပိုပြီးပြည့်စုံတဲ့ Logo အသစ်နဲ့ ဖော်ပြတော့မှာဖြစ်ပါတယ်။

နောက်ကျရင် Facebook ကုမ္ပဏီကနေလုပ်တဲ့ Marketing Campaign တွေမှာလည်း “Facebook” ဆိုတဲ့အပြာရောင်စာလုံးအစား ဒီ Logo အသစ်ကိုပဲအသုံးပြုသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Source: Facebook NewsroomThe Verge

Previous
Previous

တစ်စုတစည်းတည်း သုံးနိုင်တော့မယ့် All-In-One Office App

Next
Next

IPad တွေမှာ Adobe Photoshop ကို အသုံးပြုနိုင်ပြီ