Microsoft Edge ရဲ့ လျို့ဝှက်တဲ့ Logo အသစ်

Microsoft ရဲ့ Internet Explorer ဟာ တခြား Browser တွေနဲ့ယှဉ်ရင် အမြဲနောက်ကျနေပြီး ခဏခဏ Troll ခံရလေ့ရှိပါတယ်။ နောက်တော့ Windows 10 နဲ့အတူ Edge ဆိုတဲ့ Internet Explorer အစားထိုး Browser တစ်ခုရောက်လာပေမဲ့ Internet Explorer ကိုမှ ပိုပြီးလှအောင်ပြင်လိုက်တယ်၊ Design တွေက Flat Design ဖြစ်သွားတယ်ဆိုတာထက် ဘာမှ အသစ်ပြောစရာမရှိခဲ့ပါဘူး။

Internet Explorer နဲ့ Edge ရဲ့လက်ရှိ Icon တွေဟာ အတူတူနည်းပါးဖြစ်နေတဲ့အပြင် အဲ့ “e” ဆိုတာကြီးကိုတွေ့လိုက်ရုံနဲ့ သုံးရမှာလက်တွန့်နေတဲ့အထိကို ဖြစ်စေပါတယ်။ နောက်ပိုင်းမှာတော့ Microsoft Team ဟာ ပိုကောင်းတဲ့ Native Web Browser တစ်ခုဖြစ်ဖို့အတွက် Google ရဲ့ Chromium Engine ကိုအခြေခံပြီး ပိုကောင်းလာအောင်လုပ်နေလေ့ရှိပါတယ်။

အခုတော့ အဲ့ “e” ဆိုတဲ့ Icon ကိုအစားထိုးတော့မယ့် Icon လေးအသစ်ကို သိပ်မကြာခင်တုန်းကပဲ Microsoft ကနေထုတ်ဖော်ခဲ့ပါတယ်။ ဒီတစ်ခေါက် Logo အသစ်မှာတော့ “e” နဲ့တူတဲ့ ရေလှိုင်းလေးဖြစ်ပြီး ပိုဆွဲဆောင်မှုရှိတဲ့ အရောင်တွေနဲ့ ပေါင်းစပ်ထားပါတယ်။

ဒီ Logo ကို Microsoft ကချက်ချင်း ထုတ်ပြခဲ့တာမဟုတ်ဘဲ Microsoft ရဲ့ Easter Egg Puzzles တွေကနေတစ်ဆင့်ထုတ်ပြခဲ့တာဖြစ်ပါတယ်။ ဒီ Puzzle ဟာဆိုလွယ်လွယ်နဲ့ဖြေရှင်းရတာမဟုတ်ဘဲ 3D Object တစ်ခုအနေနဲ့ Code တွေကို Render လိုက်ခဲ့ရပြီး နှင်းလျှောစီးတဲ့ ဂိမ်းတစ်ခုကို အောင်မြင်သွားအောင်ဆော့ရတာဖြစ်ပါတယ်။ နောက်ဆုံး ဂိမ်းဆော့ပြီးသွားတော့မှ Logo အသစ်ပါတဲ့ စာကြောင်းပေါ်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ Surfing Game ကို  Microsoft Edge ကနေပြီးတော့ edge://surf ကနေတစ်ဆင့် ဝင်ဆော့လို့ရပါတယ်။

Microsoft Edge ဟာ ၂၀၁၈ ဒီဇင်ဘာမှာ Chromium Engine ကိုအသုံးပြုပြီး တည်ဆောက်တော့မှာဖြစ်ကြောင်းကြေညာခဲ့ပြီး ChrEdge ဆိုတဲ့ နာမည်နဲ့ စမ်းသပ်လျက်ရှိပါတယ်။ Icon Logo ကတော့ ပိုလှပြီး ဆန်းသစ်သွားပြီ၊ Browser ရဲ့ Performance ကရော အရင်ထက်ပိုဆန်းသစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Source: The VergeMS Power User

Previous
Previous

TikTok ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမယ့် Jianguo Pro 3

Next
Next

Mac Users တွေ အတွက်အသုံးတည့်ဆုံး Features များ