TikTok ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမယ့် Jianguo Pro 3
TikTok ဟာ Entertainment ဘက်မှာနေရာယူရတာအားမရတော့ဘဲ ခုတစ်ခါမှာတော့ သူ့ရဲ့ မိခင် Company ဖြစ်တဲ့ Bytedance ကနေပြီးတော့မိတ်ဆက်လိုက်တဲ့ ပထမဆုံး Smartphone နဲ့ ဖုန်းလောကကိုပါ ဝင်ရောက်လာပါပြီ။
ဒီဖုန်းအသစ်ကို Jianguo Pro 3 လို့နာမည်ပေးထားပြီး Smartisan ဆိုတဲ့ Bytedance ပိုင် Company ကနေထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ TikTok ကထုတ်တာဖြစ်ပေမယ့် “TikTok Phone” ဆိုပြီးတော့တော့နာမည်မပေးထားပါဘူး။ ဒါပေမယ့် TikTok Features တွေအတော်များများပါတာကို တွေ့ရပါတယ်။

သူ့ရဲ့ Specs တွေအနေနဲ့ကတော့ 6.39-Inch ရှိတဲ့ Full HD+ AMOLED Display (2280px x 1080px) နဲ့လာမှာဖြစ်ပြီး Snapdragon 855+ ကိုသုံးထားပါတယ်။ RAM ကတော့ 8GB သို့မဟုတ် 12GB (LPDDR4x) နှစ်မျိုးနဲ့ဖြစ်ပြီး 128GB နဲ့ 256GB Storage Option တွေရှိမှာပါ။
Camera ကတော့ Rear Camera မှာ Quad-camera System သုံးထားပြီး Primary Shooter က 48MP Sony IMX586 Sensor ကိုသုံးထားမှာဖြစ်ပါတယ်။ Front Camera အနေနဲ့ကတော့ 20MP Camera ကိုသုံးထားပါတယ်။ Battery အနေနဲ့ 4,000mAh နဲ့လာမှာဖြစ်ပြီး Quick Charge 4+ (18W) နည်းပညာပါလာမှာဖြစ်ပါတယ်။ 5G တော့မရပါဘူး။

Jainguo Pro 3 ဟာ TikTok ကထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့် TikTok နဲ့ဆိုင်တဲ့ Feature တွေပါလာပြီးသားဖြစ်ပါတယ်။ TikTok ကို Lock Screen ကနေပြီး တန်းဖွင့်နိုင်တာမျိုး၊ TikTok ရဲ့ Camera Effects တွေကိုသုံးပြီး အချိန် အကန့်အသတ်မရှိ ရိုက်နိုင်တာမျိုးတို့ကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ (ပုံမှန်ဆိုရင် TikTok Video တွေစာ တစ်မိနစ်ပဲ ရိုက်လို့ရပါတယ်။)
ဒီဖုန်းကိုလက်ရှိမှာတော့ တရုတ်နိုင်ငံမှာသာ ဝယ်ယူလို့ရမှာဖြစ်ပြီး CNY 2,899 (မြန်မာငွေ ၆သိန်းကျော်) ကနေစတင်ရောင်းချမှာဖြစ်ပါတယ်။ ဘယ်အချိန် မြန်မာနိုင်ငံကိုရောက်မလဲဆိုတာကိုမသိသေးတဲ့အပြင် ပြည်ပကိုတောင်တင်ပို့မလားဆိုတာကိုလည်း မသိရပါဘူး။
Source: The Next Web ၊ Hindustan Times