IPad တွေမှာ Adobe Photoshop ကို အသုံးပြုနိုင်ပြီ

Adobe Photoshop ဟာ Creative Graphics Designer တွေအတွက် နိဗ္ဗာန်လိုပါပဲ။ Computer Software တွေရဲ့ Design Category မှာ အမြဲထိပ်လိုက်နေတာ ဆယ်စုနှစ်လောက်ရှိနေပြီဖြစ်တဲ့ Photoshop ဟာ ခုတစ်ခါမှာတော့ iPad ဆီကိုလည်း ရောက်ရှိလာပြီဖြစ်ပါတယ်။

Adobe ဟာ ၂၀၁၈ နှစ်ကုန်ကတည်းက Adobe Photoshop CC ကို iPad တွေအတွက် Full Version ကို ၂၀၁၉ မှာမိတ်ဆက်ပါမယ်ဆိုပြီး ပြောဆိုသွားပါတယ်။ iPad မှာလည်း Desktop မှာသုံးရသလိုပဲ Main Functionality တွေနဲ့ စုံစုံလင်လင်အသုံးပြုနိုင်မယ်လို့ ဆိုသွားပါတယ်။

Photoshop for iPad မှာဆိုရင် PSD File တွေကို ကိုယ့် iPad မှာပဲ ချက်ချင်းဖွင့်နိုင်မှာဖြစ်ပြီး Photoshop ရဲ့ Standard Image Editing Tools, တွေ Layers တွေကိုလည်းစီမံနိုင်မယ့် Support နဲ့ Photoshop Desktop Version မှာပါသလို Toolbarတွေအတိုင်း iPad Version မှာလည်း မြင်တွေ့ရမှာပါလို့ဆိုပါတယ်။ ဒါ့အပြင် iPad မှာရေးဆွဲထားတဲ့ PSD တွေကို Desktop ပေါ်ပြောင်းပြီး အလွယ်တကူ ဆက်လက်ရေးဆွဲနိုင်မှာဖြစ်ပါတယ်။

Adobe ပြောသလိုဆိုရင် iPad Version မှာသုံးထားတဲ့ Code တွေဟာ Desktop Version က Code တွေကိုပဲအခြေခံထားတာ ဖြစ်တာကြောင့် Editing Performance လျော့မကျဖို့ အာမခံပါတယ်လို့လည်း ဆိုပါတယ်။ Adobe ဟာ Photoshop for iPad ကို ၂၀၁၉ မေလ ကတည်းက Beta Tester တွေအတွက်ထုတ်ထားတာဖြစ်ပြီး ယခု နိုဝင်ဘာလဆန်းမှာတော့ တရားဝင် App အနေနဲ့ Apple App Store မှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Photoshop for iPad ဟာ Subscription Service အနေနဲ့လာမှာဖြစ်ပြီး Desktop မှာ Photoshop Membership Subscription ရရှိပြီးသူတိုင်း iPadOS 13.1 နဲ့အထက်မှ သုံးလို့ရမှာဖြစ်ပါတယ်။ အခုမှစသုံးတဲ့သူတွေအနေနဲ့ကတော့ တစ်လကို $13.49 ကျသင့်မှာဖြစ်ပါတယ်။

Photoshop ဟာ Designer တွေအကြား ရေပန်းစားထားတာဖြစ်ပါတယ်။ အခုဆိုရင် Tocuh Experience အပြည့်အဝ နဲ့အသုံးပြုနိုင်တော့မှာဖြစ်တဲ့အတွက် iPad ကို Graphics Designer တစ်ယောက်အနေနဲ့ အသုံးပြုသူဆိုရင်တော့ ဒီ App ကိုလည်း အကြိုက်တွေ့မှာသေချာပါတယ်။

Previous
Previous

ပိုပြီး ရှင်းလင်းသွားတဲ့ Facebook ကုမ္ပဏီရဲ့ Logo အသစ်

Next
Next

Motorola ရဲ့ Comeback အဖြစ်မြင်တွေ့ရတော့မယ့် 2019 Moto Razr