တစ်စုတစည်းတည်း သုံးနိုင်တော့မယ့် All-In-One Office App

လက်ရှိချိန်ထိ Microsoft Office ဟာ PowerPoint, Excel, Word ဆိုပြီး Android နဲ့ iOS အတွက် သီးသန့်  App ထုတ်ထားပြီးဖြစ်ပါတယ်။ ဒါဟာ Computer User တွေအတွက်တွေသာမကတော့ပဲ Mobile User တွေအတွက် Document Managment ကိုပိုမိုထိရောက် လွယ်ကူစေခဲ့ပါတယ်။ ဒီနေ့မှာတော့ Microsoft ဟာ ဒီ Apps တွေအားလုံးကို App တစ်ခုထဲမှာပဲ စုစည်းပြီးတော့ Office ဆိုတဲ့ App အနေနဲ့ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အရင်ကဆိုရင် သီးသန့် Apps တွေခွဲထွက်နေတဲ့အတွက် စာစီချင်တယ်ဆိုရင် Word, Presentation ပြင်ချင်တယ်ဆို PowerPoint, စာရင်းဇယားတွေလုပ်ချင်တယ်ဆို Excel ဆိုပြီး သီးသီးသန့်သန့်အသုံးပြုနေရပါတယ်။ သုံးခုလုံးကို တစ်နေရာတည်းမှာ တစ်ပြိုင်နက်သုံးလို့မရတဲ့အတွက်ကြောင့် Seamless မဖြစ်ဘဲ Apps တွေနှစ်ခုသုံးခုနဲ့  Mobile Phone လို Screen သေးသေးတွေအတွက် ရှုပ်နေတယ်လို့တောင် ဆိုလို့ရပါတယ်။

ဒီ Release မှာတော့ Word ရော၊ PowerPoint ရော Excel ရောကို App တစ်ခုတည်းအနေနဲ့ပေါင်းလိုက်ပါတယ်။ ဒီပြောင်းလဲမှုအသစ်ဟာ Document တွေကို တစ်နေရာတည်းမှာ တွေ့ရမှာဖြစ်တဲ့အတွက်ကြောင့် စီမံရတာပိုလွယ်ကူသွားမယ့်အပြင် ပိုပြီး စနစ်ကျကျနဲ့ စုစုစည်းစည်းဖြစ်နေတဲ့ Microsoft Office Experienceကို ရရှိမှာဖြစ်ပါတ​ယ်။

Microsoft Office App အသစ်ဟာ App သုံးခုကို စုစည်းရုံတင်မဟုတ်ဘဲ PDF တွေကိုချက်ချင်းပြုလုပ်နိုင်မယ့်အပြင် Sign တွေကိုလည်း လွယ်လွယ်ကူကူရေးထိုးစေနိုင်မှာဖြစ်ပါတယ်။​ File Sharing ဟာလည်း အရင်ထက်ပိုလွယ်သွားပြီး မြန်လာမှာဖြစ်ပါတယ်။ Notes တွေမှတ်ဖို့အတွက်လည်း ပိုပြီး မြန်ဆန်လွယ်ကူစေတဲ့ Feature ပါလာပါတယ်။ ဒါ့အပြင် ဓာတ်ပုံရိုက်ပြီး အထဲက စာတွေကို Word Document အဖြစ်ပြောင်းတာတို့၊ ပုံထဲက စာရင်းဇယားတွေကို Excel Worksheet အဖြစ်ပြောင်းတာတို့ကိုလည်း In-App Camera ကနေလွယ်လွယ်ကူကူ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

Office App ဟာ လက်ရှိမှာတော့ Android နဲ့ iOS အတွက် Google Play Store နဲ့ TestFlight App မှာ Preview App အနေနဲ့ပဲသုံးစွဲလို့ရသေးမှာဖြစ်ပြီး Official Version ကိုမကြာခင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Android အနေနဲ့ Preview ကို ဒီ Link မှာ ဝင်ပြီး Instruction အတိုင်းလိုက်နာ သုံးစွဲနိုင်ပြီး iOS အတွက် TestFlight လို့ခေါ်တဲ့ Beta App Testing App ကနေပြီးတစ် ဒီ Link ကနေ ဝင်သုံးလို့ရပါတယ်။

(TestFlight ဟာ လူဦးရေကို ၁ သောင်း ကန့်သတ်ထားတဲ့အတွက်ကြောင့် Beta Program ကိုဝင်လို့မရနိုင်တော့ပါဘူး)

[youtube https://www.youtube.com/watch?v=QDPzKA1v32o?feature=oembed&w=480&h=270]

Source: The Next WebEngadget

Previous
Previous

108MP Camera နဲ့မြင်ရဖို့ရှိတဲ့ Samsung Galaxy S11

Next
Next

ပိုပြီး ရှင်းလင်းသွားတဲ့ Facebook ကုမ္ပဏီရဲ့ Logo အသစ်