Motorola ရဲ့ Comeback အဖြစ်မြင်တွေ့ရတော့မယ့် 2019 Moto Razr

အချိန်အတော်ကြာ တိတ်ဆိတ်နေတဲ့ Motorola ဟာအခုတစ်ခါမှာတော့ လူတွေကိုအံ့အားသင့်သွားစေမယ့် Product နဲ့ Comeback လုပ်တော့မှာဖြစ်ပါတယ်။ Motorola ဟာဒီတစ်ခေါက် Comeback မှာတော့ Foldable Smartphone ဖြစ်တဲ့ 2019 Moto Razr (v4) နဲ့ ပွဲထုတ်တော့မှာဖြစ်ပြီး ဒီအကြောင်းကို Tech Area အနှံ့အပြားမှာ တွေ့ရှိနေရပြီဖြစ်ပါတယ်။

2019 Moto Razr (v4) ဟာ Iconic Moto Razr Flip Phone (v3) ကို Redesign လုပ်ထားပြီး Samsung ရဲ့ Galaxy Fold နဲ့ Huawei ရဲ့ Mate X တို့နဲ့အပြိုင် Foldable Clamshell Smartphone အနေနဲ့မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဒီ Form Factor ဟာ Samsung ရဲ့ Concept အသစ်လိုပဲ Flip Phone တစ်ခုအနေနဲ့ အလုပ်လုပ်မှာဖြစ်ပါတယ်။

ပေါက်ကြားထားတဲ့ Rumors တွေအရ 2019 Moto Razr ဟာ 876px x 2142px Resolution ရှိတဲ့ 6.2-Inch OLED Display ကိုသုံးထားပြီး ဖုန်းရဲ့အလယ်ပိုင်းနေ ခေါက်လို့ရမှာဖြစ်ပါတယ်။ Display ရဲ့ထိပ်မှာတော့ Notch တစ်ခုရှိနိုင်ပြီး အောက်ဘက်မှာတော့ ထူထဲတဲ့ Chin ကြီးတစ်ခုရှိမှာဖြစ်ပါတယ်။ ဖုန်းရဲ့ ပင်မကိုယ်ထည်ကတော့ ပါးလွှာမှာဖြစ်ပြီး Battery နဲ့ Fingerprint Sensor ကိုတော့ Chin မှာထည့်ထားလိမ့်မယ်လို့ ဆိုပါတယ်။

ဖုန်းကို ခေါက်ပြီးပိတ်လိုက်တဲ့အခါမှာတော့ အပြင်ဘက်မှာ 600px x 800px ရှိတဲ့ Display အသေးတစ်ခုပါမှဖြစ်ပါတယ်။ ဒီ Display ကို Secondary Display အဖြစ်သုံးမှာဖြစ်ပြီး Renders တွေအရဆိုရင် Notifications တို့၊ Selfies တို့ကို မြန်မြန်ဆန်ဆန်ရိုက်နိုင်ဖို့နဲ့ Media Controls တွေအတွက် အသုံးပြုနိုင်ဖွယ်ရှိပါတယ်။ Galaxy Fold နဲ့ Mate X တွေလို ခေါက်ထားရင် ရှည်မျောမျော ဖြစ်နေမှာမဟုတ်ဘဲ အိတ်ထောင်ထဲကို လွယ်လွယ်ကူကူထည့်လို့ရတဲ့ အရွယ််အစားဖြစ်မှာပါ။

Specs ပိုင်းမှာဆိုရင်တော့ Rumors တွေအရ Snapdragon 710 Chipset၊ 4GB RAM နဲ့ အတူ Storage က 64GB  ကနေစတင်ပြီး လာလိမ့်မယ်လို့ဆိုထားပါတယ်။ ပိုမြင့်တဲ့ Model တွေအနေနဲ့ 6GB ကို 128GB နဲ့လာနိုင်ပါတယ်။ Battery ကတော့ 2730mAh နဲ့လာနိုင်ပါတယ်လို့ ဆိုထားပါတယ်။ Main Camera အနေနဲ့ကတော့ 12MP ရှိတဲ့ Single Camera နဲ့ 8MP ရှိတဲ့Selfie Camera ကို သုံးနိုင်ဖွယ်ရှိပါတယ်။

Moto Razr ဟာ Snapdragon 710 ကိုပဲသုံးထားတာဖြစ်တဲ့အတွက်ကြောင့် Entry Price ဟာ အခြား Foldable ဖုန်းတွေထက်တော့ သက်သာလိမ့်မယ်လို့မျှော်လင့်ထားပြီး $1,500 (မြန်မာငွေ သိန်း၂၀ကျော်) နဲ့စတင်ရောင်းချဖွယ်ရှိတယ်လို့ဆိုပါတယ်။​

လက်ရှိအချိန်မှာ Samsung ရဲ့ Galaxy Fold ဟာ $2,200 (မြန်မာငွေ သိန်း၃၀ကျော်) နဲ့ ဈေးကွက်ထဲရောက်နေပြီဖြစ်ပြီး Huawei ရဲ့ Mate X ကတော့ $2,600 (မြန်မာငွေ သိန်း၄၀နီးပါး) နဲ့ နိုဝင်ဘာလထဲမှာ ရောင်းချဖို့အစီအစဉ်ရှိပါတယ်။

Source: The Next WebIndia TodayGSM Arena

Previous
Previous

IPad တွေမှာ Adobe Photoshop ကို အသုံးပြုနိုင်ပြီ

Next
Next

TikTok ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမယ့် Jianguo Pro 3